အလှမယ် ရွှေအိမ်စည်က မကြာခင်မှာ ကျင်းပတော့မယ့် Miss ပြိုင်ပွဲများမှာ Title ဆုရရှိထားပြီးတဲ့ အလှမယ်များ ပြန်လည် ယှဉ်ပြိုင်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများရှိသလို အားပေးမှုများလည်း ရှိနေတဲ့အပေါ်မှာ ကိုယ်လိုချင်တဲ့ အတိုင်းအတာမရောက်သေးရင် ပြိုင်ခွင့်ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အတွေ့အကြုံရှိတဲ့သူတွေက ပိုပြီးတော့ပြိုင်သင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Image တခုကြောင့် မဟုတ်ဘဲ ငါအောင်မြင်နေပြီ။ ငါမပြိုင်သင့်တော့ဘူးဆိုတဲ့ အတွေးက တော်တော်များများမှာ ရှိကြတယ်။ Title ဆုရပြီးရင် ပြိုင်ချင်စိတ် မရှိကြတော့ဘူး။ ငါနဲ့သင့်တော်ပါ့မလား ဆိုတဲ့စိတ်ရှိကြတယ်လေ။ အဲဒီစိတ်တွေ ဝင်လို့လည်း အိမ်စည်တို့ ဆီကနေ ကောင်းမွန်တဲ့သူတွေ ထွက်လာဖို့ တန့်နေတာလို့ မြင်တယ်”
“ဘာလို့လဲ ဆိုရင် အတွေ့အကြုံတခု အတိုင်းအတာ တခုထိ ကြာသွားတဲ့အခါမှာ လူတယောက်ကတန့်မနေဘဲ ဆက်ပြိုင်သင့်တယ်လို့ ထင်တယ်။ ကောင်းပါတယ်။ သဘောကျပါတယ်”လို့ အလှမယ် ရွှေအိမ်စည်က ပြောပါတယ်။
ဆုရရှိခဲ့ဖူးတဲ့ အလှမယ်များ ပြန်လည် ယှဉ်ပြိုင်တဲ့အခါမှာ တချို့က မျိုးဆက်သစ်များကို နေရာမပေးဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း တချို့ပွဲတွေမှာ ရှိနေပါတယ်။
ဒါနဲ့ ပတ်သက်လို့ ရွှေအိမ်စည်က “အဲဒီ Concept (အယူအဆ) ကို မှားယွင်းတယ်လို့ ထင်တယ်။ ဘာလို့လဲ ဆိုတော့ ၁ ပွဲ ပြိုင်တယ်။ ၂ ပွဲ ပြိုင်တယ်။ ၃ ပွဲ ပြိုင်တယ်။ ကိုယ်ပြိုင်လာတဲ့အခါမှာ အတွေ့အကြုံရနေပြီ။ ကိုယ်လိုချင်တဲ့ အတိုင်း အတာတခုထိ မရောက်သေးရင်တော့ ဒီလူမှာပြိုင်ခွင့်ရှိတာပဲလေ။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း အခွင့် အရေးရှိပါတယ်။ ဒီလူဝင်ပြိုင်လိုက်လို့လည်း သူတို့ဘာမှ နစ်နာသွားတာလို့ မထင်ဘူး။ ကြိုးစားရင် ကြိုးစားသလောက်ရ မှာပဲလေ” လို့ ပြောပါတယ်။
ရွှေအိမ်စည်အနေနဲ့လည်း Miss ပြိုင်ပွဲများစွာကို ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး နောက်တက်လာမယ့် အလှမယ်များကိုလည်း အားပေးလျက်ရှိတယ်လို့ ပြောပါတယ်။ ရွှေအိမ်စည်ကတော့ ယခုနောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းကို ခြေလှမ်းလာခဲ့ပြီး ရုပ်ရှင်ရိုက်ကူးမှုအနေနဲ့ ရုပ်ရှင်ဇာတ်ကား ၃ ကား ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
အလှမယ် တယောက် အနေနဲ့ သရုပ်ဆောင်လုပ်ရတဲ့အခါမှာ အတွေ့အကြုံနဲ့ပတ်သတ်ပြီး “သရုပ်ဆောင်ရတာ ခက်တယ်။ အိမ်စည်က သိပ်စိတ်မရှည်တဲ့သူ ဆိုတော့ ညှိနှိုင်းရတာ နည်းနည်းများတော့ ခက်ခဲတယ်လို့ မြင်တယ်။ သရုပ်ဆောင်ပိုင်းမှာ သိပ်အားမသာဘူး ဆိုတာကလွဲလို့ ကျန်တာအဆင်ပြေပါတယ်။ အိမ်စည်နဲ့ လိုက်တဲ့ ကာရိုက်တာပေါ့။ အိမ်စည်က အများကြီးနဲ့မှ မလိုက်တာ။ အိမ်စည်နဲ့လိုက်တဲ့ ကာရိုက်တာအချို့ အိမ်စည်နဲ့လိုက်ရင် ရိုက်လိုက်တယ်”လို့ ရွှေအိမ်စည်က ပြောပါတယ်။
The post “ကိုယ်လိုချင်တဲ့ အတိုင်းအတာ မရောက်သေးရင် Miss ထပ်ပြိုင်ခွင့်ရှိတယ်” ဆိုတဲ့ ရွှေအိမ်စည် appeared first on ဧရာဝတီ.