Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နိုင်ငံ ၃ ခု ခရီးစဉ် ဆက်သွားမယ့် “Ride On Myanmar”နဲ့ ကျော်ကျော်ဗို

$
0
0

MNTV ရုပ်သံမှာ ပြသနေတဲ့ သရုပ်ဆောင်ကျော်ကျော်ဗို ပါဝင်တဲ့ Ride On Myanmar အစီအစဉ်ကနေ ဒီတခေါက် မှာတော့ ဇွန်လအတွင်း ထိုင်း၊ မလေးရှား၊ စင်ကာပူ ၃ နိုင်ငံကို သွားရောက်ပြီး ရိုက်ကူးဖြစ်မယ်လို့ စီစဉ်သူ ဖြစ်တဲ့ Passionate Travellar Co.Ltd မှ ဒါရိုက်တာ Chrisz က ဧရာဝတီကို ပြောပြပါတယ်

“ခရီးသွား Program တော်တော်များများ လုပ်ဖို့ရှိပါတယ်။ လုပ်လည်း လုပ်နေတယ်။ လက်ရှိ Program အနေနဲ့ကတော့ ဇွန်လ ၁၆ ရက်နေ့မှာ ကိုကျော်ကျော်ဗိုနဲ့ ကျနော်တို့ ပေါင်းပြီး ဒုတိယခရီးစဉ်သွားမယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ ၃ နိုင်ငံပါ။ ၉ ရက်ကြာခရီးစဉ်ပါ” လို့ Chrisz က ပြောပါတယ်။

“ဒီခရီးစဉ်က အဲဒီ ၃ နိုင်ငံမှာရှိတဲ့ ကျနော့်မိတ်ဆွေ ခရီးသွားကုမ္ပဏီတွေက ကျနော် ရိုက်ကူးရေးတွေ လုပ်မှန်းလည်း သိတော့ သူတို့နိုင်ငံ ပရိုမိုးရှင်းမှာ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ သူတို့ကုမ္ပဏီတွေ အကျိုးတူ ပူးပေါင်းချင်တာပေါ့။ ကျဆင်းနေတဲ့ ခရီးသွားလောကကိုလည်း ပြန်ဆွဲတင်ချင်တာပေါ့။ အရင်တခေါက် Europe ခရီးစဉ်တုန်းက အောင်မြင်ခဲ့တယ်။ ဒီတခေါက် ငါတို့ဆီလာခဲ့ပါလား ဆိုပြီး မလေးရှားက ကုမ္ပဏီက စဖိတ်တာပေါ့။ ကျနော်လည်း တလက်စ တည်းနဲ့ ထိုင်းနဲ့ စင်ကာပူက ကုမ္ပဏီတွေကို လှမ်းချိတ်ကြည့်တော့ သူတို့ကလည်း လာခဲ့ပါဆိုတာနဲ့ Program ဆွဲဖြစ်သွားတာပါ” လို့ ကို Chrisz က ဆိုပါတယ်။

အရင်ဆုံး ထိုင်းခရီးစဉ်ဖြစ်ပြီး ကန်ချနာပူရီဘက်ကို သွားဖြစ်မယ်လို့ ဆိုပါတယ်။ ဒီတခေါက်သွားဖြစ်တဲ့ ခရီးစဉ်များနဲ့ ပတ်သတ်ပြီးတော့လည်း ကို Chrisz က အခုလို ဆိုပါတယ်။

“အဓိက ခရီးစဉ်ကတော့ ထိုင်းဆိုရင်လည်း ကန်ချနာပူရီမှာ သမိုင်းတွေရှိခဲ့တယ်။ အထူးသဖြင့် မြန်မာနဲ့ ပတ်သက်တာပေါ့။ ဒီနေရာကို ဘာကြောင့် သွားသင့်သလဲ။ မြန်မာနဲ့ ထိုင်းနဲ့ ဘယ်လို အဆက်အစပ်တွေ ရှိခဲ့လဲဆိုတာကိုလည်း ပြသပေးချင်တာ”

“မလေးရှားလည်း ထို့အတူပဲ မြန်မာတွေ ဟိုးအရင်က ရှိခဲ့ဖူးတဲ့ ပီနန်း၊ အဲဒီမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီးတွေ ရှိခဲ့ဖူးတယ်။ အဲဒီနေရာကို ပြန်ဖော်ထုတ်ပေးချင်တယ်။ အခုလက်ရှိမှာလည်း ဖြစ်နေတာတခုက မြန်မာနဲ့လူမျိုးရေး ပြဿနာ ဖြစ်ထားတော့ အဲဒီ ပဋိပက္ခကြားမှာ မြန်မာတွေက မလေးရှားဆို မသွားရဲတာမျိုးတွေ ရှိနေတယ်။ အဲဒါကိုလည်း ပြန်ပြီး ဆွဲတင်ချင်တာပါ” လို့ ကို Chrisz က ဆိုပါတယ်။

“စင်ကာပူကတော့ မြန်မာတွေရဲ့ ဒုတိယအိမ်လို့တောင် ပြောလို့ရတာပေါ့။ ဒါကတော့ လူတိုင်းသိထားပြီးသား ဆိုတော့ Fancy ခရီးစဉ်ပါပဲ။ မြန်မာပြည် ခရီးသွားကဏ္ဍကို တတ်နိုင်သလောက် ပြန်ဆွဲတင်ကြတာပါ” လို့ ဆိုပါတယ်။

ဒီ Programမှာ ကျော်ကျော်ဗိုနဲ့ပဲ ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီး ညီအစ်ကိုလို ဖြစ်နေတဲ့အတွက် ပုံမှန်ရိုက်ကူးဖြစ်တာလို့ ဆိုပါတယ်။ ” ကျနော်တို့ Program မှာက ပုံမှန်ခရီးသွားပုံစံ မဟုတ်ဘဲနဲ့ Adventure ဘက်ကို ဦးတည်သွားတဲ့အတွက် ကိုကြံ့ ကာရိုက်တာနဲ့က ကွက်တိကျတယ်။ ဒါကြောင့် ကိုကြံ့နဲ့ပဲ ရိုက်ဖြစ်တာပါ” လို့ ဆိုပါတယ်။

“Ride On Myanmar” လို့ နာမည်ပေးထားတဲ့ ကျော်ကျော်ဗို ခရီးသွားအစီအစဉ်ကို အပတ်စဉ် သောကြာနေ့ ည ၇ နာရီ ၂၀ မိနစ် (MNTV-Myanmar Idol မပြခင်)၊တနင်္ဂနွေနေ့ နေ့လည် ၁ နာရီ (Channel 9)၊ တနင်္ဂနွေနေ့ ညနေ ၄ နာရီ (MRTV) တို့ကနေ ဇူလိုင်လမှာ ထုတ်လွှင့် တင်ဆက်မယ်လို့ သိရပါတယ်။

The post နိုင်ငံ ၃ ခု ခရီးစဉ် ဆက်သွားမယ့် “Ride On Myanmar” နဲ့ ကျော်ကျော်ဗို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...