Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တခုမှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ မင်းသား Song Joong Ki

$
0
0

နာမည်ကျော် ကိုရီးယားမင်းသား Song Joong Ki (ဆောင်းဂျွန်ဂီ) ဟာ သူပါဝင် သရုပ်ဆောင်ခဲ့ဖူးတဲ့ “A Werewolf Boy” ရုပ်ရှင်ဒါရိုက်တာနဲ့ မကြာခင်မှာ ရုပ်ရှင်သစ်တခုကို ပူးတွဲရိုက်ကူးဖို့ ရှိနေပါတယ်။

ရုပ်ရှင်လုပ်ငန်းမှ ကိုယ်စားလှယ်တွေရဲ့ အဆိုအရ မင်းသား Song ဟာ မကြာသေးမီက ဒါရိုက်တာ Jo Sung Hee နဲ့ တွေ့ဆုံခဲ့ပြီး “Lightning Ship” ဆိုတဲ့ ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ နှုတ်အားဖြင့် သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ တနေ့တည်းမှာပဲ မင်းသားရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment ကလည်း အခုထိတော့ ဘာကိုမှ အတည်မပြုနိုင်သေးတဲ့ အကြောင်းကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

“Lightning Ship” ရုပ်ရှင်ကတော့ ဒါရိုက်တာ Jo အတွက် “Phantom Detective” ရုပ်ရှင် ပြီးနောက် အသစ်ထပ်မံ ရိုက်ကူးတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ “Space Project” ဆိုတဲ့ မူရင်းနာမည်နဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် “A Werewolf Boy” ရုပ်ရှင်ပြီးတဲ့နောက်မှာ “Phantom Detective” ရုပ်ရှင်ကို ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီ စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်မှာတော့ အာကာသ ဆက်တင်တွေကိုပါ အသုံးပြုမယ့်အပြင် မတူညီတဲ့ နိုင်ငံတွေက သရုပ်ဆောင်တွေ ပါဝင်လာလိမ့်မယ်လို့ ဆိုပါတယ်။ သတင်းတွေရဲ့ အဆိုအရ သူတို့နှစ်ဦး တွေ့ဆုံခဲ့ချိန်မှာ ဒါရိုက်တာက သူရိုက်ကူးမယ့် ရုပ်ရှင်အကြောင်းကို ပြောဆိုခဲ့ပြီး မင်းသား Song က ပါဝင်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

မင်းသား Song နဲ့ ဒါရိုက်တာ Jo တို့ဟာ ၂၀၁၂ ခုနှစ်မှာ ကြည့်ရှုသူ ပရိသတ် ၆ ဒဿမ ၆၅ သန်း ရှိခဲ့ပြီး နာမည် ကျော်ကြားခဲ့တဲ့ “A Werewolf Boy” ရုပ်ရှင်မှာ အတူလက်တွဲ လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ မင်းသား Song စစ်မှု မထမ်းခင် နောက်ဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ မင်းသားဟာ “Descendants of the Sun” ရုပ်သံဇာတ်လမ်းတွဲနဲ့ နာမည်အထူး ကျော်ကြားခဲ့ပြီး အခုနောက်ပိုင်းမှာတော့ “Battleship Island” ရုပ်ရှင်ကို ရိုက်ကူးခဲ့ ပါတယ်။ မင်းသမီး Song Hye Kyo နဲ့ လက်ထပ်ပြီးတဲ့နောက် မင်းသားဟာ ဘယ်ရုပ်ရှင်၊ ဇာတ်လမ်းတွဲမှာမှ ပါဝင်သရုပ်ဆောင်ထားတာ မရှိသေးပါဘူး။ “Lightning Ship” ရုပ်ရှင်ကို လာမယ့် နှစ်ဝက် နှောင်းပိုင်းလောက်မှာ ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

Ref: soompi

The post စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တခုမှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ မင်းသား Song Joong Ki appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...