Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အကယ်ဒမီကို မမျှော်မှန်းရဲတော့ပါဘူး” ဆိုတဲ့ သရုပ်ဆောင် ဟိန်းမင်း

$
0
0

ဇာတ်ပို့ သရုပ်ဆောင် ဟိန်းမင်းက ဒီနှစ် အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့တဲ့အတွက် အကယ်ဒမီတော့ မမျှော်မှန်းတော့ဘဲ နောင်တရသွားပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ဟိန်းမင်းကို ဇာတ်ပို့ဆုရမယ်လို့ ထင်ကြေးပေးခဲ့ပေမယ့် အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

“ဒီနှစ်ထဲမှာတော့ ငဒူ ဇာတ်ကားပဲ ရုံတင်သေးတယ်။ ရိုက်ထားတဲ့ ကားတွေတော့ရှိပါတယ်။ အကယ်ဒမီတော့ မမျှော်မှန်းတော့ပါဘူး။ ပြီးခဲ့တဲ့နှစ်ထဲက နောင်တရသွားပြီ။ အကယ်ဒမီကိုလည်း စိတ်မဝင်စားတော့ဘူး။ အကယ်ဒမီဆိုတာ ဇာတ်ပို့တွေ ကြိုးစားတိုင်းလည်း ရချင်မှရတာလေ။ သူတို့ပေးတာ ဇာတ်ဆောင်တွေပဲ ပေးနေတော့ ဇာတ်ပို့အနေနဲ့ အဆင်မပြေနိုင်ဘူး။ အဲ့တာကြောင့် အကယ်ဒမီကို လုံးဝစိတ်မဝင်စားတော့ဘူး” လို့ သရုပ်ဆောင် ဟိန်းမင်းက ဆိုပါတယ်။

“ကျနော်တို့ အနုပညာလောကထဲမှာလည်း လုပ်တာကြာပြီ ကိုယ့်ရှိတဲ့ အင်အားနဲ့ ကြိုးစားသွားမယ်။ စိတ်ဓာတ်မကျဘူး။ အကယ်ဒမီမရဘူးဆိုပြီး ဇာတ်ပို့အနေနဲ့ ဘယ်လောက် ကောင်းကောင်း သူတို့ မပေးပေမယ့်လို့ ကိုယ့်ဘက်တော့ ပရိသတ်အတွက် အပြည့်အဝ ကြိုးစားသွားမယ်။ ပရိသတ်ပေးတဲ့ ဆုကတော့ ရပြီးသားပါ။ ဒီဆုကအသန့်ရှင်းဆုံးပဲ။ အသန့်ဆုံးပဲလို့မျှော်မှန်းတယ်” လို့လည်း သရုပ်ဆောင်ဟိန်းမင်းက ပြောပါတယ်။

သရုပ်ဆောင်ဟိန်းမင်းက ဗီဒီယိုဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်ပြီး ဒါနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဗီဒီယိုလေးပြန်ကောင်းဖို့ မျှော်လင့်နေတာပေါ့လေ။ သူတို့လည်း ပြန်ကောင်းဖို့ လုပ်နေကြတယ်။ ဗီဒီယိုပြန်ကောင်းရင် သရုပ်ဆောင်တွေအားလုံး အစစအရာရာ ပြန်ကောင်း လာမှာပေါ့။ ရုပ်ရှင်ကားကြီးတွေက ဘယ်လောက်ခံမယ်မှန်း မသိဘူးလေ။ ဗီဒီယိုကိုတော့ အဓိကေ မျှာ်မှန်းထားပါတယ်။ ဇာတ်လမ်းတွဲမရိုက်ဖြစ်ဘူး။ ဇာတ်လမ်းတွဲရိုက်ရင်လည်း ၂လ၊ ၃လ အချိန် ပေးရတယ်”

“ကျနော်က ကားကြီးတွေမှာ မန်နေဂျာရော သရုပ်ဆောင်ရော နှစ်ခုလုပ်ရတဲ့ အတွက် အဆင်မပြေဘူး။ အဆင်မပြေတဲ့ အတွက် ရုပ်ရှင်ကားကြီးတွေပဲ ရိုက်နေရတာပါ။ ဗီဒီယို လောကသားတွေ ဒုက္ခရောက်ကြတယ်။ ကုမ္ပဏီတွေက မရိုက်နိုင်ကြလို့မဟုတ်ဘူး။ ရုံတင်ဖို့ကျတော့ အဆင်မပြေတာကြောင့် သူတို့လည်း မရိုက်ကြဘူး။ ဗီဒီယိုလောကသား တွေလည်း အလုပ် မရှိကြဘူးပေါ့။ အခုတော့ ဦးဟိန်းမင်းရဲ့သားကိုခေါင်းဆောင်နေရာ တင်ရိုက်ဖို့လည်း လုပ်နေပါ တယ်”လို့ ပြောပါတယ်။

အခုလက်ရှိမှာ သရုပ်ဆောင်ဟိန်းမင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ငဒူ” ဇာတ်ကားဟာလည်း ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

The post “အကယ်ဒမီကို မမျှော်မှန်းရဲတော့ပါဘူး” ဆိုတဲ့ သရုပ်ဆောင် ဟိန်းမင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...