Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် အွန်လိုင်းကနေ တင်သွားမယ့် အဆိုတော် ချောစုခင်

$
0
0

အသံဆွဲအားကောင်းကောင်းနဲ့ သီချင်းတွေ သီဆိုတတ်တဲ့ အဆိုတော် ချောစုခင်က မကြာခင်မှာ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်ကို အွန်လိုင်းမှတဆင့် ပရိသတ်များ နားဆင်နိုင်အောင် ရောင်းချပေးသွားမယ်လို့ ပြောပါတယ်။

အရင်က အောင်မြင်ပြီးသား သီချင်းများကို ပြန်လည် သီဆိုလာရတဲ့အတွက် ကိုယ်ပိုင်သံစဉ် သီချင်း သီဆိုရတဲ့အခါမှာ စိတ်ကျေနပ်မှု မရှိတာကြောင့် သီချင်းထွက်ဖို့အတွက် ကြာနေတာ ဖြစ်တယ်လို့ ပြောပါတယ်။

“သီချင်းတွေကို ရှာတယ်။ တခါတခါကျရင် ကိုယ်က အောင်မြင်ပြီးသား သီချင်းတွေကို Copy ဆိုခဲ့တဲ့အတွက် ကိုယ်ပိုင်သံစဉ်ကို ဆိုတဲ့အခါမှာ စိတ်ထဲမှာ မကျေနပ်တာတွေ ဖြစ်တာပေါ့နော်။ သီချင်းတပုဒ်တော့ ထွက်ဖို့ ရှိပါတယ်။ ထန်ခေးရေးထားတဲ့ ‘တောင်းဆိုချက်’ ဆိုတဲ့ တပုဒ်တော့ သွင်းထားပြီးပြီ။ ဒီ ဇွန် ၊ ဇူလိုင်လောက် ထွက်ဖို့ လုပ်ထားတယ်။ အွန်လိုင်းကနေ ရောင်းသွားမယ်”လို့ အဆိုတော် ချောစုခင်က ပြောပါတယ်။

မကြာခင်မှာ ထွက်ရှိမယ့် ကိုယ်ပိုင်သံစဉ် သီချင်းဖြစ်တဲ့ အဆိုတော် ထန်ခေးရေးသားပေးထားတဲ့ “တောင်းဆိုချက်” လို့ အမည်ပေးထားတဲ့ သီချင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပဲ ပြောပါတယ်။

“အစ်မ ဖြတ်သန်းတဲ့ ကာလတလျှောက်လုံးမှာ သိသလောက်၊ တတ်သလောက် လုပ်ထားပါတယ်။ အစ်မ ဘယ်လို ဆိုချင်တယ်။ ဘယ်လိုလုပ်ချင်တယ် ဆိုတာကို အတီးဆရာတွေနဲ့ တိုင်ပင်ပြီး သေချာလုပ်ထားပါတယ်။ အကြောင်းအရာ ကျတော့ အချစ်အလွမ်း သီချင်းလေးပဲ။ ချစ်သူကို ပြန်လာခဲ့ဖို့ တောင်းဆိုတဲ့ သီချင်းလေးပဲ” လို့ ချောစုခင်က ဆိုပါတယ်။

ဒီသီချင်းကိုတော့ Music Video ရိုက်ကူးထားပေမယ့် စိစစ်စရာများ ရှိသေးတယ်လို့ ပြောပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်း ဖန်တီးရတာနဲ့ အောင်မြင်ပြီးသား သီချင်းများကို ပြန်လည်သီဆိုရတာ ကွာခြားပုံကိုလည်း အခုလိုပဲ ပြောပါတယ်။

“နိုင်ငံကျော်တဲ့ သီချင်းတွေကို ခေါင်ကိုမှ ရွေးပြီးဆိုတာလေ။ တကယ်တော့ သီချင်းတပုဒ် ဆိုဖို့က လုံးဝ မလွယ်ဘူး။ သီချင်းတပုဒ် မလွယ်ဘူးဆိုတာ ဒီသီချင်းကို လှပအောင် လုပ်ဖို့ ဆိုတာ ပိုမလွယ်ဘူး။ နဂိုတည်းက ကောင်းမွန်တဲ့ စိန်တုံးကိုမှ Casting (ပုံသွင်း) လုပ်ကြတာ။ အဲဒီတော့ အစ်မတို့က ကိုယ်ပိုင်သံစဉ်ကို Casting လုပ်တဲ့ အပေါ်မှာ မူတည်တယ်”

“စိန်ကို Casting လုပ်သလိုပဲ။ ဘယ်နှကွက် ဖော်မှာလဲ။ ဒီသီချင်းက နဂိုတည်းက ကောင်းလား။ အဲဒီ ကောင်းလား၊ မကောင်းလား ရွေးထုတ်ရတာနဲ့တင် တော်တော်ကို ခက်တာပေါ့နော်။ ဟိုဟာကတော့ အညွှန့်ကို ခူးစားတာ ဒီဟာကတော့ ကိုယ်ကိုယ်တိုင် သစ်ပင်တွေစိုက်၊ အဲဒီကနေ အသီးအပွင့်တွေ ဖြစ်လာတော့မှ ကိုယ်က စားရမှာလေ။ အဲဒီလိုပုံစံမျိုးလေး  ဖြစ်နေတာပေါ့” လို့ ချောစုခင်က ဆိုပါတယ်။

အဆိုတော် ချောစုခင်က အခုထွက်ရှိမယ့် သီချင်းအသစ်တပုဒ် တင်ရုံသာမက Mini Album တခု ထွက်ဖို့လည်း  ပြင်ဆင်နေပြီး အခွင့်အရေးရပါက တကိုယ်တော် ဖျော်ဖြေပွဲလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

The post ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ် အွန်လိုင်းကနေ တင်သွားမယ့် အဆိုတော် ချောစုခင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...