Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Hollywood Walk of Fame မှာ ကြယ်ပွင့်နဲ့ မှတ်တမ်းတင်ဂုဏ်ပြုခံရမယ့် မင်းသား Daniel Craig

$
0
0

ဗြိတိသျှမင်းသား Daniel Craig ဟာ ဟောလိဝုဒ်မှာရှိတဲ့ Walk of Fame (အောင်မြင်ခြင်းလမ်းမ) ထက်မှာ ကြယ်ပွင့် တခုနဲ့ ဂုဏ်ပြုခြင်းခံရတော့မှာဖြစ်ပါတယ်။

အသက် ၅၀ အရွယ် ဂျိမ်းစ်ဘွန်းမင်းသား Daniel ဟာ ‘Ocean’s 8’ ရုပ်ရှင်မင်းသမီး Anne Hathaway နဲ့ မင်းသား Robert De Niro တို့နဲ့အတူ အဲဒီဂုဏ်ပြုမှုကို အတူတူ လက်ခံရရှိမှာဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က “၂၀၁၉ ခုနှစ်မှာ Hollywood Walk of Fame လမ်းမပေါ်မှာ ကြယ်တပွင့်ရရှိခဲ့သူတဦးအဖြစ်ရွေးချယ်ခံရတဲ့ Daniel Craig ကို ဂုဏ်ပြုပါတယ်”လို့ တွစ်တာမှာရေးသားခဲ့ပါတယ်။

Walk of Fame ဥက္ကဌ Vin Di Bona က “Walk Of Fame ရွေးချယ်ရေးကော်မတီဟာ Hollywood Walk Of Fame မှာ အသစ်စက်စက် ဂုဏ်ပြုခံရသူတွေကို ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်။ ကော်မတီဟာ ဖျော်ဖြေရေး လောကမှာရှိတဲ့ အမျိုးအစားပေါင်းစုံမှာ ပါဝင်ကြတဲ့ အရည်အချင်းရှိတဲ့ ဂုဏ်ပြုထိုက်သူတွေအဖွဲ့ တခုကို ရွေးချယ်ဖို့ အမြဲတမ်းကြိုးစား နေပါတယ်။

ကော်မတီအနေနဲ့ ပေးအပ်လာတဲ့အလုပ်တွေကို တာဝန်ကျေခဲ့ပြီး ပရိသတ်တွေ၊ ခရီးသွားတွေနဲ့ ဟောလိဝုဒ် အသိုင်းအဝိုင်းက ကျနော်တို့ရဲ့ ရွေးချယ်မှုကို သဘောကျကြပါလိမ့်မယ်။ ဂုဏ်ပြုထိုက်သူတိုင်းနဲ့ တဦးချင်းစီရဲ့ မျက်နှာ တွေကို ကြည့်ရတာစိတ်လှုပ်ရှားမိပြီး သူတို့ဟာ ဟောလိဝုဒ်ရဲ့ နာမည်အကျော်ကြားဆုံး လျှောက်လှမ်းမှာ ဂုဏ်ထူးဆောင် ကြယ်နဲ့ ပွင့်လန်းကြတော့မှာ ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်ကဏ္ဍမှာတော့ ‘The Shape of Water’ ရုပ်ရှင်ဒါရိုက်တာ Guillermo del Toro နဲ့ ‘Black Panther သရုပ်ဆောင် Lupita Nyong’o တို့လည်း ပါဝင်ကြပါတယ်။

အသံသွင်းလုပ်ငန်းကဏ္ဍမှာတော့ Michael Buble, Pink and Cypress Hill, Dolly Parton, Linda Ronstadt နဲ့ Emmylou Harris တို့အရွေးခံရပါတယ်။ အသက် ၄၉ နှစ်အရွယ်နဲ့ ၁၉၈၄ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ R&B အဆိုတော် Jackie Wilson ကလည်း ဂုဏ်ပြုကြယ်ပွင့်ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

အခုရွေးချယ်ခံလိုက်ရတဲ့သူတွေဟာ သူ့ရဲ့ ဂုဏ်ပြုကြယ်ဖွင့်ပွဲ ပြုလုပ်ဖို့ လာမယ့်နှစ်နှစ်အတွင်းမှာရှိတဲ့ ရက်တခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ Hollywood Walk of Fame မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရမယ့် မင်းသား Daniel ဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြီး ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးပါဝင်သရုပ်ဆောင်မယ့် Bond 25 ရုပ်ရှင်မှာ ပါဝင်ဖို့ ပြင်ဆင်နေ ပါတယ်။

Ref: contactmusic

The post Hollywood Walk of Fame မှာ ကြယ်ပွင့်နဲ့ မှတ်တမ်းတင်ဂုဏ်ပြုခံရမယ့် မင်းသား Daniel Craig appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...