Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“International Travel Blogger တယောက် ဖြစ်ချင်တယ်”ဆိုတဲ့ အလှမယ် အိကျော့ခိုင်

$
0
0

Miss Myanmar World 2017 ဆုရှင် အလှမယ် အိကျော့ခိုင်ကတော့ လက်ရှိမှာ Travel Blogger တယောက်အနေနဲ့ ခရီးတွေ သွားဖြစ်နေပြီး နောက်ပိုင်းမှာလည်း International Travel Blogger တယောက် ဖြစ်ချင်ပါတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“Travel Blogger အနေနဲ့ဆိုရင် အများကြီး ဒီထက်ပိုပြီးတော့ အောင်မြင်ချင်ပါတယ်။ ကျော့ဆိုရင် Youtube တို့ Instagram တို့က Travel Blogger တွေကို Inspire အရမ်းဖြစ်တယ်။ သူတို့ဆိုရင် million နဲ့ချီပြီးတော့ တကမ္ဘာလုံး သိကြတယ်။ International Blogger တယောက်အနေနဲ့ဖြစ်ချင်တယ်။ ကိုယ့်ရဲ့ အိမ်မက်ကတော့ တကမ္ဘာလုံးကို ခရီးသွားချင်ပါတယ်” လို့ အလှမယ် အိကျော့ခိုင်က ပြောပါတယ်။

အလှမယ် အိကျော့ခိုင်ကတော့ Travel Bloggerအနေနဲ့ ၂၀၁၆ ခုနှစ်မှစတင်ကာ Blog များကိုရေးသားခဲ့ပြီး ခရီးသွားခြင်းကို ဝါသနာပါရာမှ အစပြုကာ လုပ်ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ခရီးသွားနေတာများတယ်။ ခရီးသွားတာကတော့ Miss Myanmar World မပြိုင်ခင်ကတည်းက စလုပ်ဖြစ်တာ ဝါသနာ အရမ်းပါတယ်။ ဗီဒီယိုလေးတွေလုပ်တာ၊ စာရေးတာ၊ ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်ဆိုတော့ အဲဒါလေးကို စလုပ် ဖြစ်ခဲ့တာပေါ့။ ကိုယ့်နိုင်ငံက ခရီးသွားလုပ်ငန်းကိုလည်း အများကြီး Support လုပ်ပေးချင်တယ်။ အဲဒါက အင်္ဂလိပ်လို ရေးဖြစ်ခဲ့တဲ့ အကြောင်းအရာထဲမှာ ပါပါတယ်။ ခရီးသွားအကြောင်းတွေကို ၂၀၁၆ခုနှစ် ကတည်းက ရေးတာဆိုတော့ ၂နှစ်လောက်တော့ရှိပြီ ”လို့ အလှမယ် အိကျော့ခိုင်က ပြောပါတယ်။

Travel Blogger တယောက်အနေနဲ့ လုပ်ကိုင်ရင်း အတွေ့အကြုံအနေနဲ့ ယခုနှစ်အတွင်းမှာ ပြုလုပ်တဲ့ အာဆီယံမှ Travel Blogger များနဲ့ ခရီးသွားခွင့် ရရှိခဲ့ပြီး အတွေ့အကြုံအသစ်များနဲ့ ဗဟုသုတများ ရရှိခဲ့တယ်လို့ ပြောပါတယ်။

“ထူးခြားတဲ့အတွေ့အကြုံကတော့ ဒီနှစ်ထဲမှာဆိုရင် အာဆီယံ Blogger တွေနဲ့ ပြည်တွင်းမှာ Professional Blogger တွေရှိတယ်။ သူတို့တွေနဲ့ ခရီးသွားခွင့်ရတယ်။ လူငယ်တယောက်အနေနဲ့ အမှတ်တရလေးပါပဲ။ ဂျူနီယာ တယောက် အနေနဲ့ စီနီယာတွေနဲ့ ခရီးသွားခွင့်ရပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေကို သိခွင့်ရတယ်။ နောက်ပြီးတော့ အာဆီယံက Blogger တွေ့လာတယ်ဆိုတော့ သူတို့ရဲ့အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ ကိုယ့်ရဲ့Travel Blogger ကို အများကြီး အထောက်အကူ ဖြစ်ပါတယ်”လို့ အလှမယ် အိကျော့ခိုင်က ဆိုပါတယ်။

အလှမယ် အိကျော့ခိုင်ကတော့ “Travelholic Diary” ဆိုတဲ့ နာမည်နဲ့ ခရီးသွားအကြောင်းအရာများကို ရေးသားနေပြီး “Miss Myanmar World 2017” ဆုကို ရရှိထားကာ မကြာခင် ကျင်းပမယ့် Miss Myanmar World 2018 ပွဲကြီးမှာလည်း ဒိုင်တဦးအဖြစ် ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

The post “International Travel Blogger တယောက် ဖြစ်ချင်တယ်”ဆိုတဲ့ အလှမယ် အိကျော့ခိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...