Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သံသယ တရားခံနဲ့အတူ ပရိသတ်များ ရင်ခုန် စိတ်လှုပ်ရှားရမယ့် “Golden Slumber”ရုပ်ရှင်

$
0
0

“Golden Slumber” လို့အမည်ရတဲ့ ကိုရီးယားရုပ်ရှင်ကတော့ ပရိသတ်တွေအနေနဲ့ အကြောင်းအရာ တော်တော်များများကို တနေရာတည်းမှာ လေ့လာလို့ရမယ့် ဇာတ်ကားတခုဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Noh Dong-seok က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေကတော့ Gang Dong Won, Kim Eui Sung, Kim Dae Myung နဲ့ Han Hyo Joo တို့ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ Kotaro Isaka ရေးသားတဲ့ နာမည်တူ ဂျပန် ဝတ္ထုတခုကို အခြေခံထားပါတယ်။

သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေသူ နာမည်ကျော် ပုဂ္ဂိုလ်တဦးကို သေဆုံးစေခဲ့တဲ့သူ၊ ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့သူအဖြစ် စွပ်စွဲခံရပြီးနောက် အသက်ရှင်နိုင်ရေး အသက်လုပြေးရမယ့် ပစ္စည်းပို့အမျိုးသား တဦးအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ ဒီရုပ်ရှင်ကို တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ရုံတင်ခဲ့တာဖြစ်ပါတယ်။

ပစ္စည်းပို့သမားလေး Kim Geon-woo (မင်းသား Gang Dong Won) ဟာ အကြင်နာတရားနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ သူတယောက် ဖြစ်ပါတယ်။ ဓားပြမှုတခုမှာ နာမည်ကျော်အဆိုတော် တဦးကို ကယ်တင်လိုက်ရာက ရဲတပ်ဖွဲ့ထံကနေ စံပြနိုင်ငံသားဆုကို လက်ခံရရှိခဲ့ပြီးတဲ့နောက် နာမည်ကျော်ကြားလာခဲ့ပါတယ်။

တနေ့မှာတော့ သူတို့အထက်တန်းကျောင်းတုန်းက သူငယ်ချင်း Mu Yeol က သူ့ဆီကို အချိန်အကြာကြီးနေမှာ ရုတ်တရက် ရောက်လာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နာမည်ကျော် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ရေပန်းစားနေသူကို လုပ်ကြံသူအဖြစ် စွပ်စွဲခံရမှာဖြစ်ကြောင်း သူ့ကိုပြောပြီးတဲ့နောက် ဗုံးပေါက်ကွဲမှု တခုမှာ သေဆုံးသွားခဲ့ပါတယ်။

သမ္မတလောင်းဆိုသူဟာလည်း သူ့မျက်စိရှေ့မှာတင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။ အဲဒီနောက် Geon Woo ဟာ ရဲတပ်ဖွဲ့ရဲ့ အလိုအရှိဆုံး ဝရမ်းပြေး ဖြစ်လာခဲ့ပြီး ဗုံးဖောက်ခွဲ တိုက်ခိုက်မှုမှာ အဓိက သံသယရှိသူ အဖြစ် ပစ်မှတ် ထားခံခဲ့ရပါတယ်။

အဲဒီနောက် ဒုက္ခ အကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ Mu Yeol ရဲ့ အသိမိတ်ဆွေ သူလျှိုဟောင်း မစ္စတာ မင်ရဲ့ အကူအညီနဲ့ ဗုံးပေါက်ကွဲမှု နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီရုပ်ရှင်ခေါင်းစဉ် နာမည်ဖြစ်တဲ့ “Golden Slumbers” ဆိုတာကတော့ နာမည်ကျော် တီးဝိုင်းအဖွဲ့တခုဖြစ်တဲ့ The Beatles အဖွဲ့ရဲ့ သီချင်းနာမည် ဖြစ်ပါတယ်။

ဒီသီချင်း စာသားဟာဆိုရင် သီချင်းရေးဆရာ Paul McCartney က တီးဝိုင်းကို တရားဝင် မဖျက်သိမ်းခင် အဖွဲ့ဝင်တွေ တဦးနဲ့ တဦး ချစ်ခင်ခဲ့ကြတဲ့ ရွှေရောင်နေ့ရက်များကို ပြန်လည် တမ်းတတဲ့ စာသားများ ထည့်သွင်း ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ အခုရုပ်ရှင်မှာလည်း အဓိက ဇာတ်ဆောင်မင်းသားက သူတို့အထက်တန်း ကျောင်းတုန်းက နေ့ရက်တွေနဲ့ သူငယ်ချင်းဟောင်းတွေကို အမြဲတစေ တမ်းတ လွမ်းဆွတ်နေတဲ့ ပုံစံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အဓိကဇာတ်ဆောင် ပျိုတိုင်းကြိုက်နှင်းဆီခိုင်မင်းသား Gang Dong-won ပါဝင်ထားတဲ့ ဒီရုပ်ရှင်ဟာ သည်းထိတ်ရင်ဖို မှုခင်းအခြေခံ ရုပ်ရှင်အမျိုးအစားထဲမှာတော့ ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ သူငယ်ချင်းတွေကြားက သံယောဇဉ်၊ နိုင်ငံရေး အရှုပ်အထွေးနဲ့ နောက်ခံပေါ့ပ်တီးလုံး သံစဉ်တွေကို ကြားသိ မြင်တွေ့မှာလည်း ဖြစ်ပါတယ်။

အခုပြန်လည်ရိုက်ကူးတဲ့ ကိုရီးယားရုပ်ရှင်မှာတော့ Geon Woo နဲ့ သူ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးကို အဓိက မီးမောင်းထိုး ပြသထားပါတယ်။ ဒါပေမယ့် ကာလအကြာကြီး မတွေ့ခဲ့ကြရတဲ့ သူ့သူငယ်ချင်း Mu Yeol က ဘာကြောင့် သူ့အစား အသက်စွန့်သွားတယ်ဆိုတာ နားလည်ဖို့ နည်းနည်းခက်ပါတယ်။

အဲဒီတချက်တည်းပဲ ပရိသတ်ကို ဇာတ်သိမ်းအထိ သိချင်အောင် ဆွဲဆောင်သွားမှာပဲ ဖြစ်ပါတယ်။ IMDB Rating (10/5.8) ပဲ ရရှိထားပေမယ့် သည်းထိတ်ရင်ဖို မှုခင်းရုပ်ရှင်တွေ၊ အသတ်အပုတ်ရုပ်ရှင်တွေ ကြိုက်နှစ်သက်သူတွေ အတွက် ဇာတ်ကားကောင်း တကားဖြစ်တယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။

Ref: Yonhap

The post သံသယ တရားခံနဲ့အတူ ပရိသတ်များ ရင်ခုန် စိတ်လှုပ်ရှားရမယ့် “Golden Slumber” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...