Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် Shawn Mendes ရဲ့ ဓာတ်ပုံတွေ ဖျက်လိုက်တဲ့ မော်ဒယ် Hailey Baldwin

$
0
0

မော်ဒယ် Hailey Baldwin ဟာ သူ့ရဲ့ Instagram အကောင့်မှာရှိတဲ့ Shawn Mendes ရဲ့ဓာတ်ပုံတွေ အားလုံးကို ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုတော် Justin Bieber နဲ့ အချစ်ဇာတ်လမ်း ပြန်ဆက်နေတဲ့ အသက် ၂၁ အရွယ်မော်ဒယ် Hailey ဟာ ‘Stitches’ သီချင်းအဆိုတော် Shawn နဲ့ အချစ်ရေးနဲ့ နှီးနွယ်တဲ့ ဆက်ဆံရေးမျိုးရှိခဲ့ပေမယ့် သူတို့နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့လမှာ ပြုလုပ်ခဲ့တဲ့ Met Gala ပွဲမှာ အတူ တက်ရောက်ခဲ့ပြီးတဲ့နောက် ကောလာဟလထွက်ပေါ်ခဲ့ချိန်မှာတော့ သူငယ်ချင်း တွေဖြစ်တယ်လို့ ပြန်ရှင်းခဲ့ပါတယ်။

ဒါပေမယ့်အခုတော့ မော်ဒယ် Hailey ကတော့ သူ့ရဲ့ Instagram စာမျက်နှာမှာရှိတဲ့ အဆိုတော် Shawn ပါဝင်ခဲ့တဲ့ ဓာတ်ပုံတွေအားလုံးကို ဖျက်လိုက်ပြီဖြစ်ပါတယ်။

အဆိုတော် Shawn ဟာ တကယ့်ကိုပဲ ချစ်ဖို့ကောင်းတဲ့ သူတယောက် ဖြစ်တဲ့အကြောင်း၊ စိတ်ထားကောင်းတဲ့ သူ တယောက်ဖြစ်တဲ့အကြောင်း မော်ဒယ် Hailey က မကြာသေးခင်က ဝန်ခံ ပြောဆိုထားပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ကြားမှာတော့ ဘာမှဆက်ဖြစ်လာမှာမဟုတ်ဘူး လို့ဆိုပါတယ်။

Hailey က “ကျမတို့ လျှောက်လည်ကြတယ်။ သူဟာ တော်တော်လေးကို ချစ်ဖို့ကောင်းပြီး စိတ်ထားကောင်းတဲ့ လူကြီးလူကောင်းပါ။ ဒါပေမယ့် ကျမက တကိုယ်တည်းသမားပါ။ တွဲဖို့အခွင့်အရေးနည်းပါတယ်။ ကျမလိုမျိုး အတွေးအကြံနဲ့ စိတ်ထားတွေ တူတဲ့သူကို ရှာဖို့ရာတော်တော်လေးရှားပါတယ်” လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေထဲမှာဆိုရင် Hailey နဲ့ Justin တို့ အချစ်ဇာတ်လမ်း ပြန်ဆက်နေပြီလို့ ဖော်ပြနေကြပါတယ်။

သတင်းရင်းမြစ်တခုက ”Justin နဲ့ Hailey တို့ဟာ တဦးအပေါ်တဦး မေတ္တာသက်ဝင်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှ ာတွဲခဲ့ကြပေမယ့် ခံစားချက်တွေကတော့ ဘယ်တုန်းကမှ ပျောက်ကွယ်မသွားသေးပါဘူး”

“သူတို့နှစ်ဦး ပြန်တွဲနေတာ တလနီးပါးလောက်ရှိနေပြီ ဖြစ်ပေမယ့် သူတို့နှစ်ဦးအတူတူရှိနေချိန်ကြာလေလေ တချို့အရာ တွေမှာ အချေအတင်ဖြစ်နေပုံလည်း ရတယ်” လို့ ‘Entertainment Tonight’ မီဒီယာကို ပြောကြားခဲ့ပါတယ်။

Ref: contactmusic

The post အဆိုတော် Shawn Mendes ရဲ့ ဓာတ်ပုံတွေ ဖျက်လိုက်တဲ့ မော်ဒယ် Hailey Baldwin appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...