Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရုပ်ရှင်ရိုက်ကူးရေး ပြီးချိန်တိုင်း စိတ်ကျရောဂါ ခံစားခဲ့ရတယ်” ဆိုတဲ့ Johnny Depp

$
0
0

ဟောလိဝုဒ် စတား Johnny Depp ဟာ ရုပ်ရှင်ရိုက်ကူးရေး ပြီးတဲ့အချိန်တိုင်းမှာ အချိန်တိုတခုအတွင်းမှာ စိတ်ကျရောဂါ ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“Pirates of the Caribbean” ရုပ်ရှင်စတား Johnny က သရုပ်ဆောင်တဲ့အခါ စူူးစူးနစ်နစ် လုပ်ဆောင်တာမျိုး မရှိပေမယ့် သူကိုယ်တိုင်က မတူတဲ့ အကြောင်းအရာ တခုကို ဖုံးကွယ်ထားမှ ပိုစိတ်သက်သာ ရတတ်တဲ့သူ၊ အရှက်ကြီးတတ်တဲ့သူ ဖြစ်တဲ့အတွက် ဇာတ်ကောင်မှာ သရုပ်ဆောင်ရတာ ပျော်ပါတယ်လို့ ဆိုလာပါတယ်။

မင်းသား Johnny က “အလုပ်အပေါ် အာရုံစိုက်တဲ့ မင်းသားတယောက် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကတော့ လုံးဝ မဟုတ်ပါဘူး။ ကျနော်က စူးစူးနစ်နစ်ကြီး သရုပ်မဆောင်နိုင်သေးပါဘူး။ ဒါပေမယ့် နည်းလမ်း သေးသေးလေးကလည်း အသုံးတည့်တဲ့ အရာတခုပါ”

“အဋ္ဌမမြောက် ဟင်နရီဘုရင် နေရာမှာ သရုပ်ဆောင်တဲ့သူ ကျနော် ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇာတ်ကောင်ထဲမှာ ကျနော်ဟာ ဈာန်ဝင်စားလိုက်ပါတယ်။ ရိုက်ကူးရေး ပြီးတဲ့နောက်မှာတော့ ကျနော်ဟာ အမြဲတမ်း စိတ်ကျရောဂါခံ စားရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝနဲ့ ကျနော်လုပ်နိုင်တဲ့ ဇာတ်ကောင်နေရာမှာ ကျနော်ဟာ အရှက်ကြီးတဲ့ လူတယောက် ဖြစ်လို့ပါ” လို့ The Times မီဒီယာကို ပြောကြားခဲ့ပါတယ်။

The Hollywood Vampires ဆိုတဲ့ တီးဝိုင်းနဲ့အတူ လက်ရှိမှာ နယ်လှည့်ဖျော်ဖြေပွဲ ပြုလုပ်နေတဲ့ အသက် ၅၅ နှစ်အရွယ် မင်းသား Johnny က ရုပ်ရှင်တွေမှာ အောင်မြင်မှုဟာ ဂီတသမားသာ ဖြစ်ချင်တဲ့ သူ့အတွက်တော့ အထူးအဆန်း ဖြစ်နေဆဲလို့ ဆိုထားပါတယ်။

မင်းသား Johnny က “ကျနော် ဂီတလောကကနေ ဘယ်တုန်းကမှ နုတ်မထွက်ပါဘူး။ ကျနော် ဂစ်တာ တီးတာ ဘယ်တော့မှ ရပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခြားနယ်ပယ်မှာလည်း အောင်မြင်မှု တော်တော်လေးကို ရခဲ့တာ ကျနော့်အတွက်တော့ ထူးဆန်းပါတယ်။ ကျနော့် တီးဝိုင်းနဲ့အတူ လော့စ်အင်ဂျလိစ်ကို ပထမဆုံး သွားခဲ့တုန်းက ငှားထားတဲ့ ဗင်ကားတစီးနဲ့ နိုင်ငံတခွင် ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော့်ဘဝပါ။ အဲဒီနောက် ရုပ်ရှင် သရုပ်ဆောင်ဆိုတာ ဖြစ်လာပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက “တီးဝိုင်းကို ဖျက်သိမ်း လိုက်ပါ တယ်။ ကျနော်ဟာ တပတ်ကို ဒေါ်လာ ၁၂၀၀ ရတဲ့နေရာမှာ အလုပ်ရခဲ့ပါတယ်။ အမေရေ အလုပ်ထွက်လို့ရပြီလို့ ကျနော့် အမေ့ဆီဖုန်းဆက်တုန်းမှာ ပြောခဲ့ပါတယ်” လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သူ့အတွက် သာမန်ဘဝကို ပိုင်ဆိုင်ရရှိဖို့ ရုပ်ရှင်မင်းသားဘဝက ပိုပြီးခက်ခဲစေတယ်လို့ ဆိုပါတယ်။ သူက “မင်းသားဖြစ်ရလို့ ဆိုပြီး စောဒက တက်နေတဲ့သူလည်း မဖြစ်ချင်ပါဘူး။ ကျနော် မင်းသားတယောက် ဖြစ်လာလိမ့်မယ် လို့လည်း မသိခဲ့ပါဘူး။ အဲဒီဆုံးဖြတ်ချက်ကို ကျနော် ဘယ်တုန်းကမှလည်း မချခဲ့ပါဘူး။ ဒါပေမယ့် သရုပ်ဆောင်ဘဝက ကျနော့် သာမန်ဘဝကို ပိုခက်ခဲစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref : indiaexpress

The post “ရုပ်ရှင်ရိုက်ကူးရေး ပြီးချိန်တိုင်း စိတ်ကျရောဂါ ခံစားခဲ့ရတယ်” ဆိုတဲ့ Johnny Depp appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...