Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ၄၀၀ ကျော်ကို လှူဒါန်းခဲ့တဲ့ ခန့်စည်သူတို့ အဖွဲ့

$
0
0

အကယ်ဒမီ ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ ၆၄ ကြိမ်မြောက် အလှူကို ယနေ့ ဇွန်လ ၂၂ရက်နေ့၊ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါး ကျောင်းသား/ ကျောင်းသူ ၄၀၀ ကျော်အတွက် ပညာသင်ထောက်ပံ့ကြေးများ လှူဒါန်းခဲ့ပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ လစဉ်လတိုင်းလှူနေကျ အလှူလေးဖြစ်ပါတယ်။ ဒီနေ့အလှူက ၆၄ကြိမ်မြောက် အလှူဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ အလှူငွေပေါင်း သိန်း ၂၇၀၀ ကျော်လောက် ရှိပါပြီ ။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းက ကလေးတွေအတွက် တနှစ်တာ ပညာသင်စရိတ် သင်ထောက်ကူပစ္စည်း၊ ကျောင်းဝတ်စုံ၊ စာအုပ်၊ ထီး ၊ ထူးချွန်ကျောင်းသားတွေအတွက် ဆုပေးခဲ့ပါတယ်” လို့ ခန့်စည်သူက ပြောပါတယ်။

ဒီကနေ့မှာတော့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား/ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်တဲ့အပြင် ရှမ်းပြည်နယ် မန်တုံဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကြောင်း ပညာတခု ဖြစ်တဲ့ ဒီဇိုင်နာသင်တန်းရဲ့ သင်တန်းဆင်းပွဲကိုပါ ပြုလုပ်ခဲ့ပါတယ်။

“ဒီဇိုင်နာသင်တန်းကတော့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုးက ဆက်သွယ်တယ်။ ရှမ်းပြည်နယ် မန်တုံဒေသက စစ်ဘေးရှောင်ဒေသမှာရှိတဲ့ အမျိုးသမီးငယ်လေးတွေအတွက် အသက်မွေးဝမ်းကြောင်း အနေနဲ့ စက်ချုပ်လုပ်မယ့် ဒီဇိုင်နာသင်တန်းလေးမှာ သင်ပေးလို့ရမလားဆိုပြီး အကူအညီတောင်းတော့ ကျနော်တို့က ဒီဇိုင်နာဆရာမဆီကို ထပ်ဆင့်အကူအညီတောင်းပါတယ်။ ဒီဘုန်းကြီးကျောင်းက ဆရာတော်က နေရာစီစဉ်ပေးတဲ့ အတွက် စစ်ဘေးရှောင်အမျိုးသမီးငယ် ၂၂ဦးအတွက် သင်တန်းဖွင့်လှစ်ပေးခဲ့ပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။

အကယ်ဒမီ ခန့်စည်သူ ဦးဆောင်တဲ့ မေတ္တာသင်္ဂဟအဖွဲ့ကိုတော့ ၂၀၁၁ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့ပြီး ရန်ကုန် ၊ မန္တလေးမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များ ၊ အနုပညာရှင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါမှာတော့ အလှူငွေပေါင်း သိန်း ၂၇၀၀ ကျော်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

The post ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ၄၀၀ ကျော်ကို လှူဒါန်းခဲ့တဲ့ ခန့်စည်သူတို့ အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...