Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးရာသီမှာ ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲ

$
0
0

မိုးရာသီရဲ့စိုစိုစွတ်စွတ် ရာသီဥတုဟာ ဦးရေပြားယားယံခြင်းအပါအဝင် ဆံသားနဲ့ပက်သက်တဲ့ ပြဿနာ တော်တော်များများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ဆံကေသာနဲ့ပက်သက်ပြီး ပြုပြင်ထိန်းသိမ်းရမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မိုးရေမှာ အက်ဆစ်ဓာတ် ပါဝင်တာကြောင့် ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံသားတွေကို မိုးရေထိပြီးတိုင်း ရေနဲ့ သေချာပြန်လည်ဆေးကြောပေးပြီး ခြောက်သွေ့နေအောင်ထားသင့်ပါတယ်။

(၂) မိုးရာသီရဲ့ ပတ်ဝန်းကျင်လေထုစိုစွတ်မှုကြောင့် ဆံသားဆိုင်ရာပြဿနာတွေ မဖြစ်ရအောင် တပတ်မှာ အနည်းဆုံး နှစ်ကြိမ်ခန့် ပုံမှန်ခေါင်းလျှော်ပေးသင့်ပါတယ်။

(၃) မိုးရေမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ ဆံသားတွေကို ခြောက်သွေ့ကြမ်းတမ်းစေတာကြောင့် ခေါင်းလျှော်ပြီးတိုင်း ဆံပင်ပျော့ဆေး (Hair Conditioner) ကို မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။

(၄) ဆံသားပုံသွင်းခြင်းဟာ မိုးရာသီအတွက်တော့ မသင့်တော်ပါဘူး။ ဆံသားပုံသွင်းတဲ့အခါမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ မိုးရေနဲ့ထိတွေ့တဲ့အခါ ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်းနဲ့ ဆံသားကြမ်းတမ်းပျက်စီးခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဆံသားပုံသွင်းခြင်းကို မပြုလုပ်သင့်ပါဘူး။

(၅) ဆံကေသာကို Oil Massage ပြုလုပ်ပေးခြင်းဟာ မိုးရာသီအတွက် အသင့်တော်ဆုံး ဆံသားထိန်းသိမ်းနည်းပဲ ဖြစ်ပါ တယ်။ ခေါင်းမလျှော်ခင် သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ တမျိုးမျိုးကို ဆံသားတွေပေါ်မှာ လိမ်းကျံပေးပြီး အသာအယာ နှိပ်နယ်ပေးခြင်းက ဆံကေသာတွေကို အားဖြည့်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၆) ဆံပင်ရှည်ရှည်တွေကို ဆံပင်တိုတိုပုံစံပြောင်းဖို့အတွက်တော့ မိုးရာသီက အသင့်တော်ဆုံးဖြစ်တယ်လို့ Hair Stylist တွေက အကြံပြုထားပါတယ်။ ဆံပင်ခပ်တိုတိုညှပ်လိုက်ခြင်းက ဆံသားထိန်းသိမ်းမှုအတွက် အလုပ်ရှုပ်သက်သာစေမယ့် အပြင် ဆံသားဆိုင်ရာပြဿနာတွေကိုလည်း လျော့ပါးစေနိုင်မှာ ဖြစ်ပါတယ်။

Ref : www.rewardme.in

The post မိုးရာသီမှာ ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...