စေ့စပ်ပွဲသတင်း ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ အဆိုတော် Ariana Grande နဲ့ မင်းသား Pete Davidson တို့ဟာ အချစ်ရေးမှာ ကြီးမားတဲ့ ခြေလှမ်းသစ်တရပ် အနေနဲ့ အတူပြောင်းရွှေ့ နေထိုင်လိုက်ကြပြီ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ အရမ်းအဆင့်မြင့်တဲ့ နေရာကို ရွေးချယ်ထားတာတော့ မဟုတ်ပါဘူး။ TMZ မီဒီယာရဲ့ အဆိုအရ သူတို့ စုံတွဲနှစ်ဦးဟာ Manhattan အရပ်မှာ အိပ်ခန်း ၅ ခန်း ပါရှိတဲ့ တိုက်ခန်းမှာနေထိုင်နေကြပြီလို့ သိရပါတယ်။ People မဂ္ဂဇင်းရဲ့အဆိုအရ အဲဒီ တိုက်ခန်းမှာ ၇၅ ပေကျယ်တဲ့ ရေကူးကန်၊ လူ ၁၂ ဦးကြည့်ရှုနိုင်တဲ့ သီးသန့် IMAX ရုပ်ရှင်ရုံ၊ သစ်သီး ဖျော်ရည်ဘားနဲ့အတူ အဆိုတော် Ariana အတွက် ဒေါ်လာ ၉ သောင်း ၃ ထောင်တန် စိန်လက်စွပ်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သူတို့ပြောင်းရွှေ့သွားတဲ့ အဆောက်အဦဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှသာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ တိုက်အသစ် ဖြစ်ပါတယ်။ ဂီတပညာရှင် Sting ဟာလည်း သူ့ဇနီးနဲ့အတူ အဲဒီတိုက်ခန်းတခုမှာ နေတယ်လို့လည်း ဆိုပါတယ်။ အဆိုတော် Ariana ဟာ သူတို့နှစ်ဦး အတူတူ နေထိုင်ကြပြီ ဖြစ်တဲ့အကြောင်း ဇွန်လ ၁၆ ရက်နေ့တုန်းက Instagram ကနေတဆင့် ပြောကြားခဲ့ပါတယ်။
သူဟာ သူတို့ရဲ့ အခြေအနေကို မှတ်တမ်းတင်ဖို့ တစ်သျှူးစတခုကို ကိုင်ထားတဲ့ ကာတွန်းဇာတ်ကောင် Spongebob Squarepants ရဲ့ ဓာတ်ပုံတခုကို အသုံးပြုခဲ့ပါတယ်။ သူက “ကျမတိုရဲ့ ပရိဘောဂ မရှိတဲ့ တိုက်ခန်းအသစ်မှာပါ။ စပီကာ တခုနဲ့ အနီရောင် စပျစ်နွယ်ပင်ပဲ ရှိပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ Pop စတား Ariana ဟာ သူတို့ရဲ့ ပြောင်သလင်း ခါနေတဲ့ တိုက်ခန်းကို သန့်စင်ခဲ့ပြီး နောက် မင်းသား Davidson၊ အခြားသူငယ်ချင်းနှစ်ယောက်နဲ့အတူ စောင်ကြမ်းတွေ ဝယ်ဖို့ ဈေးဝယ်ထွက်ခဲ့တဲ့ ဗီဒီယိုကိုလည်း ဝေမျှခဲ့ပါတယ်။
Ariana ဟာ သူနဲ့ Davidson တို့ရဲ့ အချစ်ရေးကို ပြီးခဲ့တဲ့ မေလအကုန်ပိုင်း လောက်မှာ Instagram ကနေတဆင့် လူသိရှင်ကြား ကြေညာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ သီတင်းပတ်ပေါင်းများစွာ ဆိုရှယ်မီဒီယာ ပေါ်မှာ တင်ပြခဲ့ပြီးတဲ့နောက် အစီအစဉ် တင်ဆက်သူနဲ့ မင်းသား Davidson ဟာ “The Tonight Show” အစီအစဉ်မှာ သူနဲ့ Ariana တို့ စေ့စပ်ထားကြပြီ ဖြစ်တဲ့အကြောင်း ဇွန်လ ၂၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ချစ်သူသက်တမ်း ၁ လအကြာမှာ စေ့စပ်လိုက်တဲ့ အဆိုတော် Ariana Grande
Ref: asiaone
The post နယူးယောက်က ဇိမ်ခံတိုက်ခန်းကို ပြောင်းရွှေ့သွားကြတဲ့ Ariana Grande တို့စုံတွဲ appeared first on ဧရာဝတီ.