Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အမှန်တရားကို ဆက်လက် ဖော်ထုတ်သွားမှာပါ”လို့ဆိုတဲ့ အဆိုတော် အစ္စဏီရဲ့ ရှေ့နေ

$
0
0

အဆိုတော် အစ္စဏီရဲ့ ၈ ကြိမ်မြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်သူ မဇာခြည်ဌေး (ခေါ်) မော်ဒယ် စူးရှထက်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုတော် အစ္စဏီရဲ့ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦးက အမှန်တရားအတွက် နောက်ထပ် ရုံးချိန်းတွေမှာ ဆက်လက် ဖော်ထုတ်သွားမှာပါလို့ ပြောသွားခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့ ပထမ ရုံးချိန်းတုန်းက Cele 7 က သူ့ရဲ့ မျက်နှာဝေဝေဝါးဝါးနဲ့ တင်ထားတာကို သက်သေခံအဖြစ် တင်ထားတာကို ရုံးတော်က လက်ခံခဲ့ပါတယ်။ လက်ခံပြီးတော့ ရှာဖွေပုံစံမှာ ဘာတွေအပ်ထားလဲဆိုရင် သူ့ရဲ့ အကျီၤ၊ အခင်း၊ တဘက်၊ မှန်ခွဲစတွေ၊ ရေဇလုံအပြာတွေကို ၁၂ရက်နေ့မှာ အပ်ထားတယ်။ ဒါပေမယ့် Cele 7မှာ ရိုက်ကူးခံတာ ၁၃ ရက်နေ့ အများပြည်သူ မြင်ပြီးသားပါ။ ရှာဖွေပုံစံနဲ့ ၁၂ရက်နေ့မှာ အပ်ထားတဲ့ ကော်ဇလုံအပြာကြီးက ၁၃ ရက်နေ့မှာ ဘာကြောင့် ရှိနေလဲဆိုတာတော့ တရားလိုကိုယ်တိုင်ပဲ သိပါလိမ့်မယ်”လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ယနေ့ ၈ ကြိမ်မြောက် ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်ကို ဆက်လက် စစ်ဆေးခဲ့ပြီး စွပ်စွဲခံရသူဘက်မှ သက်သေခံအဖြစ်တင်ထားတဲ့ Cele 7 က ဗီဒီယိုဖိုင်ကိုလည်း တရားရုံးက လက်ခံခဲ့တယ်လို့ သိရပါတယ်။

“တရားရုံးက ကျနော်တို့ တင်ပြထားတဲ့ Cele 7 က ၁၃ရက်နေ့မှာ ရိုက်ကူးထားတဲ့ သူ့မျက်နှာ ဝေဝေဝါးဝါးနဲ့ ရိုက်ထား တဲ့ဟာကို လက်ခံပေးခဲ့ပါတယ်။ ကျန်တဲ့ ကိစ္စတွေကိုတော့ ကျန်တဲ့ ရုံးချိန်းတွေမှာ ဆက်လက် စစ်ဆေးဖို့ ရှိပါတယ်။ အမှန်တရား အတွက်ကို ဆက်လက် ဖော်ထုတ်သွားမှာပါ” လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ဒီနေ့ ၈ ကြိမ်မြောက် ရုံးချိန်းကိုတော့ တရားလိုဖြစ်သူရဲ့ ရှေ့နေ လာရောက်ခဲ့ခြင်း မရှိဘဲ တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်က စစ်ဆေးမေးမြန်းမှုများ အပြီးမှာတော့ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

“တရား ဥပဒေအတိုင်း ဆက်သွားပါမယ်။ တရားသူကြီး ဆုံးဖြတ်ချက် မချရသေးဘဲ ဘာမှပြောလို့ မရပါဘူး”လို့ စူးရှထက်က ပြောခဲ့ပါတယ်။

ဆက်လက်ပြီးတော့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက “မျက်ဝါးထင်ထင် တင်ပြခဲ့ပါတယ်။ ၁၃ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီးကို ရောက်နေလို့ပါဆိုတဲ့ Status ကို တင်ခဲ့တယ်။ သို့ပေမယ့် အဲဒီနေ့မှာ သူဆေးရုံကို မသွားပါဘူးတဲ့ တမင်တကာ တင်တာပါတဲ့။ အဲဒီအချက်ကို ပေါ်လွင်အောင် စစ်ဆေးခဲ့ပါတယ်။ နောက်တချက်က အမှန်တကယ် ခေါင်းနဲ့ ဆောင့်ခဲ့တာ မရှိဘူး။ သူ့ရဲ့ ဒေါက်ဖိနပ်နဲ့ ခြင်ဆေးဘူး သူပေါက်လို့ ကွဲသွားတာကို ရုံးတော်ကို ဓာတ်ပုံနဲ့တကွ Cele 7 ကဟာကို တင်ပြနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

နောက်တကြိမ် ရုံးချိန်းမှာလည်း တရားလိုဖြစ်သူ မော်ဒယ် စူးရှထက်ကို ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပြီး ဇူလိုင်လ ၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

အဆိုတော် အစ္စဏီ(ခေါ်) ဟန်ထွန်းဇော် ကိုတော့ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေ ပုဒ်မ ၃၇၆၊ ၃၂၄ ၊၃၂၃ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပြီး ယခုအချိန်ထိ ရုံးထုတ်စစ်ဆေးလာခဲ့ခြင်းမှာ ၈ ကြိမ်မြောက် ရှိနေပြီဖြစ်ပါတယ်။

The post “အမှန်တရားကို ဆက်လက် ဖော်ထုတ်သွားမှာပါ”လို့ဆိုတဲ့ အဆိုတော် အစ္စဏီရဲ့ ရှေ့နေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...