အချိန်တော်တော်ကြာ ချစ်သူအဖြစ် လက်တွဲခဲ့ကြတဲ့ ကိုရီးယားမင်းသား Jo Jung Suk နဲ့ အဆိုတော် Gummy တို့ဟာ ဒီနှစ်အတွင်းမှာပဲ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်မှာ မီဒီယာတခုဖြစ်တဲ့ Ilgan Sports က သူတို့ နှစ်ဦးဟာ ဒီနှစ် ဆောင်းဦး ရာသီမှာ လက်ထပ်တော့မှာ ဖြစ်ပြီး နှစ်ဖက်မိသားစု တရားဝင် တွေ့ဆုံပြီးနောက် ရက်အတိအကျ ရွေးချယ်မှာ ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။
မင်းသား Jo ကတော့ My Daily မီဒီယာကနေ တဆင့် အဲဒီသတင်းတွေကို အတည်ပြုထားပါတယ်။ သူက “ကျနော်တို့ဟာ ဒီနှစ်ဆောင်းဦးရာသီတချိန်ချိန်မှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ နှစ်ဖက်မိဘတွေကြား တရားဝင် တွေ့ဆုံတာမျိုး၊ လက်ထပ်ပွဲကျင်းပမယ့် နေရာကို ဆုံးဖြတ်တာမျိုး မလုပ်ရသေးလို၊ ကျနော်ကလည်း ‘Hit-and-Run’ ရုပ်ရှင်ကို ရိုက်ကူး နေဆဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တဦးကို တဦးချစ်မြတ်နိုးပြီး လက်ထပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေသွားမှာပါ” လို့ ပြောဆိုခဲ့ ပါတယ်။
Gummy ရဲ့ အေဂျင်စီဖြစ်တဲ့ C-JeS Entertainment မှသတင်းရင်းမြစ်တခုက “Jo Jung Suk နဲ့ Gummy တို့ဟာ ဒီနှစ်ဝက်နှောင်းပိုင်းလောက်မှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ရက်အတိအကျကိုတော့ မဆုံးဖြတ်ရသေး ပါဘူး။ ပြီးတော့ လက်ထပ်ပွဲကိုလည်း သီးသန့်အခမ်းအနားနဲ့ပဲ ကျင်းပမှာပါ။ ပရိသတ်တွေထံကနေ နွေးထွေးတဲ့ ထောက်ခံမှုကို တောင်းခံပြီး သူတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် ဆုမွန်ကောင်း တောင်းပေးပါလို့ တောင်းဆို လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသား Jo နဲ့ အဆိုတော် Gummy တို့ဟာ ၂၀၁၃ ခုနှစ်ကစလို့ မေတ္တာမျှခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို လူသိရှင်ကြားကြေညာခဲ့ပါတယ်။ တဦးအကြောင်း တဦးကို မေးမြန်းတဲ့ အခါမှာတော့ သူတို့နှစ်ဦးဟာ အချစ်ရေးကို နားလည်ပေးဖို့ ပြောကြားခဲ့တာမျိုး တွေ့ရပါတယ်။
သူတို့ရဲ့ သူငယ်ချင်း Park Jung Hyun ကတော့ သူတို့ချစ်သူနှစ်ဦးဟာ တဦးအပေါ် တဦး ဘယ်လောက် လေးစားတဲ့ အကြောင်းနဲ့ ဂရုစိုက်တဲ့အကြောင်း မကြာသေးခင်ကပဲ အမွှန်းတင်ပြောကြားခဲ့တာ ကိုလည်း တွေ့ရပါတယ်။ အဆိုတော် Gummy ရဲ့ မိခင်ကတော့ ရုပ်သံအစီအစဉ်တခုမှာ မင်းသား Jo နဲ့ သဘောတူ ခွင့်ပြုတဲ့အကြောင်း ပြောဆိုခဲ့ ဖူးပါတယ်။
မင်းသား Jo က ဒရမ်မာဇာတ်လမ်းတွဲတွေမှာထက် ရုပ်ရှင်တွေမှာ နာမည်ပိုမိုကျော်ကြားသူ လည်းဖြစ်ပါတယ်။ အဆို တော် Gummy ကတော့ Descendants of the Sun ရုပ်သံဇာတ်လမ်းတွဲ ဇာတ်ဝင်တေး “You Are My Everything” သီချင်းနဲ့ အာရှနိုင်ငံတွေမှာ အထူးနာမည်ကျော်ကြားခဲ့တဲ့ အဆိုတော်တယောက်ဖြစ်ပါတယ်။
Ref:soompi
The post အဆိုတော် Gummy နဲ့ လက်ထပ်တော့မယ့် ကိုရီးယားမင်းသား Jo Jung Suk appeared first on ဧရာဝတီ.