Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုံတင်ပြသဖို့ရက် နောက်ဆုတ်လိုက်ပြန်တဲ့ ‘Indiana Jones 5’ရုပ်ရှင်

$
0
0

‘Indiana Jones 5’ ရုပ်ရှင်ရုံတင်ပြသမယ့် ရက်ကို နောက်ထပ်နောက်ဆုတ်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါရိုက်တာကြီး Steven Spielberg ရိုက်ကူးပြီး မင်းသားကြီး Harrison Ford ပါဝင်မယ့် အဲဒီအက်ရှင်ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ မူလက ရုံတင်ဖို့ စီစဉ်ထားခဲတာပါ။

အခုတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လကို ရွှေ့ဆိုင်းလိုက်တာကြောင့် ရုပ်ရှင်ရဲ့ ဇာတ်ညွှန်း နဲ့ပတ်သက်လု့ိ ပြင်ဆင်နေချိန်မှာပဲ ပရိသတ်တွေက ပိုပြီးကြာကြာ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

The Hollywood Reporter မီဒီယာရဲ့ အဆိုအရ ဇာတ်ညွှန်းရေးဆရာ Jonathan Kasdan ကို အခြားရုပ်ရှင်တခုရဲ့ ဇာတ်ညွှန်းရေးဖို့ ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ညွှန်းကို မူလကရေးသားနေခဲ့တဲ့ David Koepp ဟာလည်း ‘You Should Have Left’ ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ဇာတ်ညွှန်းဆက်ရေးဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Disney က ရုပ်ရှင် ဖြန့်ချိမယ့်နေ့ကို ပြောင်းလဲ သတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ပြီးတော့ သရုပ်ဆောင် Shia LaBeouf ပါဝင်ထားတဲ့ ‘Indiana Jones and the Kingdom of the Crystal Skull’ ဝတ္ထုကို အခန်းဆက်အနေနဲ့ ဆက်ရိုက်မှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးသေးတဲ့အပြင် Indiana Jones ရဲ့ သားဖြစ်သူ Mutt ဆိုတဲ့ ဇာတ်ကောင်လည်း ပါဝင်မှာမဟုတ်ဘူးလို့ ဇာတ်ညွှန်းရေးဆရာ Koepp က ပြောဆိုထားပါတယ်။

သူက “မင်းသားကြီး Harrison က Indiana Jones အဖြစ်ပါဝင်မယ်ဆိုတာကိုတော့ ကျနော် အသေအချာပြောရဲပါတယ်။ ပြီးတော့ မင်းသား Shia LaBeouf ရဲ့ ဇာတ်ကောင်လည်း ရုပ်ရှင်မှာ ပါဝင်မှာမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

၁၉၈၁ ခုနှစ်မှာ စတင်ပြသခဲ့တဲ့ အဲဒီရုပ်ရှင်စီးရီးဟာ သမ္မာကျမ်းစာလာ ရှေးဟောင်းပစ္စည်းတွေကို ရှာဖွေဖို့ အတွက် နာဇီတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ စိတ်ကူးယဉ် ရှေးဟောင်းသုတေသနပညာရှင်တဦးအကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်မှာ သမ္မာကျမ်းစာလာ ဇာတ်လမ်းတွေထက် ပြင်ပအကြောင်းအရာတွေ ရှုထောင့်တွေ ပါဝင်နေတယ်လို့ ဆိုပြီးတော့ ပရိသတ်တွေက စိတ်ပျက်ခဲ့ကြပါတယ်။

Ref:contactmusic

The post ရုံတင်ပြသဖို့ရက် နောက်ဆုတ်လိုက်ပြန်တဲ့ ‘Indiana Jones 5’ ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...