Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နာမည်ကျော် Rap အဆိုတော် XXXTentacion သေနတ်ပစ်ခံရပြီး သေဆုံး

$
0
0

အသက် ၂၀ အရွယ် နာမည်ကျော် Rap အဆိုတော် XXXTentacion ဟာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာ သေနတ်ပစ်ခံ ခဲ့ရပြီးတဲ့နောက် သတင်းတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ရာကနေ အခုတော့ အာဏာပိုင်တွေက သူ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

TMZ မီဒီယာရဲ့ အဆိုအရ Jahseh Onfroy လို့ အမည်ရတဲ့ အဲဒီ အဆိုတော်ဟာ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း မှာ မော်တော်ဆိုင်ကယ်နဲ့ ဈေးဝယ်ထွက် နေစဉ် သေနတ်သမားတဦးက သူ့ဆီကို ပြေးလာပြီး သူ့ကို ပစ်ခတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

တချို့သတင်းတွေမှာ ဆိုရင်တော့ အနက်ရောင် Dodge Journey အမျိုးအစား ကားကို စီးနင်းလာတဲ့ သေနတ်သမား တွေက သူ့ကို အခင်းဖြစ်ရာ နေရာမှာ ပစ်ခတ်ခဲ့ပြီး သေနတ်သံ ၃၊ ၄ ချက်ကို ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေ ပြောတဲ့ အကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် XXXTentacion ရဲ့ မော်တော်ဆိုင်ကယ်ဆီကနေ Louis Vuitton လွယ်အိတ်တခုလည်း ခိုးယူခံခဲ့ရတဲ့ အကြောင်း ရဲတပ်ဖွဲ့ဝင်တွေကို မျက်မြင်သက်သေတွေက ပြောတယ်လို့ဆိုပါတယ်။

ပစ်ခတ်မှုကို မျက်မြင်တွေ့ရှိ လိုက်ရသူ တဦးရဲ့ အဆိုအရ အဆိုတော်ဟာ သေနတ်ပစ်ခံခဲ့ရပြီးနောက် သွေးခုန်နှုန်း မရှိတော့ကြောင်း TMZ မီဒီယာမှာ ဖော်ပြပေမယ့် Variety မီဒီယာကတော့ အဲဒီသတင်းကို အတည် မပြုပါဘူး။ Broward Co. မီးသတ်ဌာရဲ့ အဆိုအရ အဆိုတော် XXXTentacion ကို ဆေးရုံ အလျင်အမြန် ပို့ဆောင်လိုက်ပြီး အဆင့် ၁ ဒဏ်ရာ ရရှိလူနာအဖြစ် TMZ မီဒီယာမှာ ဖော်ပြပါတယ်။

Broward County ရဲမှူးရုံးရဲ့ Twitter အကောင့်မှာတော့ တာဝန်ရှိသူတွေဟာ Miami မြိ့ရဲ့ မြောက်ဘက် ၄၃ မိုင် အကွာမှာ ရှိတဲ့ Deerfield ကမ်းခြေမှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ အပစ်ခံရသူ အရွယ်ရောက် အမျိုးသား တဦးကို ယင်းဒေသဆေးရုံတခုကို ပို့ဆောင်ထားကြောင်း ဖော်ပြထားပါတယ်။

အဲဒါနဲ့ မရှေးမနှောင်းပဲ ထွက်ပေါ်လာတဲ့ ပို့စ်ခုမှာတော့ အဲဒီပစ်ခတ်မှုမှာ အပစ်ခံခဲ့ရသူကို သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပြီး ထိုသူမှာ XXXTentacion ဖြစ်တယ်လို့ နောက်ပိုင်းမှ ကြေညာခဲ့တာဖြစ်ပါတယ်။ TMZ သတင်းတွေရဲ့ အဆိုအရ XXXTentacion ဟာ ကိုယ်ဝန်သည် ချစ်သူကို အကြမ်းဖက်မှုစွဲချက်တွေနဲ့ တရားရုံးမှာ ရင်ဆိုင်နေရပြီး မျက်မြင်သက်သေများကို လာဘ်ပေးမှု အပါအဝင် စွဲချက်တဒါဇင်ကျော်နဲ့ လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။

သူ့ရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “?” ဟာ ပြီးခဲ့တဲ့ မတ်လမှာ စတင်ဖြန့်ချိခဲ့ချိန်မှာတော့ Billboard ရဲ့ Album၂၀၀ စာရင်းမှာ နံပါတ် ၁ ချိတ်ခဲ့ပါတယ်။

Ref: etcanada

The post နာမည်ကျော် Rap အဆိုတော် XXXTentacion သေနတ်ပစ်ခံရပြီး သေဆုံး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...