Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Myanmar Idol “Retro Night” မှာ ပြိုင်ပွဲဝင်များရဲ့ ဖက်ရှင်ကို အားမရခဲ့တဲ့ မြန်မာပြည်သိန်းတန်

$
0
0

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Idol Season 3 ရဲ့ Retro Night သီဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် တဦးဖြစ်တဲ့ မြန်မာပြည်သိန်းတန်က ပြိုင်ပွဲဝင်များရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်ခဲ့တာကို တွေ့ရပါတယ်။

ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်များက ၁၉၈၀ ခုနှစ်ဝန်းကျင်က တေးသီချင်းများနဲ့ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဖက်ရှင်များကိုလည်း အဲဒီခေတ်က ဒီဇိုင်းများ ဝတ်ဆင်ခဲ့ကြပေမယ့် မြန်မာပြည်သိန်းတန်ကတော့ ပြိုင်ပွဲဝင်တချို့ရဲ့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အပြုသဘောမျိုး အကြံပေးခဲ့ပါတယ်။

ပြိုင်ပွဲဝင် နံပါတ် ၈ ဖြစ်တဲ့ ပြည့်ဖြိုးက အဆိုတော်ဂျေမောင်မောင်ရဲ့ “ချစ်တေလေ” သီချင်းကို စည်းချက်နဲ့ အညီအဆိုနဲ့ အကပိုင်းကို တင်ဆက်ဖျော်ဖြေပေးခဲ့ပြီး သူသီဆိုနေတဲ့အချိန်မှာ မြန်မာပြည်သိန်းတန်ကပါ သီချင်းနဲ့အတူ စီးမျောပြီး ထကခဲ့ရတဲ့အထိ မြူးကြွစေခဲ့ပါတယ်။ ဒါပေမယ့် သီချင်းသီဆိုမှု အပြီးမှာတော့ ပြည့်ဖြိုးရဲ့ ဖက်ရှင်က ကချင်ပြည်နယ်က ရေခဲတောင်တက်မယ့် ဒီဇိုင်းမျိုးဖြစ်နေတယ်လို့ မြန်မာပြည်သိန်းတန်က နောက်ပြောင်ကျီစယ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင့် အဲဒီသီချင်းကို သီဆိုတဲ့အခါမှာ အန်ကယ့်လို ဝတ်စေချင်တယ်လို့လည်း နောက်ပြောင်ခဲ့ပါသေးတယ်။

 

 

ပြိုင်ပွဲဝင် နံပါတ် ၁၀ ဖြစ်တဲ့ နေခန့်မင်းသစ်က အဆိုတော် ဂျေမောင်မောင်ရဲ့ “အသည်းကွဲမြို့တော်” သီချင်းကို သီဆို ဖျော်ဖြေခဲ့ကာ သူရဲ့ဦးထုတ်နဲ့ ပတ်သက်ပြီး မြန်မာပြည်သိန်းတန်က မဆောင်းသင့်ဘူးလို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် သီချင်း သီဆိုမှုအပိုင်းနဲ့ ပတ်သက်လို့တော့ တော်ပါပေတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ပြိုင်ပွဲဝင် နံပါတ် ၅ ဖြစ်တဲ့ ချင်းတိုင်းရင်းသူလေး နီလျန်းကတော့ အဆိုတော ်မက်ဒေါနားရဲ့ “Like a virgin” ကို မြန်မာလို ပြန်ဆိုထားတဲ့ “အပျိုစင်လေးပါ” သီချင်းကို သီဆိုခဲ့ပါတယ်။ နီလျန်းရဲ့ ဝတ်စားဆင်ယင်မှုအပိုင်းနဲ့ ပတ်သက်လို့ ကျန် ဒိုင်လူကြီး ၃ ဦးက “ချစ်စရာကောင်းတယ်၊ သီချင်းနဲ့ လိုက်ဖက်တယ်” လို့ ချီးကျူးခဲ့ကြပေမယ့် မြန်မာပြည်သိန်းတန် ကတော့ မက်ဒေါနားလို့ ဝတ်ဆင်ပြီး သီဆိုသင့်တယ်လို့ အပျော်သဘောနဲ့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အကဲဖြတ်ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်က ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လည်း ဖက်ရှင်ကျကျ ဝတ်ဆင်တတ်သလို အရောင်တောက်တောက်၊ ပြောင်ပြောင်လက်လက်များကို သဘောကျနှစ်ခြိုက်သူတဦးလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက်လည်း မနှစ်တုန်းက ဖက်ရှင်ပိုင်းအတွက် သိန်းထောင်ချီပြီး ဖက်ရှင်ဒီဇိုင်းများအတွက် အကုန်အကျခံခဲ့တယ်လို့ နာမည်ကြီးခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အားလုံးက သူ့ခေတ်နဲ့ သူ့စတိုင်လ်ကို အကောင်းဆုံးသီဆိုဖျော်ဖြေသွားကြပေမယ့် ဒီအပတ်မှာတော့ ပရိသတ် အများဆုံး လက်ခံအားပေးခြင်းခံထားရတဲ့ ပြိုင်ပွဲဝင် နံပါတ်(၇) ဖြိုးမြတ်အောင်နဲ့ ပြိုင်ပွဲဝင် နံပါတ်(၁၁) ချမ်းမြေ့မောင်ချိုတို့ နှစ်ဦးကတော့ အမှားလေးတွေ အနည်းငယ်စီ ပါလာတဲ့အတွက် ဒိုင်များဆီက ကျေနပ်မှု အပြည့်အဝ မရှိခဲ့ကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် ယခုတခေါက် ပြုလုပ်တဲ့ Myanmar Idol Season 3 ကတော့ ပါဝင်ကြတဲ့ အကဲဖြတ်ဒိုင် ၄ ဦးဖြစ်တဲ့ မြန်မာပြည် သိန်းတန်၊ ရန်အောင်၊ မျိုးကျော့မြိုင်နဲ့ တင်ဇာမော်တို့ရဲ့ ပေါ့ပေါ့ပါးပါး ပျော်စရာ အကဲဖြတ်ပေးတဲ့ စကားများကြောင့် အရင်နှစ်များက ပြုလုပ်ပြီးခဲ့တဲ့ Season 1 နဲ့ Season 2 ထက် ပရိသတ်က ပိုမို သဘောကျ အကြိုက်တွေ့နေ ကြပါတယ်။

The post Myanmar Idol “Retro Night” မှာ ပြိုင်ပွဲဝင်များရဲ့ ဖက်ရှင်ကို အားမရခဲ့တဲ့ မြန်မာပြည်သိန်းတန် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...