Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အတွေးအမြင်ခံစားချက်အသစ်တခုကို ပေးစွမ်းမယ့် “October”

$
0
0

မိုးအေးအေးမှာ အတွေးနယ်ချဲ့ချင်တယ်ဆိုရင် ဒီလိုကားမျိုးကြည့်ဖို့ အကြံပြုပါရစေ။ အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ၊ ဘယ်လိုအချိန်မျိုးမှာဖြစ်ပေါ်တတ်လဲ၊ ဘယ်လိုလူမျိုးတွေက တစုံတယောက်အတွက်  အနစ်နာခံ၊ ဘဝအဆုံးခံပြီး လုပ်ပေးတတ်သလဲဆိုတာ ဆန်းစစ်ကြည့်လို့ရမယ့် ဇာတ်ကားကောင်းတခုပါ။

ဇာတ်ကအနည်းငယ်အေးတာကြောင့် သေသေချာချာကြည့်မှ ရင်ထဲကိုရောက်မယ့်ကား ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ။

ဇာတ်လမ်းအကျဉ်းက ဒန် ဆိုတဲ့ကောင်လေးတယောက်ဟာ ဟိုတယ်က အလုပ်သင်ဝန်ထမ်းတယောက်ပါ။ အပူအပင်မရှိ ဘဝကိုဖြတ်သန်းရင်းနဲ့ လုပ်ချင်ရာလုပ်နေတဲ့သူတယောက် ဖြစ်ပါတယ်။ လူ့လောက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီး ထင်ရာကိုပြော၊ လုပ်ချင်ရာလုပ်တတ်တာကြောင့် ဘယ်သူနဲ့မှ အစေးကပ်လှတယ်လို့ မရှိပါဘူး။

သူ့နဲ့မသိမသာနီးစပ်ပြီး အလုပ်အကိုင်တူတဲ့ ကောင်မလေးက ရှုလီပါ။ အလုပ်ကြိုးစားပြီး မိသားစုအပေါ် တာဝန်ကျေသူတယောက်ပါ။ တနေ့ ရှုလီတယောက် ဟိုတယ်ရဲ့အမြင့်တနေရာကနေ ပြုတ်ကျသွားပါတယ်။ အဲဒီကစပြီး ကိုမာဝင်သွားတာကြောင့် လက်လွှတ်ရမယ့်အခြေအနေမှာ အသက်ဆက်ရှင်စေတဲ့အကြောင်းအရင်းက ဒန်ပါ။ ဒန့်အနေနဲ့လည်း ကိုယ့်ကိုယ်ကိုအထိခိုက်၊ အပျက်စီးခံပြီး သူမကို စောင့်ရှောက်စေရတဲ့ အကြောင်းအရင်း ကကော ဘာဖြစ်မလဲဆိုတာ ဒီဇာတ်ကားကို ဆက်လက်ကြည့်ရှုစေချင်ပါတယ်။

ဒီဇာတ်ကားမှာ လူတွေရဲ့သဘောသဘာဝကို ပါးပါးလေးပုတ်ပြထားသလို အတွေးနယ်ချဲ့နိုင်သလောက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုလူအမျိုးအစားက တကယ်လူပီသလဲ၊ အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်ကြလဲဆိုတာ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းတခုပါ။

ဒီဇာတ်ကားမှာ မင်းသား Varun Dhawan က အဓိကသရုပ်ဆောင်ထားပါတယ်။ IMDb 7.8 ရထားတာကြောင့် ဇာတ်ကားကောင်းတခုဖြစ်တယ်ဆိုတာ ယုံမှားစရာတော့မရှိပါဘူး။ အချစ်ကားမဟုတ်ပေမယ့် အချစ်ကို ဖော်ကျူးပြထားတဲ့ ဇာတ်ကားကောင်းတခုဖြစ်တာကြောင့် ရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ သဘောကျမှာ သေချာပါတယ်။

The post အတွေးအမြင်ခံစားချက်အသစ်တခုကို ပေးစွမ်းမယ့် “October” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...