Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိန္ဒိယနိုင်ငံမှာ လက်မှတ်ကြိုတင် မှာယူမှု များပြားနေတဲ့ “Race 3” ရုပ်ရှင်

$
0
0

မကြာမီ ရုံတင်ပြသတော့မယ့် Race 3 ရုပ်ရှင်ကတော့ မဖြန့်ချိမီမှာပဲ ရုံဝင်ငွေစာရင်း ထိပ်ဆုံးနားကို ရောက်ရှိဖို့ တာဆူ နေပြီ ဖြစ်ပါတယ်။ ထုတ်လွှင့်ခွင့်တွေကို ငွေကြေးအလုံးအရင်းနဲ့ ရောင်းချခဲ့ပြီးနောက် ရိုက်ကူးစရိတ် အားလုံးကို မင်းသား Salman Khan က ပြန် ကာမိသွားပြီလို့ သတင်းတွေမှာ ဆိုပါတယ်။

အခုတော့ ဇွန်လ ၁၅ ရက်နေ့မှာ မဖြန့်ချိခင်မှာဘဲ လက်မှတ် အရောင်းကောင်တာတွေမှာ အဲဒီရုပ်ရှင်လက်မှတ်တွေ လက်မလည်အောင် ရောင်းချနေရတယ်လို့ ဆိုပါတယ်။

အွန်လိုင်းလက်မှတ်ရောင်းချတဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ BookMyShow မှာတော့ “Race 3” ရုပ်ရှင်ကြိုတင် လက်မှတ် အရောင်းအားဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ စတင်ရောင်းချချိန်ကတည်းက ရောင်းအားကောင်းနေတယ်လို့ ဆိုပါတယ်။ ပြီးတော့ မကြာမီ ကျရောက်တော့မယ် Eid (အိဒ်) နေ့ဟာလည်း ရောင်းအားကို ပိုတက်စေတယ်လို့ ဆိုပါတယ်။

BookMyShow မှ Ashish Saksena က “ဒီနှစ်ရဲ့ Eid ပွဲတော် အချိန်အခါဆိုတာကတော့ ရုပ်ရှင်ရုံပိုင်ရှင်တွေနဲ့ Salman Khan ရဲ့ ပရိသတ်တွေ ပိုပြီး စိတ်လှုပ်ရှားကြမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ Salman Khan ရဲ့အကြီးမားဆုံး ဖြန့်ချိမှုကို ဒီအချိန်အတွက် တန်းစီထားတာသာမက Eid ပွဲတော်ရက်ဟာ အိန္ဒိယရုပ်ရှင် လုပ်ငန်းအတွက် ၅ လကနေ ၇ လကြာ မြင့်မယ့် ရုံဝင်ငွေ အကောင်းဆုံးကာလရဲ့ အစပဲဖြစ်ပါတယ်”

“ဒါကြောင့် Race 3 ဟာ မကြာမီ ရောက်ရှိလာတော့မယ့် ကြီးမားတဲ့ ရုံဝင်ငွေ လုပ်ငန်းအတွက် လျှံပယ်မှုတွေကို တံခါးဖွင့် ပေးလိုက်တာလည်း ဖြစ်ပါတယ်။ အခု Race နောက်ဆက်တွဲ ဇာတ်လမ်းဟာ အရင်နှစ်ကား ဖြန့်ချိခဲ့ချိန် ကတည်းက ပရိသတ်တွေကြားမှာ အံ့မခန်း နာမည်ကျော်ကြားခဲ့တာပါ။ ပြိးတော့ ဒီတကြိမ် Salman Khan ရဲ့ Race 3 ကတော့ အကြီးမားဆုံး ဖြစ်မယ့် ပုံပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Race 3 ရုပ်ရှင်ဟာ နာမည်ကျော် အက်ရှင်ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံး ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ အရင် ရုပ်ရှင်တွေမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ Saif Ali Khan ရဲ့နေရာမှာ Salman Khan ကို အစားထိုးထားတဲ့ အခုရုပ်ရှင်မှာ ဆိုရင် Jacqueline Fernandez, Anil Kapoor, Bobby Deol, Saqib Saleem နဲ့ Daisy Shah တို့လည်း ပါဝင်ကြပါတယ်။

3D နဲ့ ပြသမယ့် ဘောလိဝုဒ်ရဲ့ ပထမဆုံးအက်ရုပ်ရှင်ကို ဒါရိုက်တာ Remo D’Souza က ရိုက်ကူးပေးထားပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ ဇွန်လ ၁၅ ရက်နေ့က စလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: indianexpress

The post အိန္ဒိယနိုင်ငံမှာ လက်မှတ်ကြိုတင် မှာယူမှု များပြားနေတဲ့ “Race 3” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...