Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်ပရိုမိုးရှင်းအတွက် Superman မင်းသားနဲ့အတူ ဆိုးလ်ကိုသွားမယ့် Tom Cruise

$
0
0

ဟောလိဝုဒ်မင်းသား Tom Cruise ဟာ ယခုနှစ် နွေကာလမှာ “Mission: Impossible – Fallout” ရုပ်ရှင်အသစ် အတွက် တောင်ကိုရီးယားနိုင်ငံကို လုပ်ဖော်ကိုင်ဖက် Superman မင်းသား Henry Cavill နဲ့အတူ လာရောက် လည်ပတ်မှာ ဖြစ်ကြောင်း ရုပ်ရှင်ရဲ့ ဒေသတွင်းဖြန့်ချိရေး ကုမ္ပဏီက ဇွန်လ၂၁ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။

မင်းသားဟာ ဆဋ္ဌမမြောက် နောက်ဆက်တွဲ ထောက်လှမ်းရေး အက်ရှင်ရုပ်ရှင်ကို ရုံမတင်ခင် သီတင်းတပတ်ကျော် အလို ဖြစ်တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ တောင်ကိုရီးယားကို လေကြောင်းခရီးစဉ်နဲ့ ရောက်လာမှာ ဖြစ်တဲ့ အကြောင်း Lotte Entertainment က ပြောဆိုပါတယ်။

အဲဒါဟာ သူ့အတွက် တောင်ကိုရီးယားကို လာရောက်လည်ပတ်တဲ့ ၉ ကြိမ်မြောက် ခရီးစဉ်ဖြစ်လာမှာဖြစ်ပြီး ပထမဆုံး အကြိမ်ကတော့ ၁၉၉၄ ခုနှစ်မှာ “Interview with the Vampire: The Vampire Chronicles” ရုပ်ရှင်အတွက် ရောက်ရှိခဲ့ဖူးတာ ဖြစ်ပါတယ်။ သူနောက်ဆုံးရောက်ရှိခဲ့တာကတော့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ တုန်းက “Jack Reacher: Never Go Back” ရုပ်ရှင်ပရိုမိုးရှင်းအတွက် ဖြစ်ပါတယ်။

မကြာခင် ရောက်ရှိလာတော့မယ့် ခရီးစဉ်မှာတော့ သူနဲ့အတူ မင်းသားတွေ ဖြစ်ကြတဲ့ Henry Cavill နဲ့ Simon Pegg တို့ အပြင် ရုပ်ရှင်ဒါရိုက်တာ Christopher McQuarrie လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ “Man of Steel” နဲ့ “Batman v Superman: Dawn of Justice” ရုပ်ရှင်တို့မှာ စူပါမန်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Cavill ကတော့ တောင်ကိုရီးယားကို ပထမဆုံးအနေနဲ့ ရောက်ရှိလာမှာဖြစ်ပါတယ်။
မင်းသား Pegg ကတော့ ၂၀၁၆ ခုနှစ်မှာ “Star Trek Beyond” ရုပ်ရှင်ပရိုမိုးရှင်းအတွက် ရောက်ရှိလာခဲ့ပြီးနောက် ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်လာမှာပါ။

“Mission: Impossible – Fallout” ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တချို့နဲ့ ဒါရိုက်တာတို့ဟာ ကော်ဇောနီ လမ်းမ ထက်မှာ လမ်းလျှောက်မယ့် အစီအစဉ်ကနေ ပရိသတ်တွေကို တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပြီး ပရိုမိုးရှင်း သတင်းစာ ရှင်းလင်းပွဲကိုလည်း တက်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။

အခုရုပ်ရှင်အသစ်မှာတော့ စူပါအေးဂျင့် တယောက်ဖြစ်တဲ့ Ethan Hunt (Tom Cruise) နဲ့ သူ့ရဲ့ Impossible Missions Force အဖွဲ့ဟာ မစ်ရှင်တခု မှားယွင်းသွားခဲ့ပြီဆိုတာကို သိလိုက်ရပြီးတဲ့နောက် အချိန်နဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတခုထဲမှာ ပါဝင်ခဲ့ကြပုံကို ဇာတ်အိမ်တည်ထားပါတယ်။ တခြားနိုင်ငံတွေမှာမပြသခင် တောင်ကိုရီးယားနိုင်ငံမှာတော့ အဲဒီရုပ်ရှင်ကို ဇူလိုင်လ ၂၅ ရက်နေ့မှာ စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref:Yonhap

The post ရုပ်ရှင်ပရိုမိုးရှင်းအတွက် Superman မင်းသားနဲ့အတူ ဆိုးလ်ကိုသွားမယ့် Tom Cruise appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...