Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဇာတ်လမ်းတွဲတွေက သရုပ်ဆောင်သစ်တွေအတွက် လုပ်ပြခွင့်ရတယ်” ဆိုတဲ့ အောင်မင်းခန့်

$
0
0

MRTV 4 မှ ဇာတ်လမ်းတွဲများနဲ့ ပရိသတ် ချစ်ခင်အားပေးမှုကို ရရှိလာခဲ့တဲ့ သရုပ်ဆောင် အောင်မင်းခန့်က ဇာတ်လမ်းတွဲတွေဟာ သရုပ်ဆောင်သစ်တွေအတွက် ပိုလုပ်ပြခွင့်ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အခုဆို ဗီဒီယိုဈေးကွက် ဦးကျိုးသွားတဲ့အချိန်မှာ ဇာတ်လမ်းတွဲတွေ ရိုက်ရတော့ ကျနော်တို့လို သရုပ်ဆောင်တွေ အတွက် ပိုလုပ်ခွင့် ရလာတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း သရုပ်ဆောင်သစ်တွေ သိပ်မှ မတွေ့ရတာ၊ အဲဒီအတွက် ဒီလို ဇာတ်လမ်းတွဲတွေက ကျနော်တို့အတွက် ပိုလုပ်ခွင့်ရတယ်။ နောက်မျိုးဆက်တွေ အတွက်လည်း ပိုကောင်းတာပေါ့” လို့ အောင်မင်းခန့်က ပြောပါတယ်။

“ထာဝရ မန္တလေး” ဇာတ်လမ်းတွဲနဲ့ ပရိသတ် လက်ခံခြင်း ခံခဲ့ရတဲ့ သရုပ်ဆောင် မင်းသား တယောက်ဖြစ်လာတဲ့ အောင်မင်းခန့်ကတော့ အခုအခါမှာတော့ ဇာတ်လမ်းတွဲ ၇ ကားခန့် ရိုက်ကူးပြီးစီးခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

“ကျနော်တို့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းတွဲတွေမှာ ကျနော်တို့ ကိုယ်တိုင် ပြင်ဆင်စရာ မလိုဘူး။ သူတို့က အစစအရာရာ အားလုံး ပြင်ဆင်ပေးတယ်။ ကျနော်တို့ တာဝန်က ဒိုင်ယာလော့ကို ရအောင်ပြော၊ ပြီးတော့ ပေးထားတဲ့ ဇာတ်ကောင်ကို အပီပြင်ဆုံး သရုပ်ဆောင်ဖို့ပါပဲ” လို့ အောင်မင်းခန့်က ဇာတ်လမ်းတွဲရိုက်ရတဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေပြီဖြစ်တဲ့ အောင်မင်းခန့်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးရတဲ့ ကွာခြားမှု အပိုင်းနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ကျနော်တို့က သရုပ်ဆောင်ဖြစ်တဲ့အတွက် ဘာပဲရိုက်ရိုက် လုပ်နိုင်တယ်။ အဲဒါက ကျနော်တို့ သရုပ်ဆောင်တွေရဲ့ အားသာချက်ပါပဲ။ ဒီနေ့ဆိုက်ကားသမား ဇာတ်ကောင်ဆိုပေမယ့် နောက်နေ့ကျရင် ပညာတတ် သူဌေးသား တယောက် လည်း ဖြစ်ချင်ဖြစ်သွားမယ်။ ဇာတ်ကောင်ကို အမြန်ကူးလို့ရတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ “မနေ့ကဖြစ်သည် ၂” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးထားပြီး ဒီထဲမှာတော့ ဂျစ်ကန်ကန် ကောင်လေး တယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

The post “ဇာတ်လမ်းတွဲတွေက သရုပ်ဆောင်သစ်တွေအတွက် လုပ်ပြခွင့်ရတယ်” ဆိုတဲ့ အောင်မင်းခန့် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...