Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟာသဆန်တဲ့ စိတ္တဇ ဝေဒနာရှင်အဖြစ် မြင်တွေ့ရဦးမယ့် မင်းသား Robert Pattinson

$
0
0

Twilight ရုပ်ရှင်စီးရီးတွေမှာ Edward Cullen အဖြစ် အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ မင်းသား Robert Pattinson က သူ့အတွက် နာမည်တလုံး ရရှိခဲ့ပြီးတဲ့သူ ဖြစ်ပါတယ်။

မှော်ဆန်တဲ့ ဇာတ်ကောင် တော်တော်များများကို သရုပ်ဆောင်ခဲ့တဲ့ Robert Pattinson ဟာ “Damsel” လို့ခေါ်တဲ့ ရုပ်ရှင်တခုမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ etonline.com မီဒီယာရဲ့ စကားပြောဆိုခဲ့ချိန်မှာတော့ မင်းသား Robert က အချိန်အကြာကြီး သရုပ်ဆောင်ခဲ့ရတဲ့ အတည်ဇာတ်ကောင်တွေ အားလုံးနောက်ပိုင်းမှာ အခုလိုမျိုး ဇာတ်ကောင်တခုကို သရုပ်ဆောင်ရတာ ပျော်ဖို့ကောင်းပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

“တော်တော်လေးကို ပျော်ရွှင်ခဲ့ရပါတယ်။ နှစ်တော်တော်များများကတည်းက ဒီလို ဇာတ်ကောင်မျိုး ဖြစ်ချင်တာပါ။ ကျနော်ဟာ အစွန်းရောက် စိတ္တဇပုံစံ တော်တော်များများကို သရုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဟာသဆန်တဲ့ စိတ္တဇ ဇာတ်ရုပ် ပုံစံမျိုး သရုပ်ဆောင်နိုင်မယ်လို့ ထင်ခဲ့ပါတယ်” လို့ Robert Pattinson က ပြောကြားခဲ့ပါတယ်။

အခုအချိန်အထိ ဖြတ်သန်းလာခဲ့ သူ့ရဲ့ အနုပညာလုပ်ငန်းနဲ့ ပတ်သက်လို့တော့ ပျော်ရွှင်ဖို့ ကောင်းတဲ့ စီးနင်းမောင်းနှင်မှု ဖြစ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ သူက “မောင်းနှင်မှုတခုလုံးက တော်တော်လေးကို ကောင်းပါတယ်။ ကျနော့်လုပ်ငန်းနဲ့ ဘဝမှာ တော်တော်လေးကံကောင်းတယ်လို့ ထင်ပါတယ်။ အရာရာတိုင်းကို တကယ့်ကိုပဲ သဘောကျမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာတွေ ဖြစ်ကြတဲ့ David Zellner နဲ့ Nathan Zellner တို့က ရိုက်ကူးပေးထားတဲ့ “Damsel” ဆိုတဲ့ ရုပ်ရှင်မှာ တော့ မင်းသား Robert Pattinson နဲ့အတူ မင်းသမီး Mia Wasikowska တို့ ပါဝင်ထားကြတာပါ။ အဲဒီ ဇာတ်ကားထဲမှာ မင်းသား Robert က Penelope လို့ အမည်ရတဲ့ အမျိုးသမီးတဦးနဲ့ အတူနေနိုင်ဖို့ နိုင်ငံတခွင် ခရီးလှည့်လည် သွားလာ နေတဲ့သူ Samuel Alabaster အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါပေမယ့် သူပြန်ရောက်လာချိန်မှာတော့ ကိစ္စတချို့က အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ဘဲ သူချစ်ရတဲ့ Penelope က သူ့ကို သေနတ်နဲ့ချိန်ပြီး ကြိုဆိုခဲ့ရာကနေ ဇာတ်လမ်းစတင်ဖြစ်ပေါ်လာပါတယ်။ Magnolia Pictures ရုပ်ရှင်ထုတ်လုပ်ရေးကနေ အမေရိကန်နိုင်ငံမှာ ဇွန် လ ၂၂ ရက်နေ့ဆိုရင် ဖြန့်ချိပြသတော့မှာပါ။

“Harry Potter and the Goblet of Fire” ရုပ်ရှင်မှာ Cedric Diggory အဖြစ် သရုပ်ဆောင်ပြီး အနုပညာလောက ထဲကို ရောက်ရှိခဲ့တဲ့ မင်းသား Robert ဟာ ကမ္ဘာပေါ်မှာ အလွှမ်းမိုးနိုင်မှု အရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်သူတဦး ဖြစ်ပြီး Forbes Celebrity 100 စာရင်းမှာလည်း စွမ်းပကား အမြင့်ဆုံး နာမည်ကျော်ကြားသူ တဦးအဖြစ် ပါဝင်သူ ဖြစ်ပါတယ်။

Ref: indianexpress

The post ဟာသဆန်တဲ့ စိတ္တဇ ဝေဒနာရှင်အဖြစ် မြင်တွေ့ရဦးမယ့် မင်းသား Robert Pattinson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...