Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရေများများသောက်မိလို့ ဖျော်ဖြေပွဲမှာ အိမ်သာနှစ်ခေါက်သွားလိုက်ရတဲ့ Ed Sheeran

$
0
0

ဗြိတိသျှအဆိုတော် Ed Sheeran ဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတခုမှာ စင်ပေါ်မတက်ခင် ရေပမာဏ များများသောက်မိလို့ အိမ်သာတက်ရတဲ့ ဒုက္ခရောက်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။

“Thinking Out Loud” သီချင်းအဆိုတော် Ed ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ဝေးလ်ပြည်နယ်၊ Cardiff မြို့မှာ ဖျော်ဖြေခဲ့တာ ဖြစ်ပေမယ့် ဖျော်ဖြေပွဲအတွင်းမှာ အပေါ့သွားဖို့ စင်ပေါ်ကနေ နှစ်ခေါက်ဆင်းသွားခဲ့ရပါတယ်။

သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အဆိုတော် Ed က “ကျနော်အဲဒီမှာ ဂီတာတီးရင်း သီချင်းဆိုနေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ပိုပြီးဆိုးရွားလာတယ်။ ချွေးစပျံလာပြီဆိုရင် သိတယ်မဟုတ်လား။ ပြဿနာက ကျနော်က တကိုယ်တော်ရှိုး ဖျော်ဖြေမှုလုပ်နေတာပါ”

“ကျနော်ကို တီးဝိုင်းက စလိုက်တော့လို့ ပြောလို့မရဘူးလေ။ ဒါကြောင့် ကျနော် ဂီတာကို ချပြီး ကျနော်မရတော့ဘူးလို့ ပြောပြီး ဆင်းလာခဲ့တယ်။ သောက်ထားတဲ့ ရေက ချွေးပျံတဲ့အခါ ပါသွားမှာ ဖြစ်ပေမယ့် ဖျော်ဖြေပွဲမစခင်ကျနော် ရေတွေအများကြီးကို သောက်မိခဲ့ပါတယ်” လို့ U.K. TV အစီအစဉ်အသစ်တခုမှာ Ed Sheeran က ပြောကြားခဲ့ပါတယ်။

ပရိသတ်တချို့ကတော့ အခုလိုမျိုး သီချင်းရေးဆရာ-အဆိုတော် Ed အနေနဲ့ “Photograph” သီချင်းကို သီဆိုနေတုန်း စင်ပေါ်ကနေ ပြေးဆင်းသွားခဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ကြပါတယ်။ ဒါပေမယ့် အခုလိုမျိုး အပေါ့သွားချင်တဲ့ကိစ္စရပ်ကိုတော့ ပရိသတ်အများစုက ကိုယ်ချင်းစာနားလည်ပေးကြပါတယ်။

အသက် ၂၇ နှစ်အရွယ် အဆိုတော် Ed ဟာ အခုလိုမျိုး ဖျော်ဖြေနေစဉ် အပေါ့သွားချင်ခဲ့တာ ဒါပထမဆုံး မဟုတ်ပါဘူး။ တချိန်တုန်းက သူဟာ စတိတ်စင်ပေါ်မှာ ဖျော်ဖြေနေစဉ်မှာ မအောင့်နိုင်လို့ ဘောင်းဘီထဲ အပေါ့သွားမိခဲ့ပေမယ့် ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။ Ed ကို မေးမြန်းထားတဲ့အင်တာဗျူးအစီအစဉ်ကို ဇွန်လ ၂၉ ရက်နေ့မှာ UK ရုပ်သံလိုင်း Channel 4 မှ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ref: aceshowbiz

The post ရေများများသောက်မိလို့ ဖျော်ဖြေပွဲမှာ အိမ်သာနှစ်ခေါက်သွားလိုက်ရတဲ့ Ed Sheeran appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...