Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားစိုးကိုယ်တိုင် နှပ်ထားတဲ့ “ရောသမနှပ် လက်ဖက်” စတင် ရောင်းချ

$
0
0

အဆိုတော် သားစိုးကတော့ ဇူလိုင်လထဲမှာ “ရောသမနှပ်” နာမည်ပေးထားတဲ့ ချဉ် ၊ ငံ ၊ စပ် လက်ဖက်ကို သူကိုယ်တိုင် နှပ်ထားတာဖြစ်ပြီး လက်ဖက်ကို ကြိုက်နှစ်သက်တဲ့ သူများအတွက် ထုတ်လုပ် ရောင်းချတာ ဖြစ်တယ်လို့ ပြောပါတယ်။

“၂၀၁၄ခုနှစ်စကတည်းက ဝါသနာပါလို့ လုပ်နေတာ။ ဘယ်သူ့ကိုမှပြောရင် ယုံမှာမဟုတ်ပါဘူး။ လက်ဖက်ကို ကျနော်ကိုယ်တိုင်နှပ်တာပါ။ လက်ဖက်ကို ကျနော်ကြိုက်လို့ပါ။ ကျနော်ဘာသာ ဖော်စပ်ချင်တယ်။ လက်ရှိစားနေတဲ့ အရသာတွေနဲ့ မတူတာကိုဖန်တီးချင်တယ်” လို့ သားစိုးက ပြောပါတယ်။

“ရောသမနှပ်” လက်ဖက်ကိုတော့ ဇူလိုင်လ အတွင်းမှာဘဲ တနိုင်ငံကို ဖြန့်ချိ ရောင်းချသွားမှာဖြစ်ပြီး အထုပ်သေး တထုပ်ကို ငွေကျပ် ၅၀ တန်နှင့် ၅၀၀ တန်ဆိုပြီး နှစ်မျိုးခွဲကာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“တနိုင်ငံလုံးအနေနဲ့ ဖြန့်ချိသွားဖို့ ရှိပါတယ်။ လောလောဆယ်အနေနဲ့ ကိုယ်စားလှယ်ယူပြီး ဖြန့်ချိချင်တယ်ဆိုရင် ကျနော့်ရဲ့ ရောသမနှပ် Page ကိုဆက်သွယ်လို့ရပါတယ်။ မန္တလေးမှာဆိုရင် ကိုယ်စားလှယ်တခုရရှိပြီးသား ဖြစ်ပါတယ်။ မြိတ် ၊ဂျပန် ၊ အမေရိကားမှာလည်း ရှိပါတယ်” လို့ သားစိုးက ပြောပါတယ်။

လက်ဖက်ကိုဝယ်ယူစားသုံးမယ့် စားသုံးသူတွေအတွက်လည်း အန္တရာယ်ကင်းစွာ စားသုံးနိုင်ရန် FDA ရဲ့ ချမှတ် ထားတဲ့ စည်းကမ်းများအတိုင်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အခုလောလောဆယ်မှာတော့ လက်ဖက်တမျိုးတည်းသာ ထုတ်ထားပြီး နောက်ပိုင်းမှာတော့ အကြော်စုံကိုပါ ထုတ်သွားရန်နှင့် “ရောသမ” နာမည်နဲ့ တခြားစားသောက်ကုန်တွေလည်း ထုတ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

အဆိုတော်သားစိုးကတော့ အနုပညာထက် စီးပွားရေးကို ပိုမိုလုပ်ကိုင်ဖြစ်နေပြီး အနုပညာ လှုပ်ရှားမှုအနေနဲ့ ဇာတ်ဝင်သီချင်းများကို ဖန်တီးဖြစ်နေပြီး ယခုနှစ်ကုန်ပိုင်းလောက်မှာတော့ ဇာတ်ဝင်တေးသီချင်းများပါတဲ့ Mini Album တခုထွက်ဖို့ရှိတယ်လို့ ပြောပါတယ်။

The post သားစိုးကိုယ်တိုင် နှပ်ထားတဲ့ “ရောသမနှပ် လက်ဖက်” စတင် ရောင်းချ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles