Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကျနော်ချစ်သော စိုင်မွန် (သို့မဟုတ်) Love, Simon ရုပ်ရှင်

$
0
0

ဒီနေ့ ညွှန်းဆိုပေးမယ့် ရုပ်ရှင်ကတော့ ဒီနှစ်ထဲမှာပဲ ထွက်ရှိထားတဲ့ အမေရိကန်ဆယ်ကျော်သက် ဟာသဒရမ်မာ ရုပ်ရှင် တကား ဖြစ်ပါတယ်။

ဒါရိုက်တာ Greg Berlanti က ရိုက်ကူးပေးထားပြီး Isaac Aptaker နဲ့ Elizabeth Berger တို့က ဇာတ်ညွှန်းရေးပေးထားတဲ့ ဒီရုပ်ရှင်က သာမန်မြင်တွေ့နေကျရုပ်ရှင်တွေကနေ ကွဲထွက်ပြီး အမျိုးသားနှစ်ဦးချစ်ကြိုက်တဲ့ လိင်တူချစ်သူအသားပေး ရုပ်ရှင်ဖြစ်ပါတယ်။

စာရေးဆရာ Becky Albertalli ရဲ့ novel Simon vs. the Homo Sapiens Agenda ဆိုတဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူး ပေးထားတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအဖြစ် Nick Robinson, Josh Duhamel နဲ့ Jennifer Garner တို့ ပါဝင်သရုပ်ဆောင်ထား ကြပါတယ်။

ဇာတ်လမ်းအကြောင်းအရာကတော့ သူငယ်ချင်း၊ မိသားစုနဲ့ မိမိရဲ့လိင်စိတ်ခံယူမှုကို ကျောင်းမှာ ဖော်ထုတ်ဖို့ ခြိမ်းခြောက် သူတို့ကြားမှာ ညီညွှတ်မျှတအောင် နေထိုင်ရတဲ့ လိင်တူချစ်သူအထက်တန်းကျောင်းသား Simon Spier အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။

တနေ့တော့ အွန်လိုင်းပေါ်မှာ အမည်ရင်းမသိရတဲ့ အတန်းဖော်တဦးနဲ့ စာပေးစာယူလုပ်ရာကနေ ချစ်ကြိုးသွယ်မိတဲ့ အကြောင်း၊ အဖြစ်မှန်ကို သိသွားတဲ့ မိသားစုကရော သူငယ်ချင်းတွေကပါ အားမငယ်ဖို့ အားပေးတဲ့အကြောင်း ဖော်ကျူး ထားပါတယ်။

ဒီရုပ်ရှင်ဟာ တကယ့်ဟောလိဝုဒ်စတူဒီယိုကြီးတခုက လိင်တူချစ်သူ (Gay) အသားပေးအချစ်ဇာတ်လမ်း တခုကို အထူးပြု ဖော်ကျူးတဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပြီး ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ သန်း ၆၀ ရရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား Simon Spier ဟာ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ နေထိုင်တဲ့ လိင်တူချစ်သူအထက်တန်းကျောင်းသား တဦးဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် မိမိဟာ လိင်တူချစ်သူမှန်း ဖွင့်မပြောရဲတဲ့သူ တနည်းအား အားလုံးနားလည်လွယ်တဲ့ အခေါ်နဲ့ဆိုရင် အပုန်း တယောက်ဖြစ်ပါတယ်။

သူဟာ မိသားစုကို သိချစ်တတ်တဲ့သူဖြစ်ပြီး မိဘတွေ ဖြစ်ကြတဲ့ Jack နဲ့ Emily, ညီမလေးဖြစ်သူ Nora တို့နဲ့အတူ နေထိုင် ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဘဝအားလုံးနီးပါးကို သိတဲ့ Nick နဲ့ Leah တို့အပြင် ကျောင်းသားသစ် Abby တို့နဲ့လည်း အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

တနေ့တော့ သူငယ်ချင်း Leah က သူတို့တက်နေတဲ့အထက်တန်းကျောင်းမှာ Blue လို့ခေါ်တဲ့ အပုန်းဂေး ကျောင်းသား တဦး ဟာ အွန်လိုင်းမှာ သူ့ရဲ့ လိင်ခံယူစိတ်ကို ဖွင့်ဟလိုက်ပြီဖြစ်တဲ့အကြောင်း Simon ကို အသိပေးလာပါတယ်။

အဲဒါကြောင့် မိမိနဲ့ လိင်စိတ်ခံယူချင်း တူညီတဲ့ Blue ကို Simon က Jacques ဆိုတဲ့ အမည်ဝှက်နဲ့ မေးလ်ကနေတဆင့် စတင်ဆက်သွယ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်ရေးအချက်အလက်တွေကို ဖုံးကွယ်ထားပေမယ့် စကားပြောဆိုရင်း တဖြည်းဖြည်းရင်းနှီးလာခဲ့ကြပါတယ်။

တနေ့မှာတော့ သူတို့တို့ရဲ့ အီးမေးလ်တွေကို Martin ဆိုတဲ့ ကျောင်းသားတယောက်က အမှတ်မထင် တွေ့ရှိသွားခဲ့ပြီး သူကျိတ်ကြွေနေတဲ့ Abby နဲ့ အောင်သွယ်ပေးဖို့ အတင်းအကျပ်ပြောဆိုပါတော့တယ်။ တကယ်လို့ အောင်သွယ်တာ မလုပ်ပေးဘူးဆို ရင် သူတွေ့ထားတဲ့ အီးမေးလ်တွေကို အများရှေ့ချပြလိုက်မယ်လို့လည်း ခြိမ်းခြောက်လာပါတယ်။

တဖက်မှာ လည်း Simon ဟာ Blue က သူတို့အတန်းထဲက ဘယ်သူဖြစ်နိုင်သလဲဆိုတာကို စတင်ခန့်မှန်းနေပါပြီ။

ကျောင်းအားကစားပွဲတော်လိုမျိုး လူအများအပြားနဲ့ နေရာမျိုးတွေ၊ ကလပ်တွေမှာ Blue ဟာ ဘယ်သူဖြစ်နိုင်သလဲဆိုတာ စုံစမ်းခဲ့ပေမယ့် ဘယ်သူမှန်းတိတိပပမသိခဲ့ရပါဘူး။ တနေ့တော့ သူငယ်ချင်း Leah က Simon ကို ချစ်မိနေကြောင်း ဖွင့်ပြောလိုက်ပါတယ်။

ကတိမတည်တဲ့ Martin ဟာလည်း သူခြိမ်းခြောက်ထားတဲ့အတိုင်း Simon နဲ့ Blue တို့ရဲ့ အီးမေးလ်ကို ဖောက်ချလိုက်ပါ တယ်။ အဲဒီကစလို့ Blue ဟာ Simon ကို အဆက်အသွယ် ဖြတ်သွားပြီး အီးမေးလ်အကောင့်ကို လည်း ဖျက်လိုက်ပါ တော့တယ်။

မိဘတွေကပါ သူ့ရဲ့ လိင်ခံယူစိတ်ကို တရားဝင်သိသွားခဲ့ပြီးတဲ့နောက် သူငယ်ချင်းတွေကိုပါ ထပ်ဆုံးရှုံးရမယ့် Simon တယောက် သူချစ်မိတဲ့ အွန်လိုင်းပေါ်က Blue ကို အပြင်မှာ ဆုံတွေ့နိုင်ပါ့မလား။ အများကရော သူတို့နှစ်ယောက်ရဲ့ လိင်တူအချစ်ကို အားပေးလက်ခံပါ့မလားဆိုတာ ဇာတ်လမ်းလေးကို ကြည့်ရှုပေးနိုင်ပါတယ်။ imdb ရုပ်ရှင် အညွှန်းကိန်း ၁၀ မှာ ၇ ဒဿမ ၈ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

Ref:Wiki

The post ကျနော်ချစ်သော စိုင်မွန် (သို့မဟုတ်) Love, Simon ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...