Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသားကြီး စတားလုံးအပေါ် စွဲချက်တင်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အမှုကို စတင်စစ်ဆေး

$
0
0

အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ် အစိုးရရှေ့နေတွေဟာ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ရာဇတ်မှုအဖွဲ့နဲ့အတူ “Rocky” ရုပ်ရှင် မင်းသားကြီး Sylvester Stallone (စတားလုံး) အပေါ် စွဲဆိုထားသော အမှုတခုကို စတင်စစ်ဆေးနေပြီ ဖြစ်တဲ့အကြောင်း ဇွန်လ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

လော့စ်အင်ဂျလိစ်ခရိုင် ရှေ့နေရုံး ပြောခွင့်ရပုဂ္ဂိုလ် Greg Risling က အသေးစိတ်ကို ပြောကြားခဲ့တာ မရှိပေမယ့် အမှုကို ကယ်လီဖိုးနီးယား ကမ်းခြေမြို့ဖြစ်တဲ့ Santa Monica မြို့ရဲတပ်ဖွဲ့ထံကို ပေးအပ်လိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

အသက် ၇၁ နှစ်အရွယ် မင်းသားကြီး Stallone ရဲ့ ကိုယ်စားလှယ်တွေကတော့ အဲဒါနဲ့ပတ်သက်လို့ မှတ်ချက်ပေး တုန့်ပြန်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ မင်းသားကြီး Stallone ရဲ့ ရှေ့နေ Martin Singer က အမျိုးသမီး တဦးဟာ လွန်ခဲ့တဲ့ ၂၇ နှစ်က ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရှေ့နေ Singer က “ကျနော့်အမှုသည်ဟာ အဲဒီအခိုင်အမာပြောဆိုမှုနဲ့ပတ်သက်လို့ အငြင်းပွားနေရပါတယ်” လို့ အဲဒီအချိန်တုန်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

Santa Monica ရဲတပ်ဖွဲ့ကတော့ သူတို့ဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ မင်းသားကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ လုပ်ဆောင်ခဲ့မှုအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ တိုင်ကြားချက်တခုကို စုံစမ်းစစ်ဆေး နေခဲ့ပါတယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

မင်းသားကြီး Stallone ဟာ အော်စကာဆုရရုပ်ရှင် “Rocky” နဲ့ ၁၉၇၆ ခုနှစ်မှာ နာမည်စတင်ကျော်ကြားလာခဲ့တာ ဖြစ်ပြီး “Rambo” နဲ့ “Rocky” နောက်ဆက်တွဲရုပ်ရှင်တွေကနေ တဆင့် ဟောလိဝုဒ်ရဲ့ နာမည်အကျော်ကြားဆုံး အက်ရှင်မင်းသား တယောက် ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ကတော့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုကို ရာဇဝတ်ကြောင်းအရ တရားစွဲ ဆိုမှုအတွက် ရှုပ်ထွေးတဲ့ ကန့်သတ်ချက်တွေ ရှိပေမယ့် ပြစ်မှုတွေကို ယေဘုယျအားဖြင့် ၁၀ နှစ် အတွင်း တရားစွဲဆိုရမှာ လည်း ဖြစ်ပါတယ်။

ဟောလိဝုဒ်အနုပညာလောကမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ဒါဇင်နဲ့ ချီတဲ့ မင်းသားတွေ၊ ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွဲချက်တွေဟာ လွန်ခဲ့တဲ့ ၈ လအတွင်းမှာ ပေါ်ပေါက်ခဲ့ပြီး တချို့ နာမည်ကျော် ပုဂ္ဂိုလ်တွေဆိုရင် သူတို့လုပ်နေတဲ့ လုပ်ငန်းတွေကနေ ဖယ်ရှားခံရတာမျိုးအထိ ကြုံတွေ့ခဲ့ရပါတယ်။

နာမည်ကျော် ထုတ်လုပ်သူ Harvey Weinstein ဟာလည်း နယူးယောက်မြို့မှာ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပြီးခဲ့တဲ့လမှာ တရားစွဲဆိုခံထားရပေမယ့် သူကတော့ အပြစ်မရှိဘူးလို့ ပြောဆိုထားပါတယ်။ ဟာသသရုပ်ဆောင် Bill Cosby ဟာလည်း ၂၀၀၄ ခုနှစ်တုန်းက အမျိုးသမီးတဦးကို ဆေးတိုက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီလမှာပဲ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရပါတယ်။

Ref:Reuters

The post မင်းသားကြီး စတားလုံးအပေါ် စွဲချက်တင်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အမှုကို စတင်စစ်ဆေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...