Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Game of Thrones”သရုပ်ဆောင် Kit Harington နဲ့ Rose Leslie တို့ရဲ့ လက်ထပ်ပွဲ ကျင်းပပြီးစီး

$
0
0

“Game of Thrones” ရုပ်သံဇာတ်လမ်းတွဲမှာ Jon Snow နဲ့ Ygritte တို့အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kit Harington နဲ့ မင်းသမီး Rose Leslie တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့တုန်းက ဗြိတိန်နိုင်ငံမှာပဲ လက်ထပ်ပွဲ ကျင်းပခဲ့ကြပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဆိုပါ သရုပ်ဆောင်နှစ်ဦးဟာ စကော့တလန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Aberdeen မြို့ကို ဇွန်လ ၂၂ ရက်နေ့တုန်းက အတူတွဲသရုပ်ဆောင်ခဲ့တဲ့ Emilia Clarke နဲ့ Peter Dinklage တို့နဲ့အတူ လက်ထပ်ပွဲကျင်းပဖို့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ရိုက်ကွင်းမှာ အတူဆုံစည်းခဲ့ကြတဲ့ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက Times သတင်းစာမှာ စေ့စပ်လိုက်တဲ့အကြောင်း ကြေညာခဲ့ပြီး ပြီးခဲ့တဲ့လမှာတော့ ဒေသဆိုင်ရာမှတ်တမ်းရုံးမှာ လက်ထပ်ပွဲနေ့ကို စာရင်းသွင်းခဲ့ပါတယ်။ လက်ထပ်ပွဲကိုတော့ နှစ်ပေါင်း ၉၀၀ ကျော်လောက် သတို့သမီး Rose တို့ မိသားစု နေထိုင်ခဲ့တဲ့ Aberdeenshire မှာရှိတဲ့ Wardhill ရဲတိုက်မှာ ကျင်းပခဲ့တာဖြစ်တယ်လို့ Daily Mail သတင်းမှာ ဖော်ပြပါတယ်။

မင်းသမီး Rose ဟာ ၂၀၁၄ ခုနှစ်မှာ “Game of Thrones” ဇာတ်လမ်းတွဲကနေ နုတ်ထွက်ခဲ့ပြီး မင်းသား Kit ရဲ့ ဇာတ်ကောင်ကတော့ အပိုင်းတိုင်းမှာ ဆက်လက်ပါရှိနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ အိုင်ယာလန်နိုင်ငံမှာ ရိုက်ကူးရေး ပြီးနောက် ရုပ်သံဇာတ်လမ်းတွဲထဲမှာ ချစ်သူအဖြစ် သရုပ်ဆောင်ရင်း ပိုမိုရင်းနှီးခဲ့ကြတာဖြစ်တယ်လို့ မင်းသား Kit က L’Uomo Vogue မီဒီယာကို ပြောကြားခဲ့ပါတယ်။

မင်းသား Kit က “အဲဒီနိုင်ငံကလှပပါတယ်။ ဝင်ရိုးစွန်းအလင်းတန်းတွေက မှော်ဆန်ပါတယ်။ အဲဒီမှာ ကျနော် ချစ်မိခဲ့ပါတယ်။ တယောက်ယောက်ကို ဆွဲဆောင်နိုင်ဖို့ဆိုရင် စိတ်ဝင်စားကြောင်း ပြသရမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ လွယ်လွယ်လေးကို ချစ်မိလာမှာပါ။” လို့ပြောကြားခဲ့ပါတယ်။

Ref: asiaone

The post “Game of Thrones” သရုပ်ဆောင် Kit Harington နဲ့ Rose Leslie တို့ရဲ့ လက်ထပ်ပွဲ ကျင်းပပြီးစီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...