Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရှရွတ်ခန်းနဲ့အတူ “သည်းထိတ်ရင်ဖို” ရုပ်ရှင်မှာ ပါဝင်မယ့် အမီတာဘဂျမ်း

$
0
0

ဘောလိဝုဒ်ရဲ့ နာမည်ကျော် စတားနှစ်ဦးဖြစ်တဲ့ Shah Rukh Khan (ရှရွတ်ခန်း) နဲ့ Amitabh Bachchan (အမီတာ ဘဂျမ်း) တို့ဟာ ဒါရိုက်တာ Sujoy Ghosh ရဲ့ သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင် ဖြစ်တဲ့ “Badla” မှာ လက်တွဲရိုက်ကူး ကြတော့မယ်လို့ သိရပါတယ်။ မင်းသမီး Taapsee Pannu လည်း ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ ဆိုပါတယ်။

Big B လို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသားကြီး အမီတာဘဂျမ်း နဲ့ မင်းသမီး Taapsee ဟာ ၂၀၁၆ ခုနှစ်တုန်းက “Pink” ရုပ်ရှင်မှာ အတူတွဲ သရုပ်ဆောင်ခဲ့ဖူးကြပါတယ်။ မင်းသား ရှရွတ်ခန်းကတော့ ထုတ်လုပ်သူအဖြစ် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“Badla” ဒါရိုက်တာ Sujoy Ghosh က “အမီတာဘဂျမ်းလို သရုပ်ဆောင်တယောက်ကို ရထားပြီဆိုရင် သူဟာ ဒါရိုက်တာတိုင်းရဲ့ အကြိုက်ဖြစ်တဲ့အတွက် တိုက်ပွဲ တဝက်လောက် နိုင်သွားပါပြီ။ သူ့ကို ရိုက်ကူးရမှာ ကျနော် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ မင်းသမီး Taapsee နဲ့လည်း ခဏတော့ အလုပ်လုပ်ခဲ့ဖူးပါတယ်”

“သူနဲ့အတူ ပူးတွဲပြီးတော့ ပြီးပြည့်စုံတဲ့ ဇာတ်လမ်းတခုကို ဖန်တီးမှာပါ။ ပြီးတော့ ဒီရုပ်ရှင်ကို ရှရွတ်ခန်းက ထုတ်လုပ်မှာ ဆိုတော့ ကျနော့်စိတ်လှုပ်ရှားမှုက ၂ ဆ တိုးနေပါပြီ။ ဒီထက်ပိုကောင်းတဲ့ အဖွဲ့ကို မတောင်းဆိုလိုတော့ပါဘူး။ အခုတော့ အလုပ်လုပ်ဖို့ အချိန်ကျပါပြီ” လို့ Mumbai Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ Sujoy Ghosh ဟာ မင်းသားကြီး အမီတာဘဂျမ်းရဲ့ စွန့်စားခန်းရုပ်ရှင် “Aladin” နဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် “Te3n” တို့ကို ရိုက်ကူးခဲ့ဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းသားကြီး အမီတာဘဂျမ်းနဲ့ မင်းသား ရှရွတ်ခန်းတို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၈ ခုနှစ်တုန်းက “Bhoothnath” ရုပ်ရှင်မှာ အတူတွဲ ပြီး သရုပ်ဆောင်ခဲ့ကြပါတယ်။

“Badla” ဆိုတဲ့ ရုပ်ရှင်ကတော့ စပိန်ရုပ်ရှင် “The Invisible Guest” ကို ပြန်လည် ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ ဒါရိုက်တာ Sujay က “ဒါဟာ မင်းသားကြီး အမီတာဘဂျမ်းနဲ့ အထူး လိုက်ဖက်တယ်လို့ ကျနော် ထင်ပါတယ်။ Taapsee လည်း ပါဝင်ပါတယ်။ ရှရွတ်ခန်းဟာလည်း မူရင်းဇာတ်လမ်းကို ကြိုက်နှစ်သက်ပြီး သူတို့ရဲ့ ပူးတွဲလုပ်ဆောင်မှုက ချောချောမွေ့မွေ့ ဖြစ်ခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

မင်းသားကြီး အမီတာဘဂျမ်းကလည်း ရုပ်ရှင်ရိုက်ကူးရေး စတင်ခဲ့ပြီ ဖြစ်ကြောင်း သူ့ရဲ့ Twitter အကောင့်မှာ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

Ref : indianexpress

The post ရှရွတ်ခန်းနဲ့အတူ “သည်းထိတ်ရင်ဖို” ရုပ်ရှင်မှာ ပါဝင်မယ့် အမီတာဘဂျမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...