Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Ocean 8” ရုပ်ရှင်မှာ လည်ဆွဲအတွက် ထိပ်တန်းလက်ဝတ်ရတနာ ပညာရှင်တွေကို ငှားရမ်းခဲ့

$
0
0

“Ocean 8” ရုပ်ရှင်မှာ ပါဝင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ Toussaint လည်ဆွဲပုံတူကို ဖန်တီးဖို့ ပြင်သစ်အခြေစိုက် ကမ္ဘာကျော် Cartier လက်ဝတ်ရတနာ ကုမ္ပဏီရဲ့ ကျွမ်းကျင်သူတွေနဲ့ အတူ ကမ္ဘာကျော် ထိပ်တန်း လက်ဝတ်ရတနာပညာရှင်တွေ အလုပ်အတူတူ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

၁၉၃၃ခုနှစ် ကနေ ၁၉၇၀ ခုနှစ်အထိ Cartier ရဲ့ ဖန်တီးမှုဒါရိုက်တာ ဖြစ်ခဲ့တဲ့ Jeanne Toussaint ကို ဂုဏ်ပြုပြီး နာမည် ပေးထားတဲ့ အဲဒီလည်ဆွဲကို Nawanagar မဟာရာဂျာတဦးအတွက် Jacques Cartier က ၁၉၃၁ ခုနှစ်မှာ ဒီဇိုင်း ထုတ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာပေါ်မှာအသန့်စင်ဆုံး အရောင်ရှိ စိန်တွဲ တခုအနေနဲ့ သတ်မှတ်တာ ခံခဲ့ရပါတယ်။

အဲဒီလည်ဆွဲထဲက ရတနာတွေ မရှိတော့ပေမယ့် ခေတ်အဆက်ဆက် Cartier ပိုင်ရှင်တွေက ရတနာတွေရဲ့ ဓာတ်ပုံတွေနဲ့ ဒီဇိုင်းပုံကြမ်းကို ထိန်းသိမ်းခဲ့ကြပါတယ်။ အဲဒါတွေကို ရုပ်ရှင်ထဲမှာတော့ မင်းသမီး Anne Hathaway ရဲ့ ဇာတ်ကောင် Daphne Kluger က ဝတ်ဆင်ထားတဲ့ Toussaint လည်ဆွဲအဖြစ် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

အမှုဆောင်ထုတ်လုပ်သူ Diana Alvarez က “Cartier မှာရှိတဲ့လူတွေဟာ ထူးခြားတဲ့ အကြံပေးတွေ ဖြစ်ပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်မှုဟာ ကျမတို့ကို အကူအညီအများကြီး ဖြစ်စေပါတယ်။ ပြီးတော့ သူတို့က ပဲရစ်မြို့မှာရှိတဲ့ Cartier Mansion မှာ ရိုက်ကူးရေးလုပ်ဖို့ ကျမတို့ကို ခွင့်ပြုထားပါတယ်။ သူတို့ရဲ့ ကမ္ဘာထဲကို သွားနိုင်ပြီးတော့ ဖန်သားပြင်ပေါ် တင်ခွင့် ရတာဟာ ကြီးမားတဲ့ သဘောတူညီချက် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Cartier ရဲ့ Image, Style နဲ့ Heritage ဒါရိုက်တာ Pierre Rainero က ရုပ်ရှင်ထုတ်လုပ်သူတွေရဲ့ ဇာတ်လမ်းအတွက် စိန်လည်ဆွဲ လိုအပ်ချက်နဲ့ ပတ်သက်ပြီး သမိုင်းမှာတင်ကျန်ခဲ့မယ့် အရေးအကြီးဆုံး လည်ဆွဲ အကြောင်း ရုတ်တရက် စဉ်းစားလိုက်တဲ့အခါ ကျနော်တို့ရဲ့ သမိုင်းမှာ အထူးခြားဆုံး စိန်လည်ဆွဲတခုကို ရုတ်တရက် သတိရလိုက်မိခဲ့တဲ့ အကြောင်း လည်ဆွဲရွေးချယ်ဖြစ်ခဲ့ပုံကို ရှင်းပြခဲ့ပါတယ်။

တိတိကျကျ ပုံပွားကို ဖန်တီးဖို့ ဆိုတာထက် Cartier က နောက်ဆုံးရက်မတိုင်မီ ပြီးစီးနိုင်ဖို့ အကောင်းဆုံး လက်ဝတ် ရတနာ ပညာရှင်တွေကို ငှားရမ်းခဲ့ပြီး စိတ်ဖမ်းစားနိုင်ဖို့ အနုပညာမြောက်တဲ့ ဖန်တီးမှုကို အသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။ ပုံမှန်တော့ အခုလိုမျိုး အရေးကြီးတဲ့ အထူးအော်ဒါဆိုရင် အနည်းဆုံး ၈ လလောက် အချိန်ယူရမှာ ဖြစ်ပေမယ့် အခု လည်ဆွဲကို သီတင်း ၈ ပတ်အတွင်းမှာ ပြီးစီးအောင် ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ထဲမှာပါဝင်တဲ့ Toussaint လည်ဆွဲမှာဆိုရင် ချောမွတ်ပြီး အရောင်မဲ့တဲ့ စိန်တွေကို ရွှေဖြူနဲ့ ကွပ်ထားတာ တွေ့ရ ပါတယ်။ ရုပ်ရှင်ထဲမှာ အဲဒီလည်ဆွဲကို ဝတ်ဆင်ခဲ့တဲ့ မင်းသမီး Hathaway က “သူတို့ဟာ လှတဲ့အလုပ်တခုကို လုပ်ခဲ့ တာပါ။ လှေကားပေါ်ကိုတက်ပြီး လည်ဆွဲဆီ မရောက်ခင်အထိ ဒီလည်ဆွဲဟာ ဘယ်လောက်တောင် ထူးခြားကြောင်း ကျမ ရိုးရိုးသားသား ဂုဏ်ပြုပေးနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ ရုပ်ရှင်ရဲ့ မှော်ပညာဖြစ်တဲ့ ကြီးမားတဲ့ အပေးအယူ တခုပဲလို့ ကျမ နားလည်လိုက်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Ref: aceshowbiz

The post “Ocean 8” ရုပ်ရှင်မှာ လည်ဆွဲအတွက် ထိပ်တန်းလက်ဝတ်ရတနာ ပညာရှင်တွေကို ငှားရမ်းခဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ