Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တောင်ကိုရီးယားမှာ လူကြည့်အများဆုံး ဖြစ်နေတဲ့ ‘What’s Wrong With Secretary Kim’

$
0
0

ကေဘယ်လ်ရုပ်သံလိုင်းတခုဖြစ်တဲ့ tvN ကနေ ထုတ်လွှင့်နေတဲ့ အချစ်ဟာသဇာတ်မြူးဇာတ်လမ်းတွဲ “’What’s Wrong With Secretary Kim” ဟာအပတ်စဉ်ရုပ်သံဇာတ်လမ်းတွဲ လူကြည့်နှုန်းဇယားမှာ နံပါတ် ၁နေရာကိုရောက်ရှိနေတဲ့ အကြောင်း ကောက်ခံရရှိထားတဲ့အချက်အလက်တွေမှာ ဇွန်လ ၂၆ နေ့က ဖော်ပြထားပါတယ်။

ကိုယ့်ကိုယ်ကိုသာ အပြီးပြည့်စုံဆုံးလို့ ထင်မှတ်နေတဲ့ သူဌေးတဦးနဲ့ သူ့ရဲ့ အတွင်းရေးမှူးတို့ကြားက အချစ်ဇာတ်လမ်းဟာ ဇွန်လ ၁၁ ရက်နေ့ ကနေ ၁၇ ရက်နေ့အထိ တပတ်တာကာလအတွင်းမှာ CPI အညွှန်းကိန်း ၂၆၇ မှတ်ရရှိထားပါတယ်။

ယူမြောင်းလုပ်ငန်းစုရဲ့ ဒုတိယဥက္ကဌ Lee Young-joon အဖြစ်မင်းသား Park Seo-joon (ဘတ်ဆောဂျွန်း) က ပါဝင် သရုပ်ဆောင်ထားပြီး ဒုတိယဥက္ကဌ Lee ဟာ သာမန်မိန်းကလေးတယောက်နဲ့ တွဲဖို့အတွက် သူ့ကိုယ်သူ ပြီးပြည့်စုံလွန်းသူ လို့ ထင်မှတ်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် တကြိမ်တခါမှ ချစ်သူမထားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ အတွင်းရေးမှူး Kim Mi-so အဖြစ် မင်းသမီး Park Min-young (ဘတ်မင်ယောင်) က ပါဝင် သရုပ်ဆောင်ထားပြီး ဒုဥက္ကဌ နေ့နေ့ညည ခေါ်တဲ့အချိန်တိုင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ရသူလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက လူလိမ်ခံရလို့ အကြွေးတင်သွားခဲ့ကတည်းက အကြွေးဆပ်ပေးခဲ့ရတဲ့အပြင် မိသားစုကိုပါ ထောက်ပံ့နေရသူ လည်း ဖြစ်ပါတယ်။

တနေ့တော့ အကြွေးတွေ အားလုံး ကြေသွားခဲ့တဲ့ နောက်မှာတော့ တခြားလူတွေအတွက် ရှင်သန်မပေးနိုင်တော့ဘဲ အလုပ်ကနေ ထွက်ပြီးတော့ ကိုယ်ပိုင်ဘဝနဲ့နေတော့မယ်လို့ ဆုံးဖြတ်လိုက်ရာကနေ ဒီဇာတ်လမ်းတွဲလေး စတင်လာ ပါတယ်။

အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ ဒီဒရမ်မာဟာ စာရေးဆရာ Jang Kyung-yoon ရဲ့ နာမည်တူဝတ္ထုကို အခြေခံထားပါတယ်။ အွန်လိုင်းမှာ ဖြန့်ချိခဲ့တဲ့အဲဒီဝတ္ထုဟာ ဖတ်ရှုသူ စုစုပေါင်း သန်း ၅ဝ ရှိခဲ့ပါတယ်။ webtoon အဖြစ် ဖန်တီးခဲ့ပြီးနောက် ကြည့်ရှုသူ သန်း ၂၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။ ကေဘယ်လ်ဂီတလိုင်းတခုဖြစ်တဲ့ Mnet ရဲ့ Idol ပြိုင်ပွဲအစီအစဉ် “Produce 48” ကတော့ လူကြည့်အများဆုံး နံပါတ် ၂ နေရာမှာရှိပါတယ်။

CJ E&M နဲ့ Nielsen Korea တို့ကနေ ဖန်တီးခဲ့တဲ့ CPI လူကြည့်နှုန်းအညွှန်းကိန်းဟာ MBC, SBS နဲ့ KBS တို့လိုမျိုး အဓိက ရုပ်သံလိုင်း ၃ ခု၊ tvN, Mnet နဲ့ OCN တို့အပါအဝင် CJ E&M ကပိုင်ဆိုင်တဲ့ ကေဘယ်လ်ရုပ်သံလိုင်း ၇ ခု တို့ကနေ ထုတ်လွှင့်နေတဲ့ ဖျော်ဖြေရေး ရုပ်သံအစီအစဉ်တွေရဲ့ သုံးစွဲသူတွေအပေါ် လွှမ်းမိုးမှု၊ ဆိုရှယ်မီဒီယာမှာ လူပြောများမှုနဲ့ နာမည်ကျော်ကြားမှု အဆင့်တို့ကို တိုင်းတာတဲ့စနစ်တခုလည်း ဖြစ်ပါတယ်။

အခြားနာမည်ကျော် ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ဒရမ်မာတွေကို ထုတ်လွှင့်နေတဲ့ အခြားကေဘယ်လ်ရုပ်သံလိုင်းတခု ဖြစ်တဲ့ JTBC ကတော့ အခုစစ်တမ်းထဲမှာ မပါဝင်ပါဘူး။

Ref: yonhapnews

The post တောင်ကိုရီးယားမှာ လူကြည့်အများဆုံး ဖြစ်နေတဲ့ ‘What’s Wrong With Secretary Kim’ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...