Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရင်သားပြုပြင်ဖို့ အကြံပေးခံခဲ့ရဖူးတဲ့ ဘောလိဝုဒ်မင်းသမီး Deepika Padukone

$
0
0

မင်းသမီး Deepika Padukone ဟာအခုအချိန်မှာတော့ ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးနဲ့ နာမည် အကျော်ကြားဆုံးသရုပ်ဆောင်တယောက်ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ သူ့ရဲ့ “Padmaavat” ရုပ်ရှင်ဟာ ရုံဝင်ငွေ အများအပြား ရရှိခဲ့ပြီးတော့ မင်းသမီးရဲ့ သရုပ်ဆောင်မှုကို ပရိသတ်တွေကရော ဝေဖန်သူတွေကပါ သဘောကျနှစ်ခြိုက်ခဲ့ကြပါတယ်။ စိတ်ကျရောဂါကို ခံစားနေရတဲ့အကြောင်းနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့အနုပညာခရီးလမ်းအစမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုခံခဲ့ရတဲ့ အကြောင်း ပြောကြား ခဲ့ပါတယ်။

ဗြိတိသျှသတင်းစာဖြစ်တဲ့ Evening Standard နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတခုမှာ မင်းသမီး Deepika က သူ့ရဲ့ အနုပညာ ခရီးလမ်းအစမှာ အကြံပေးခံခဲ့ရတဲ့အကြောင်းအရာတွေကို ပြောပြပေးခဲ့ပါတယ်။

သူက “ကျမကို ဒါလုပ်ပါဆိုပြီး အကြံပေးကြတဲ့အရာတော်တော်များများ ရှိခဲ့ပါတယ်။ ရင်သားပြုပြင်ဖို့နဲ့ အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖို့ပေါ့။ အဲဒီလိုလုပ်မှာသာ ဘောလိဝုဒ်ဒါရိုက်တာတွေနဲ့ ပရိုဂျူဆာတွေရဲ့ အသိအမှတ်ပြုခံရပြီး ရွေးချယ်ခံရမယ်လို့ သူတို့က ခံစားနေခဲ့ရလို့ပါ။ အဲဒါဟာ အောင်မြင်ချင်တာကို ရယူအောင်မြင်နိုင်စေမယ့် အလွယ်ဆုံးနည်းလမ်းပါ။ ဒါပေမယ့် ကျမက အဲဒီလိုလူမျိုး မဖြစ်ခဲ့ပါဘူး။ ကျမက အမြဲတမ်းကျမရဲ့ ဆန္ဒအတိုင်း လိုက်လုပ်ခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီး Deepika ကို ဟောလိဝုဒ်မှာ ပြုလုပ်နေတဲ့ #MeToo လှုပ်ရှားမှုအကြောင်း နဲ့ တကယ်လိုမျိုး ဘောလိဝုဒ်မှာ လည်း အလားတူ တော်လှန်ရေးမျိုး လုပ်ဆောင်လာနိုင်ပါသလားလို့ မေးမြန်းခဲ့ပါတယ်။

မင်းသမီး Deepika က “ကမ္ဘာကြီးရဲ့ ကျန်တဲ့အပိုင်းတွေလိုပဲ တူညီတဲ့နေရာမှာ ကျမတို့ရှိနေပါတယ်။ ကျမတို့အားလုံးဟာ ဒီအထဲမှာပါဝင်ကြတယ်လု့ိ ကျမထင်ပါတယ်။ ပိုပြီးတော့ အသိပညာပေးမှုတွေ အများရှိနေပါတယ်။ ပြောဆိုနေကြတဲ့ သူတော်တော်များများ ရှိနေပြီး တကမ္ဘာလုံးနဲ့ချီပြီး မှန်ကန်တဲ့လမ်းကြောင်းမှာ သွားနေတဲ့ ဘီးတွေကိုလည်း ကျမတို့ အတူတူမြင်နေရတယ်လို့ ထင်ပါတယ်။ အိန္ဒိယမှာ အဲဒီလိုမျိုး ဖြစ်နေတယ်လို့ ကျမ မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီးဟာ အခုအထိတော့ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်အကြောင်းနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေး ပါဘူး။ မင်းသား Irrfan Khan နဲ့အတူ ဒါရိုက်တာ Vishal Bhardwaj ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်ဖို့ ပြောဆိုထားပေမယ့် မင်းသား Irrfan ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒါရိုက်တာ Vishal က ရုပ်ရှင်ကို ကာလ အတိုင်းအတာတခုအထိ နောက်ဆုတ်ထားပါတယ်။

Ref:indiaexpress

The post ရင်သားပြုပြင်ဖို့ အကြံပေးခံခဲ့ရဖူးတဲ့ ဘောလိဝုဒ်မင်းသမီး Deepika Padukone appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...