Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မင်းသား Lee Dong Wook နဲ့ မင်းသမီး Suzy တို့လမ်းခွဲလိုက်ပြီလို့ အတည်ပြု

$
0
0

ကိုရီးယားမင်းသား Lee Dong Wook နဲ့ မင်းသမီး Suzy တို့ဟာ သူတို့ရဲ့ အချစ်ရေးကို တရားဝင်ကြေညာခဲ့ပြီး လေးလ ကြာတဲ့အချိန်မှာပဲ လမ်းခွဲလိုက်ကြပြီလို့ဆိုပါတယ်။

ဇူလိုင်လ ၂ ရက်နေ့မှာတော့ JYP အင်တာတိန်းမန့် က သရုပ်ဆောင်နှစ်ဦးဟာ သူတို့ရဲ့ အချစ်ရေးကို အဆုံးသတ် လိုက်ပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။

အေဂျင်စီက “Suzy ဟာ Lee Dong Wook နဲ့လမ်းခွဲလိုက်ပြီဆိုတာ အမှန်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်များတဲ့ အချိန်ဇယားတွေကြောင့် တွေ့ဆုံဖို့အတွက် ခက်ခဲ ခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ သဘာဝကျကျပဲ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသား Lee ရဲ့ အေဂျင်စီဖြစ်တဲ့ King Kong by Starship ကတော့ “Lee နဲ့ ဆူဇီတို့ လမ်းခွဲလိုက်ပြီဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်များလာတဲ့အတွက် သဘာဝကျကျပဲ လမ်းခွဲလိုက်တာဖြစ်ပါတယ်” လို့ အတည်ပြုထား ပါတယ်။

သတင်းဌာနတခုဖြစ်တဲ့ OSEN က ထုတ်ပြန်တဲ့ သတင်းအရ အတွင်းသတင်းတခုက “သူတို့လမ်းခွဲ ပြီးတဲ့နောက် သူတို့နှစ်ဦးဟာ လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်တွေအနေနဲ့ အဝေးကနေပဲ တဦးကို တဦးဂုဏ်ပြုနေကြမှာပါ” လို့ ပြောဆို ထားပါတယ်။

မင်းသား Lee နဲ့ Suzy တို့နှစ်ဦးလုံးဟာ သူတို့ရဲ့ မကြာမီပြသတော့မယ့် ဒရမ်မာတွေအတွက် ပြင်ဆင်မှုတွေနဲ့ အလုပ်များ နေတယ်လို့ ဆိုပါတယ်။

မင်းသား Lee ကတော့ ဒီလထဲမှာပဲ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “Life” ဆိုတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင် ထားပြီး မင်းသမီး Suzy ကတော့ မင်းသား Lee Seung Gi နဲ့ အတူ တွဲဖက်ပါဝင်မယ့် “Vagabond” ဒရမ်မာရိုက်ကူးရေး တွေလည်း ရှိနေတာပါ။

သူတို့နှစ်ဦးဟာ ဒီနှစ်မတ်လမှာ တွဲနေကြပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး နှစ်ဖက်လုံးကတော့ သူတို့နှစ်ဦးဟာ တဦးအကြောင်း တဦး လေ့လာနေဆဲအဆင့်မှာပဲ ရှိသေးတယ်လို့ ဆိုခဲ့ပါတယ်။

Ref:soompi

The post မင်းသား Lee Dong Wook နဲ့ မင်းသမီး Suzy တို့လမ်းခွဲလိုက်ပြီလို့ အတည်ပြု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...