Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Katy Perry ကို အဓမ္မပြုကျင့်ခဲ့ဖူးခြင်း မရှိကြောင်း ဂီတထုတ်လုပ်သူ Dr. Luke ငြင်းဆို

$
0
0

နာမည်ကျော် ဂီတထုတ်လုပ်သူ Dr. Luke ရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်လို့ တရားရုံးကို ဦးတိုက် လျှောက်ထားခဲ့တဲ့ “Tik Tok” သီချင်းအဆိုတော် Kesha ရဲ့ တင်သွင်းတဲ့ အချက်တွေထဲမှာ အဆိုတော် Katy Perry နဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ အကြောင်းအရာတခု ပါရှိလာခဲ့ပါတယ်။

The Blast က ရရှိခဲ့တဲ့ နယူးယောက်မြို့မှာ Luke နဲ့ Kesha တို့ဖြစ်ပွားနေတဲ့ အသရေဖျက်မှုနဲ့ ဆိုင်တဲ့ စာရွက်စာတမ်း တွေထဲမှာ ဂီတထုတ်လုပ်သူက အဆိုတော် Kesha ကို မူးယစ်ဆေး အတင်းအသုံးပြုခိုင်းပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တဲ့ အကြောင်း စွပ်စွဲထားသလို အဆိုတော် လေဒီဂါဂါထံ ပေးပို့တဲ့ စာတိုထဲမှာ Roar သီချင်းအဆိုတော် Katy ကို အဓမ္မပြု ကျင့်တဲ့အကြောင်း ဖော်ပြထားပါတယ်။

Dr. Luke ရဲ့ တိုင်ကြားစာထဲမှာ “၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ Kesha ဟာ Stefani Germanotta လို့ခေါ်တဲ့ လေဒီဂါဂါထံကို စာတိုတစောင် ပေးပို့ခဲ့ပြီး အဲဒီစာထဲမှာ Luke က သူ့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မှားမှားယွင်းယွင်း ပြောဆိုထားပါတယ်။

Luke က “Kathryn Hudson” လို့ ခေါ်တဲ့ Katy Perry ကိုလည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ အခိုင်အမာ ပြောဆိုထား ပါတယ်။ အဲဒီစာတို ပေးပို့ပြောဆိုမှု နောက်ပိုင်းမှာတော့ Lady Gaga ဟာ Luke ရဲ့ အကြောင်းနဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းစကားတွေကို မီဒီယာရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။

ပရိသတ်တွေနဲ့ ဒီအမှုကို အာရုံစိုက်နေကြတဲ့ သူတွေကလည်း လေဒီဂါဂါထံကိုပေးပို့တဲ့ Kesha ရဲ့ စာတို သတင်းစကား ကိစ္စရပ်ကို သိရှိထားကြပေမယ့် ပါဝင်တဲ့ အချက်အလက်များကို ဘယ်သူကမှ အခုအချိန်ထိ မသိရှိခဲ့ကြပါဘူး။ Luke ကတော့ Katy Perry ရဲ့ Album တွေအတွက် အလုပ်လုပ်ပေးခဲ့ရလို့ သူဟာ ဒေါ်လာ ၁၀ သန်းလောက် ဆုံးရှုံးသွားခဲ့ ကြောင်း ပြောကြားထားပြီး Kesha ရဲ့ စွပ်စွဲချက်တွေဟာ သူ့နဲ့ နာမည်ဂုဏ်သတင်းနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အပေါ် ထိခိုက်စေတယ်လို့ ယုံကြည်ထားပါတယ်။

ဒါ့အပြင် အဆိုတော် Katy ကိုယ်တိုင်ကလည်း Dr. Luke က သူ့အပေါ်လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခဲ့တာ ရှိတယ်လို့ လူသိရှင်ကြား စွပ်စွဲခဲ့တာမျိုးလည်း မရှိသေးပါဘူး။ ဂီတထုတ်လုပ်သူနဲ့ လုပ်ငန်းသဘောသဘာဝ ဆက်ဆံရေး ဖြတ်တောက်ခဲ့ရတဲ့အကြောင်းကို မေးမြန်းရာမှာတော့ Katy က “အသိုက်ကနေ စွန့်ခွာရမှာမို့လို့ပါ” လို့ ပြန်လည် ဖြေကြားခဲ့ဖူးပါတယ်။

The Blast မီဒီယာက ရရှိထားတဲ့ စာရွက်စာတမ်း အသစ်တွေထဲမှာဆိုရင် တရားစွဲဆိုမှု တစိတ်တပိုင်း အနေနဲ့ Katy ရဲ့ ပြောကြားချက်ကို ဖြုတ်ချခဲ့ပေမယ့် သူပြောခဲ့တဲ့ အသေးစိတ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် မစုံစမ်းရသေးဘူးလို့လည်း ဆိုပါတယ်။

Ref: aceshowbiz

The post Katy Perry ကို အဓမ္မပြုကျင့်ခဲ့ဖူးခြင်း မရှိကြောင်း ဂီတထုတ်လုပ်သူ Dr. Luke ငြင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...