Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွဲနေချိန်မှာ အတူရှိပေးခဲ့တဲ့ ဇနီးဖြစ်သူ စမိုင်းလ်ကို ကျေးဇူးတင်တယ်ဆိုတဲ့ ကိုပြည့်မောင်

$
0
0

ဒီနေ့ ဇွန်လ၂၂ရက်နေ့မှာတော့ သရုပ်ဆောင် စမိုင်းလ်ရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ စမိုင်းလ်က မွေးနေ့မှာတော့ သူမရဲ့ ခင်ပွန်း ကိုပြည့်မောင်ကလည်း မွေးနေ့ဆုတောင်းစကားကို သူရဲ့ Facebook ကနေ အခုလို ဆုတောင်းပေးထားပါတယ်။

“အင်မတန်ဖြူစင်တယ်၊ ရိုးရှင်းလွန်းတယ်။ ဟန်ဆောင်မှု လုံးဝ မရှိဘူး။ စိတ်ထဲရှိတဲ့အတိုင်း ပြောတယ်။ အမြဲပြုံးရွှင်ပြီး အနားရှိ လူအားလုံးကို ပျော်အာင် အမြဲလုပ်ပေးနိုင်တဲ့ချစ်။ အမြဲတမ်း ဒီလိုလေးပဲ နေပါ။ မောင့်ဘေးမှာ မွဲနေချိန် ကတည်းက အပြုံးမပျက်ဘဲ အားပေးခဲ့တယ်၊ အဲဒီအချိန်တုန်းကသူဌေးကြီးတွေ လိုက်ကြိုက်တာတောင် ငမွဲ မောင့်ဘေးမှာပဲ တချက ်မခွာဘူး။ ပျော်ပျော်ကြီးအတူ အငတ်ခံခဲ့တဲ့ ရွှေမင်းသမီး။ အဆင်မပြေချိန်တွေမှာ အတူတူ ဖက်ငိုပေးခဲ့တယ်”

“ဒီအချိန်မှာ ကြိုက်တဲ့လူတွေ ကြိုက်သလိုပြောပါစေ ချစ်နဲ့မောင် တယောက်ဘေး တယောက် ရှိနေရင် ဘာမဆို ရင်ဆိုင်ရဲတယ်၊ ထပ်ငတ်ရဲတယ်။ သမီး နှစ်ယောက်ဘဝ၊ ကိုယ်တွေလို မရုန်းကန်ရဖို့က မောင်တို့ နှစ်ယောက်ရဲ့ ရည်ရွယ်ချက်ပဲ။ ဆက်ကြိုးစားကြမယ်နော်” ဆိုပြီး ကိုပြည့်မောင်က ဇနီးဖြစ်သူ စမိုင်းလ်အတွက် ဆုတောင်း ပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကိုပြည့်မောင်က ဇွန်လ ၆ ရက်နေ့ကလည်း စမိုင်းလ်ရဲ့ မွေးနေ့အတွက် Surprise အနေနဲ့ မြန်မာပလာဇာမှာ ကျပ်သိန်း ၈၀၀၀တန် တန်ဖိုးကြီး Rolls Royce ကားကြီးကို လက်ဆောင်ပေးခဲ့ပါတယ်။ ဇနီးဖြစ်သူကို အမြဲဦးစားပေးပြီး ချစ်တတ်တဲ့ ကိုပြည့်မောင်နဲ့ ပတ်သက်လို့လည်း စမိုင်းလ်က ဧရာဝတီကို အခုလို ဖြေဖူးပါတယ်။

“ကိုပြည့်မောင်က စမိုင်းလ်ကို အမြဲတမ်း ဦးစားပေးတယ်။ ပိုချစ်တယ်။ သူပိုချစ်လို့လည်း စမိုင်းလ်ဘဝက အေးအေးချမ်းချမ်း နေရတာပါ။သမီးလေးတွေကိုလည်း သူအရမ်းချစ်တယ်။ အမြဲတမ်း ကျေးဇူးတင်ပါတယ်” လို့ စမိုင်းလ်က ဆိုပါတယ်။

စမိုင်းလ်ဟာ ဒီရက်ပိုင်းအလှူတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် ကစ်ကစ်အတွက် အလှူငွေ (၁၀)သိန်း သွားရောက် လှူဒါန်းပေးခဲ့ပါသေးတယ်။

ယနေ့မှာ ကျရောက်တဲ့ စမိုင်းလ်ရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့ အလှူအတွက်ကိုလည်း စမိုင်းလ်က မိသားစုနဲ့အတူ လှိုင်သာမြို့နယ်ရှိ မွေးနေ့အလှူ ပြုလုပ်နေပြီး သက်ကြီးရွယ်အို အယောက် ၁၂၀ အတွက် နေ့လည်စာနဲ့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဆက်စပ် သတင်းလင့်ခ် – ခင်ပွန်းဆီက သိန်း ၈ ထောင်တန်ကား မွေးနေ့လက်ဆောင် ရခဲ့တဲ့ စမိုင်းလ်

The post မွဲနေချိန်မှာ အတူရှိပေးခဲ့တဲ့ ဇနီးဖြစ်သူ စမိုင်းလ်ကို ကျေးဇူးတင်တယ်ဆိုတဲ့ ကိုပြည့်မောင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...