Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အချစ်ရေးက တယောက်တည်း ဖြစ်ဖို့များတယ်” ဆိုတဲ့ ဟိန်းဝေယံ

$
0
0

ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ဟိန်းဝေယံက လက်ရှိမှာလည်း ဇာတ်ကားတွေ အများအပြား ရိုက်ကူးမှု ရှိနေပေမယ့် အနားရချိန်မှာတော့ မိဘတွေကို ဝိုင်းကူဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျနော်ဇာတ်ကားတွေလည်း ရိုက်ကူးထားပါတယ်။ ကျနော်ဒါရိုက်တာလုပ်ပြီး ရိုက်ထားတဲ့ “မာယာကကြိုး” က Production ပိုင်းကို သေချာလေး လုပ်နေပါတယ်။ ဒါရိုက်တာအနေနဲ့က ကျနော်ကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေ ရှိတယ် ဆိုရင် ထပ်ပြီး ရိုက်သွားဖို့ ရှိပါတယ်။ ကျနော်နားနေတဲ့ အချိန်တွေမှာ ကျနော် အဖေနဲ့ အဖေရဲ့ လုပ်ငန်းတွေကို ဝိုင်းကူပြီး လုပ်ပေးဖြစ်တယ်”လို့ ဟိန်းဝေယံက ဆိုပါတယ်။

ဟိန်းဝေယံက လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှထွေထွေ ထူးထူးပြောချင်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့ တယောက်တည်းပဲလို့ ဆိုပါတယ်။ “ကျနော် အချစ်ရေးကို မစဉ်းစားသေးပါဘူး။ ဒီတိုင်းပဲ ကောင်းပါတယ်။ တယောက်တည်း ဖြစ်ဖို့ များမလား မသိဘူး။ ကံကတော့ ပြောလို့ မရဘူး လေနော်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး ဘာမှထွေထွေထူးထူး ပြောချင်တာမျိုးတော့ မရှိပါဘူး” လို့ ဆိုပါတယ်။

ဗီဒီယိုဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဟိန်းဝေယံက ဗီဒီယိုဇာတ်ကားများ ထွက်ရှိမှု နည်းပါးလာမှုနဲ့ ပတ်သက်ပြီးလည်း အခုလို ဆိုပါတယ်။

“အမှန်တိုင်းပြောရရင် ဗီဒီယိုဈေးကွက်က သိသိသာသာကို လျော့နည်းသွားတာ အကုန်လုံးလည်း မြင်ကြပါတယ်။ ဗီဒီယို ဈေးကွက်ကို အခုထက်ပိုပြီး ထူထူထောင်ထောင်လေး ပိုဖြစ်စေချင်တယ်။ အဲ့တာကျနော်ရဲ့ ဆန္ဒပါ”လို့ ပြောပါတယ်။

ဟိန်းဝေယံဟာ ဇာတ်ကားများစွာ ရိုက်ကူးနေပြီး သူပါဝင်ထားတဲ့ “ဝိညာဉ်စိမ်း” ဇာတ်ကားကိုလည်း မကြာခင်မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။

The post “အချစ်ရေးက တယောက်တည်း ဖြစ်ဖို့များတယ်” ဆိုတဲ့ ဟိန်းဝေယံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles