Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရိုးသားပြီး စိတ်ဓာတ်ကောင်းမွန်သူကို ချစ်သူရွေးချယ်ထားတယ်”ဆိုတဲ့ ဝိုင်းလေး

$
0
0

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော်၊ အလှမယ် ဝိုင်းလေးကတော့ လက်ရှိ အချစ်ရေးက ချစ်သူရှိပေမယ့် အေးဆေးပါပဲလို့ ဆိုပါတယ်။

“လက်ရှိ အချစ်ရေးကတော့ အေးဆေးပါပဲ။ ပရိသတ်တွေကို အဲဒီအကြောင်းကြီးပဲ မမြင်စေချင်ဘူး။ ဝိုင်းရဲ့ အနုပညာ အလုပ်လေးကိုပဲ ပိုစိတ်ဝင်စားအောင် တနေ့တနေ့ ဘာလုပ်ရမလဲပဲ စဉ်းစားနေပါတယ်။ အချစ်ရေးက ဒီနေ့ အဆင်ပြေတယ်။ နောက်နေ့အဆင်ပြေချင်မှ ပြေတယ်။ နောက်နေ့ တယောက်တည်းလည်း ဖြစ်ကောင်း ဖြစ်သွား နိုင်တယ်လေ။ အဲ့အတွက် ချစ်သူနဲ့ ပတ်သက်ပြီး သိပ်ပြီးမဖော်ပြဖြစ်ဘူးလေ” လို့ ဝိုင်းလေးက ပြောပါတယ်။

“ဝိုင်းလေး အချစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်အရာမှ မသေချာတဲ့အတွက် ဘာမှ သိပ်မပြောချင်ဘူး။ အချိန်တန်လို့ ကိုယ်တကယ် လက်ထပ်မယ့်သူကိုပဲ ပရိသတ်တွေကို ချပြသွားပါမယ်။ အချစ်ရေးမှာလည်း ကံကောင်းတယ် မကောင်းဘူးလို့ မသတ်မှတ်ထားပါဘူး။ ဘာလို့လဲဆို ဒီနေ့ အဆင်ပြေပြီး နောက်နေ့အဆင်ပြေချင်မှပြေတာလေ” လို့ ဝိုင်းလေးက ဆိုပါတယ်။

ချစ်သူကို ရွေးချယ်တဲ့အခါမှာလည်း ပိုက်ဆံရှိတဲ့သူ၊ မရှိတဲ့သူဆိုပြီး ခွဲခြားရွေးချယ်တာ မဟုတ်ဘဲ အဓိက ရိုးသားပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့သူကိုသာ ရွေးချယ်ထားတာဖြစ်တယ်လို့လည်း ဝိုင်းလေးက ဆိုပါတယ်။

“ဝိုင်းလေးတို့က ပိုက်ဆံကိုကြည့်ပြီးတော့ချစ်တာထက် ငွေပုံပေါ်မှာ ထိုင်ပြီး စိတ်ညစ်ရတာမျိုး မကြိုက်ဘူး။ ဝိုင်းလေး တို့ကလည်း ရိုးရိုးသားသားနဲ့ အနုပညာဘက်မှာလည်း တဖြည်းဖြည်းချင်းပဲ တက်လာတာ ဖြစ်တဲ့အတွက် ချစ်သူ ရည်းစားထားတဲ့  အခါမှာလည်း ပိုက်ဆံရှိတဲ့သူ၊ ပိုက်ဆံမရှိတဲ့သူဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး” လို့ ဝိုင်းလေးက ပြောပါတယ်။

လက်ရှိဂီတနဲ့ ပတ်သက်ပြီး Single Song သီချင်းတပုဒ်ကို Online မှာ ဖြန့်ချိဖို့ လုပ်နေပြီး နယ်ဘက်မှာတော့ သီချင်းတွေ ဆိုပြီး ဖျော်ဖြေမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ဂီတဘက်ကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေပြီး သရုပ်ဆောင် လိုင်းကို ကူးပြောင်းဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း ဝိုင်းလေးက ဆိုပါတယ်။

ဝိုင်းလေးက အိမ်မက်ဆုံရာပြိုင်ပွဲမှ တဆင့် ပရိသတ် အားပေးမှုရရှိလာခဲ့ပြီး Miss World Myanmar ပြိုင်ပွဲမှာလည်း Winner တဦး ဖြစ်ခဲ့သူ တဦးပါ။

The post “ရိုးသားပြီး စိတ်ဓာတ်ကောင်းမွန်သူကို ချစ်သူရွေးချယ်ထားတယ်”ဆိုတဲ့ ဝိုင်းလေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...