Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သားများကို ရှေ့ကနေ မှန်တယ်၊ မှားတယ် လမ်းပြပေးမယ်”ဆိုတဲ့ နေမျိုးအောင်

$
0
0

အက်ရှင်ဇာတ်ကားများနဲ့ မြို့ပရိသတ်ရော နယ်ပရိသတ်ပါကြိုက်တဲ့ သရုပ်ဆောင် နေမျိုးအောင်ဟာ သားနှစ်ယောက်ရှိပြီး အဖေတယောက်အနေနဲ့ သားများကို ရှေ့ကနေ Guideline ပေးကာ “မှန်တယ်၊ မှားတယ်” လမ်းပြသွားမယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“မင်းသားတယောက်ရဲ့သားက အနုပညာကို ဝါသနာပါရမယ် မဟုတ်ပါဘူး။ ကျနော့်သား အနုပညာကို ဝါသနာပါရင် ကျနော် Guideline (လမ်းညွှန်ပြသ) ပေးမယ်။ မှားနေတယ်၊ မှန်နေတယ်ဆိုတာ ပြောမယ်။ ကျန်တာတော့ သူရဲ့ ကြိုစားအားထုတ်မှု၊ လုံ့လ ဝီရိယတွေနဲ့ ဆိုင်သွားပြီ”လု့ိ နေမျိုးအောင်က ပြောပါတယ်။

“ကျနော် အနုပညာလောကထဲ ရောက်တာ သားအကြီးကောင် မွေးပြီးမှရောက်တာ သားအကြီးကောင်ကို မိန်းမနဲ့ ထားရတာ။ အနုပညာလုပ်ချင်လို့ မြို့တက်လာပြီးလာလုပ်တာ။ သားကြီးကောင်ကို တာဝန်မကျေတာတော့ မဟုတ်ဘူး။ တာဝန်ကျေခဲ့တာ သူ့အမေ ဖြစ်နေတယ်။ ချစ်တာခြင်းက အတူတူပဲပေါ့။ အငယ်ကောင်လေးကတော့ ကျနော်နာမည် တလုံးလည်း ရလာပြီဆိုတော့ သူတို့တွေနဲ့ အတူတူပြန်နေရတယ်ပေါ့” လို့ နေမျိုးအောင်က ဆိုပါတယ်။

ဆက်လက်ပြီး “ကျနေ်ာတို့ မိသားစုလေးက ပျော်စရာလေးပါ။ တကယ်ကို ပျော်စရာကောင်းတယ်။ ကျနော် ကားရိုက်ရှိရင် ရိုက်တယ်။ မရှိတာနဲ့ မိသားစုကို ကျနော် အချိန်ပေးတယ်။ ကျနော်မှာ တပည့် မရှိဘူး။ ကျနော် လိုအပ်တာ မှန်သမျှ ကျနော့် အမျိုးသမီးကပဲ အကုန် လုပ်ပေးတယ်။ မိသားစု ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာဖို့က အိမ်ထောင်ဦးစီးမှာပဲ မူတည်ပါတယ်’’ လို့ နေမျိုးအောင်က ပြောပါတယ်။

သားသမီးတွေက မိဘတွေကို သိတတ်ဖု့ိ အရေးကြီးကြောင်းလည်း နေမျိုးအောင်က ပြောပါသေးတယ်။

“မိဘဆိုတာ သားသမီးကို လိမ္မာရေးခြား ရှိစေချင်တယ်။ အောင်မြင်စေချင်တယ်။ တိုးတက်စေချင်တယ်။ ဒါဘယ်မိဘတိုင်း မဆို အဲ့လိုဖြစ်စေချင်တယ်။ လိမ္မာတဲ့ သားသမီးရှိသလို ဆိုးတဲ့ သားသမီးတွေလည်း ရှိတယ်။ မိဘဆိုတာ သားသမီးအတွက် အမြဲ ပေးဆပ်နေဆဲပါ”

“ကျနော်ဆို သားနှစ်ယောက် ရှိတယ်။ ကျနော်ဆိုလည်း မိသားစုထဲမှာအကြီးဆုံးပါ။ အခုချိန်ထိ သားသမီး ဘယ်လို ဒုက္ခမျိုးနဲ့ပဲ မိဘအိမ်ရောက်လာ ရောက်လာ မိဘတိုင်းက မင်းငါ့အိမ်မလာနဲ့ကွာလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် မိဘတွေကလည်း သားသမီးတွေပေါ် နားလည်သလို သားသမီးတွေကလည်း မိဘကို သိတတ်ဖို့ အရေးကြီးပါတယ်”လို့ နေမျိုးအောင်က ဆိုပါတယ်။

သရုပ်ဆောင် နေမျိုးအောင်ဟာ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ “ဝိညာဉ်စိမ်း” ရုပ်ရှင်ကလည်း မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

The post “သားများကို ရှေ့ကနေ မှန်တယ်၊ မှားတယ် လမ်းပြပေးမယ်” ဆိုတဲ့ နေမျိုးအောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...