၂၀၁၅ ခုနှစ်မှာ နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းဖြစ်တဲ့ “The Accidental Detective 2: In Action” ဟာ စံချိန်တွေတင်ထားတဲ့ “Jurassic World: Fallen Kingdom” ရုပ်ရှင်ကို ကျော်လွန်ပြီး ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းနေရာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ရုံစတင်ခဲ့ပြီး ၅ ရက်အကြာမှာ ပရိသတ်ဦးရေ ၁ ဒဿမ ၀၃ သန်း လာရောက် ကြည့်ရှုခဲ့ပြီး အမေရိကန် ဒေါ်လာ ၈ ဒဿမ ၂ သန်း ရရှိထားပြီး ဖြစ်တယ်လို့ CJ Entertainment က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ Kim Jung Hoon ရိုက်ကူးခဲ့တဲ့ “The Accidental Detective” ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းကို ဒါရိုက်တာ Lee Eon Hee က အခုတဖန် အသစ် ဆက်လက် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ အခု “In Action” ရုပ်ရှင်မှာတော့ ကာတွန်း စာအုပ်ဆိုင်နဲ့ ပုဂ္ဂလိက ထောက်လှမ်းရေး အေဂျင်စီတခုကို ဖွင့်ထားတဲ့ လူသတ်မှု စုံထောက် တဦးတို့က သူတို့အမှုသည်ရဲ့ ရည်းစား သေဆုံးမှု နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ကြမှာ ဖြစ်ပါတယ်။
Kang Dae-Man (မင်းသား Kwon Sang-Woo) ဟာ ကာတွန်စာအုပ်ဆိုင် တခုကို ဖွင့်ထားပြီး သူ့ဇနီး မသိအောင် ပုဂ္ဂလိက ထောက်လှမ်းရေး အေဂျင်စီတခုကို ဖွင့်ထားသူဖြစ်ပါတယ်။ No Tae-Soo (မင်းသား Sung Dong-Il) ဟာ စုံထောက်ဟောင်း တယောက် ဖြစ်ပြီး အခုတော့ Kang Dae-Man နဲ့အတူ အဲဒီပုဂ္ဂလိက ထောက်လှမ်းရေး အေဂျင်စီမှာ အလုပ်အတူ တွဲလုပ်နေတာပါ။
သူတို့နှစ်ဦးဟာ Cyber ထောက်လှမ်းရေး အေဂျင်စီခုကို တည်ထောက်ထားတဲ့ Yeochi (မင်းသား Lee Kwang-Soo) နဲ့ ပူးပေါင်းလိုက်ကြပြီးတော့ အမှုသည်တဦးရဲ့ အမှုကို အလွဲလွဲအချော်ချော်နဲ့ ဖော်ထုတ်ကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်ရဲ့ အောင်မြင်မှုနှုန်းဟာ သူ့ရဲ့ ရှေ့ဇာတ်လမ်းဖြစ်တဲ့ The Accidental Detective: The Beginning” နဲ့ “Detective K” ရုပ်ရှင်တွေထက် ပိုမိုလျင်မြန်ပါတယ်။ ကိုရီးယားစုံထောက် အက်ရှင်တွေဖြစ်တဲ့ “Confidential Assignment”, “The Sheriff in Town” နဲ့ “Twenty” ရုပ်ရှင်တို့လို အောင်မြင်မှု စံချိန်တွေ ရနေပြီဖြစ်ပါတယ်။
“The Accidental 2: In Action” ရုပ်ရှင်ကတော့ ဒီနှစ်အတွင်းမှာ ကြည့်ရှုသူ ၁ သန်းကို အမြန်ဆုံးရောက်ရှိခဲ့တဲ့ “Believer” ရုပ်ရှင်နဲ့လည်း သူမသာ ကိုယ်မသာ အခြေအနေ ဖြစ်နေပါတယ်။ အခုလိုမျိုး ကြည့်ရှုသူ ၁ သန်း ပြည့်သွားတဲ့ အထိမ်းအမှတ် အနေနဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Sung Dong Il, Kwon Sang Woo နဲ့ Lee Kwang Soo တို့ဟာ CJ Entertainment ရဲ့ တရားဝင် Instagram စာမျက်နှာမှာ ဓာတ်ပုံတချို့ကို ဝေမျှခဲ့ပါသေးတယ်။
Ref: soompi,yonhap
The post တောင်ကိုရီးယားမှာ လူကြိုက်များနေတဲ့ “Accidental Detective 2” ရုပ်ရှင် appeared first on ဧရာဝတီ.