Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သာမန်သရဲဇာတ်ကားမျိုးထက်ပိုတဲ့ “ဝိညာဉ်စိမ်း”

$
0
0

ဒီတပတ်ရုံတင်လာတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ထူးထူးခြားခြား မိဘမေတ္တာကို ရှုထောင့်ပုံစံသစ်နဲ့ တင်ပြထားပြီး လူတဦးသေဆုံးသွားတဲ့အခါ နာမည်ရင်းကိုမခေါ်မိဘဲ နှုတ်ကျိုးနေတဲ့ နာမည်ကိုပြီးစလွယ်ခေါ်ပြီး  ဘဝခြားသူကို အမျှဝေရာမှာ သေဆုံးသူထံမရောက်တဲ့ အမှားများကိုရိုက်ကူးထားတဲ့ “ဝိညာဉ်စိမ်း”ဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။

ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်များအဖြစ် ကျော်သူ၊ရန်အောင်၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊မြင့်မြတ်၊ ဟိန်းဝေယံ၊စိုးမြတ်သူဇာတို့ကပါဝင်သရုပ်ဆောင်ထားပြီးအခြား သရုပ်ဆောင်များစွာကလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားကိုတော့ဝတ္ထုဇာတ်လမ်းချမ်းသာ(ရွှေမန်းသဘင်) ၊ဇာတ်ညွှန်း အကယ်ဒမီငြိမ်းမင်းကရေးသား ထားကာ ဒါရိုက်တာဝင်းထွန်းထွန်းက ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဦးဘသိန်းမောင်(ရန်အောင်)မှာဆုံးပါးသွားပြီး ဇနီးသည် မြနှစ်(စိုးမြတ်သူဇာ)နဲ့ သားလေး ယောက်ရှိပါတယ်။ ပထမသား ‘ဘဦးမောင်’(ကျော်ကျော်ဗို)ကအရက်ကြိုက်တဲ့ အတွေးသမား ၊ဒုတိယသား ‘ဘထူးမောင်’(မင်းမော်ကွန်း)က အလောင်းအစား အသေမက်တဲ့သားဖြစ်ပါတယ်။ တတိယသား “ဘတိုးမောင်” (မြင့်မြတ်) ကမြို့သို့သွားကာ ပွဲစား လုပ်ပြီးစတုတ္ထသား ‘ဘစိုးမောင်’(ဟိန်းဝေယံ)က လူပျော့ လူကြောက် ဇာတ်မင်းသားဖြစ်ချင်ဇောနဲ့မြို့မှာနေတဲ့ သူအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရွာတရွာလုံးက ‘ဘသိန်းမောင်’ဆိုပြီး အမည်ခေါ်လေ့မရှိဘဲ “ကိုသိန်း”ဆိုတဲ့ အတိုကောက် ချစ်စနိုး အမည်သာခေါ်ကြတယ်။ ဇာတ်လမ်းအစမှာကတည်းက ဦးဘသိန်းမောင်ရဲ့ ဈာပနနဲ့အတူ သေဆုံးသွားတဲ့ ဦးဘသိန်းမောင်ကို ဂူသွင်းတာက စတင်ခဲ့ပါတယ်။ ဂူသွင်းပြီး လိပ်ပြာကိုပြန်ခေါ်တဲ့အခါ အနီးမှာရှိတဲ့ ပန်းစည်းထဲက ပန်းတပွင့်နဲ့အုတ်ဂူကို ရိုက်ပုတ်ပြီး “ကိုသိန်းရေ တရားနာရန် ခေါ်ယူခဲ့ပါတယ်” ဆိုပြီး အိမ်ကိုခေါ်ယူခဲ့ပါတော့တယ်။

ဒါပေမယ့် ဦးဘသိန်းမောင်အစား ဘယ်သူက ရောက်ရှိလာပြီး သူတို့မိသားစုကို ဒုက္ခပေးမယ်ဆိုတာကို ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားက ဝိညာဉ်ဇာတ်ကားဖြစ်ပေမယ့်လည်း ပရိသတ်များအတွက်ဖျော်ဖြေမှု သက်သက် ထိတ်လန့် တုန်လှုပ်ဖွယ်များကို ရိုက်ကူထားခြင်းမျိုး မဟုတ်တာဘဲ ဗုဒ္ဓဘာသာဓလေ့အရ သေဆုံးပြီးသူကို တရားနာယူဖို့ ခေါ်တဲ့အခါ မှားယွင်းတတ်တာ မျိုးကို ရိုက်ကူးပြထားတာ တွေ့ရပါတယ်။

ဝိညာဉ်စိမ်းဇာတ်ကားကြီးကိုတော့ ဇွန်လ၂၉ရက်နေ့က စတင်ပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ “ဝိညာဉ်စိမ်း”ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ သာမန်သရဲဇာတ်ကားမျိုးမဟုတ်ဘဲ ဗဟုသုတနဲ့ ရင်ထဲမှာ တခုခုကျန်ခဲ့မယ်ဆိုတာ  သေချာပြောရဲပါတယ်။

The post သာမန်သရဲဇာတ်ကားမျိုးထက်ပိုတဲ့ “ဝိညာဉ်စိမ်း” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...