Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Skyscraper” ရုပ်ရှင် မိုးပျံအဆောက်အဦအတွက် ထိပ်တန်းဗိသုကာပညာရှင် ငှားရမ်းခဲ့တဲ့ The Rock

$
0
0

The Rock လို့ခေါ်ကြတဲ့ မင်းသား Dwayne Johnson ဟာ မကြာမီ ရုံတင်ပြသတော့မယ့် “Skyscraper” အမည်ရှိ အက်ရှင်ရုပ်ရှင်မှာ ပါဝင်မယ့် မိုးပျံအဆောက်အဦအတွက် ဒီဇိုင်းရေးဆွဲဖို့ ကမ္ဘာကျော် ဗိသုကာပညာရှင် ဖြစ်တဲ့ Adrian Smith ကို ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။

မင်းသား Dwayne ဟာ ဒီရုပ်ရှင်မှာ FBI အေးဂျင့်ဟောင်း၊ ခြေထောက်တဖက်ဆုံးရှုံးထားရသူ Will Sawyer အဖြစ် သရုပ်ဆောင်ထားပြီး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် ဟောင်ကောင်မှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးပျံတိုက်ပေါ်မှာရှိတဲ့ သူ့အချစ်ဆုံးသမီးလေးကို ကယ်တင်ရတဲ့အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်အသစ်ကို Rawson Marshall Thurber ကကိုယ်တိုင်ရေးသားရိုက်ကူးထားတာ ဖြစ်ပြီး မင်းသား Dwayne က ထုတ်လုပ်သူအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကတော့ သူတို့ရဲ့ အဆောက်အဦဒီဇိုင်း ဖန်တီးမှုကို တကယ့်လက်တွေ့ ပိတ်ကားထက်ကို တင်ဖို့အတွက် အကောင်းဆုံး ကျွမ်းကျင်သူတွေထဲက တဦးလို့ ဆိုပါတယ်။

မင်းသား Dwayne က “SKYSCRAPER ရုပ်ရှင်အကြောင်း အရာတခု၊ ကျနော်တို့ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံးနဲ့ အကြီးကျယ်ဆုံး အဆောက်အဦကို ဒီဇိုင်းထုတ်ဖို့နဲ့ ညှိနှိုင်းရာမှာ ကူညီဖို့ ကမ္ဘာပေါ်မှာရှိတဲ့ အကျော်ကြားဆုံး ဗိသုကာ ပညာရှင် တဦးဖြစ်တဲ့ Adrian Smith ကို ငှားရမ်းခဲ့ပါတယ်။ Pearl (ပုလဲ)” လို့ Instagram အကောင့်မှာတင်ခဲ့ပါတယ်။

Smith ရဲ့ လုပ်ဆောက်ချက်တွေနဲ့ ပတ်သက်လို့ မင်းသားက “Adrian ဟာ ဒူဘိုင်းမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦ ဖြစ်တဲ့ Burj Khalifa နဲ့ ဆော်ဒီအာရေးဗျနိုင်ငံ၊ Jeddah မြို့ရဲ့ Jeddah တာဝါလိုမျိုး အဆောက်အဦကိုလည်း ဒီဇိုင်းရေးဆွဲ ပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသားရေးသားထားတဲ့ စာထဲမှာပါဝင်တဲ့ The Pearl ဆိုတဲ့ အသုံးအနှုန်းကတော့ ပြီးပြည့်စုံတဲ့ အဆောက်အဦလို့ ဆိုလိုတာ ဖြစ်ပါတယ်။ မင်းသားဟာ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rawson နဲ့အတူ ၂၀၁၆ ခုနှစ်မှာ အက်ရှင် ဟာသဇာတ်မြူး ရုပ်ရှင် “Central Intelligence” ကို အတူလက်တွဲပြီး ရိုက်ကူးခဲ့ဖူးပါတယ်။ ဒါ့အပြင် နာမည်ကျော် မင်းသမီး Gal Gadot ပါဝင်မယ့် “Red Notice” ရုပ်ရှင်မှာလည်း သူတို့နှစ်ဦး လက်တွဲ ရိုက်ကူးကြဦးမှာ ဖြစ်ပါတယ်။

“Skyscraper” ရုပ်ရှင်ကို လာမယ့် ဇူလိုင် ၁၃ ရက်ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Ref: aceshowbiz

The post “Skyscraper” ရုပ်ရှင် မိုးပျံအဆောက်အဦအတွက် ထိပ်တန်းဗိသုကာပညာရှင် ငှားရမ်းခဲ့တဲ့ The Rock appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...