Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Priyanka Chopra ရဲ့မိခင်ကို တွေ့ဖို့ အိန္ဒိယကို ရောက်လာတဲ့ Nick Jonas

$
0
0

Priyanka Chopra နဲ့ Nick Jonas ကို ဂါလာပွဲပြီးကတည်းက နေရာတကာမှာ တပူးပူး တတွဲတွဲ တွေ့နေရတဲ့အတွက် ပရိသတ်တွေက သို့လောသို့လော ဖြစ်နေကြပါတယ်။ အခုပုံစံကြည့်ရတာတော့ မကြာခင်မှာဘဲ မင်္ဂလာသတင်း ကြားရတော့မယ်ထင်ပါတယ်။

ပြောစကားတွေအရ Nick က Priyanka ကို သူ့ရဲ့မိဘတွေနဲ့ မိတ်ဆက်ပေးပြီးပြီလို့ သိရပါတယ်။ အခုတော့ Priyanka ကလည်း Nick ကို သူမရဲ့အမေနဲ့ မိတ်ဆက်ပေးမယ့် အခြေအနေပဲ ဖြစ်ပါတယ်။

Priyanka နဲ့ Nick Jonas ဟာ မွန်ဘိုင်းကို အတူတကွ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ဒီစုံတွဲဟာ လေဆိပ် ရောက်ကတည်းက သတင်းသမားတွေရဲ့အာရုံစိုက်ခံနေရတာပါ။ သတင်းတွေအရ Priyanka ရဲ့ အိမ်သစ် ပါတီပွဲလုပ်ဖို့ လာတယ်လို့လည်း သိရပါတယ်။ သူမဟာ ဒီပွဲအတွက် Nick ကို ဖိတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမက Nick ကို သူမရဲ့ မိခင်၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အရင်တုန်းက ကောလဟာလတွေမှာဆိုရင် Priyanka ဟာ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်ကို Nick နဲ့ အတူ ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိတယ် လို့လည်း သိရပြီး ဒီလိုပြောင်းရွှေ့ခိုင်းတာကလည်း Nick က Priyanka တဦးတည်း ကိုသာ ပြောဖူးတယ်လို့ သိရပါတယ်။

သူတို့ နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး Nick က Priyanka ဟာ သူရဲ့ရည်းစားဟောင်းတွေထက် အသက်ကြီး သလို ရင့်ကျက်မှုလည်းရှိပါတယ်။ တယောက်နဲ့တယောက် နားလည်မှုတွေနဲ့ပဲ အချစ်ရေးကို တည်ဆောက်ထားတယ်လို့ ပြောပါတယ်။

မနှစ်က MET Gala ပွဲမှာတွေ့ဆုံပြီးကတည်းက သူတို့နှစ်ဦးကို တပူးတွဲတွဲ တွေ့မြင်နေရတာဖြစ်ပါတယ်။ နှစ်ယောက် သား Date တဲ့အခါ ကင်မရာတွေကို တကူးတက ရှောင်တာမျိုး မရှိပေမယ့်အခု မွန်ဘိုင်းကို ပြန်လာတဲ့ တခေါက်မှာတော့ Priyanka ဟာ လေဆိပ်မှာ သတင်းသမားတွေကို ရှောင်ဖို့ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အသက် ၃၆ နှစ်ပြည့်တော့မယ့် Priyanka ရဲ့ မင်္ဂလာသတင်းကို သူမရဲ့ ပရိတ်သတ်တွေကလည်း စောင့်မျှော်နေကြမှာ အသေအချာပါပဲ။

ဆက်စပ် သတင်းလင့်ခ် – မင်္ဂလာပွဲကို လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ

Ref ; laughingcolours.com

The post Priyanka Chopra ရဲ့မိခင်ကို တွေ့ဖို့ အိန္ဒိယကို ရောက်လာတဲ့ Nick Jonas appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...