Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Selena နဲ့ အဆက်အသွယ်ပြတ်ပြီး Hailey Baldwin နဲ့ တပူးတွဲတွဲ ဖြစ်နေတဲ့ Justin Biber

$
0
0

အဆိုတော် Justin Bieber ဟာ မော်ဒယ် Hailey Baldwin နဲ့ တပူးတွဲတွဲရှိနေတာကို  လျှို့ဝှက်ချက် တခုအနေနဲ့ သိမ်းထားခဲ့တဲ့သူ မဟုတ်ပါဘူး။ အချစ်ဇာတ်လမ်း ပြန်ဆက်နေတယ်လို့ ကောလာဟလ သတင်းထွက်နေတဲ့ အဆိုတော် Bieber နဲ့ မော်ဒယ် Baldwin တို့ကို ဒီတခါမှာတော့ နယူးယောက်မြို့မှာ အတူတူ တွဲသွားတွဲလာ လုပ်နေတာကို  ထပ်မံမြင်တွေ့ခဲ့ရပါတယ်။

အဆိုတော် Bieber ကတော့ သူ့လက်ထဲမှာ ကော်ဖီတခွက်ကို ကိုင်ထားပြီး ပြံုံးပျော်ကြည်နူးနေတာကို တွေ့ရပါတယ်။  အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံ တခုမှာဆိုရင် သူတို့နှစ်ဦးဟာ အတူတူ ချစ်စဖွယ် ကြည့်ရှုနေကြတာကို  မြင်တွေ့ ရပါတယ်။

မကြာသေးခင်တုန်းကလည်း ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ ကိုယ်ပိုင် ဂျက်လေယာဉ်တစင်းပေါ်မှာ အတူတူ  မြင်တွေ့ခဲ့ကြရတဲ့ သူတို့နှစ်ဦးဟာ တဦးနဲ့တဦးအတူရှိနေရတာ ပျော်ရွှင်နေခဲ့ပုံလည်း ရပါတယ်။ ဒါပေမယ့် သတင်းရင်းမြစ် တခုရဲ့ အဆိုအရ အခုထိတော့ တခုခုလို့ ပြောရမယ့် အချစ်ရေးကိစ္စအထိ ပြောလို့မရသေးဘူး လို့ ဆိုပါတယ်။

အဲဒီသတင်းရင်းမြစ်က “ သူ (Bieber) က အခု တကိုယ်တည်းသမားပါ။ ဘယ်သူနဲ့မှလည်း အတည်တွဲနေတာမရှိပါဘူူး။ သူအခြေအနေ ကောင်းပါတယ်။ နှစ်တော်တော်များများ Hailey ကိုသူသိခဲ့တာပါ။ Bieber ရဲ့ ဘုရားကျောင်းမှာလည်း  သူပါဝင်ပါတယ်။ Hailey နဲ့အပြင်ထွက်လည်ရတာ သူကကြိုက်ပါတယ်။ Hailey ဟာ ထူးခြားတဲ့သူတယောက်ပါ။ သူတို့က အတူတူပျော်ရွှင်နေခဲ့ကြပါတယ်။ ဒါပေမယ့် တွဲနေကြတာ တော့ မဟုတ်ပါဘူး။ သူတို့ဟာ အတူတူနေရတဲ့  ပျော်ရွှင်တတ်  တဲ့ တကိုယ်တည်းသမား နှစ်ယောက်သာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အခြားအတွင်းသတင်းတခုက “သူတို့စုံတွဲနှစ်ဦးဟာ Hillsong ဘုရားကျောင်းကြောင့်လည်း အရမ်း ရင်းနှီးပါတယ်။ Hailey က Bieber ကို ဂရုစိုက်ပါတယ်။ သူတို့မှာ ရှည်လျားတဲ့ အတိတ်ကြောင်းလည်း ရှိခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ်မှာ လမ်းမခွဲခင် အချိန်အထိ တွဲသွားတွဲလာ လုပ်နေခဲ့ကြတာပါ။

အခုလိုမျိုး Bieber က Hailey နဲ့တပူးတွဲတွဲလုပ်နေပေမယ့် Biber နဲ့ ရည်းစားဟောင်း Selena Gomez တို့ကြားမှာတော့ ထူးထူးခြားခြာ းအပြောင်းအလဲ မရှိဘူးလို့ဆိုပါတယ်။ တခြား သတင်းရင်းမြစ်တခုက “Bieber နဲ့ Selena တို့ဟာ အခုတော့ အဆက်အသွယ် မရှိပါဘူး” လို့ ပြောကြားထားပါတယ်။

Ref:aceshowbiz

The post Selena နဲ့ အဆက်အသွယ်ပြတ်ပြီး Hailey Baldwin နဲ့ တပူးတွဲတွဲ ဖြစ်နေတဲ့ Justin Biber appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...