Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကလေးမွေးပြီး နောက်ပိုင်း ဝိတ်ကျအောင် ခက်ခဲစွာကြိုးစားနေရတယ်လို့ Jessica Alba ပြော

$
0
0

မင်းသမီး Jessica Alba ဟာ ကိုယ်အလေးချိန် လျော့ကျအောင် ပြုလုပ်တဲ့နေရာမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ်မင်းသမီးဟာ ပြီးခဲ့တဲ့ ၆ လလောက်တုန်းက တတိယမြောက် ရင်သွေးကို မွေးဖွားခဲ့ပြီးတဲ့နောက် ကျန်းမာစွာ နေထိုင်စားသောက်ပြီး ပုံမှန်လေ့ကျင့်ခန်း လုပ်ပေမယ့် ၁၅ ပေါင်လောက်ချဖို့ ကြိုးစားရုန်းကန်နေရတဲ့ အကြောင်း ဝန်ခံပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပထမ ကလေးနှစ်ဦး မွေးဖွားခဲ့ချိန်မှာတော့ အခုလိုမျိုး ကိုယ်အလေးချိန် တက်ခဲ့ဖူးခြင်းမရှိဘူးလို့လည်း ဆိုပါတယ်။

Instagram Stories မှာ မင်းသမီး Jessica က ကိုယ်ကျပ်အားကစားဝတ်စုံဝတ်ဆင်ထားတဲ့ ပုံကိုတင်ခဲ့ပြီး သူက “၁၅ ပေါင်ကျဖို့ လိုသေးတယ်။ ၆ လကြာပြီးတာတောင် ကိုယ်အလေးချိန် မကျဘူးဆိုတာက ကျမရဲ့ စိန်ခေါ်မှုအများဆုံးကိစ္စပါ” လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ကလေးတွေက နေရာအထားမှာလို့ ပစ္စည်းတွေ ပျောက်တဲ့အချိန်တိုင်းမှာလည်း အကူအညီမပေးတဲ့ သူ့ရဲ့ အကျင့်ဆိုးအကြောင်းကိုလည်း ဝန်ခံပြောကြား ထားပါတယ်။

သူက “ကျမမှာအကျင့်ဆိုးတခုရှိတယ်။ အမေရေ ကျနော့်ရဲ့ ကျောပိုးအိတ်၊ သွားပွတ်တံ အဲဒါလိုမျိုး တခုခုကိုရှာပေးဖို့ ကျမကလေးတွေကဘယ်အချိန်ပဲ မေးမေး၊ ကျမက ကိုယ့်ဘာသာရှာပေါ့။ ဒါဟာ မိဘထိန်းသိမ်းမှု ညံ့ဖျင်းတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သူတို့ကျမအရွယ်ကို ရောက်လာကြရင်လည်း ကိုယ့်ဘာသာရှာပေါ့ ဆိုပြီးပြောကြဦးမှာပဲလေ” လို့ ပြောကြားခဲ့ပါတယ်။

‘Fantastic Four’ ရုပ်ရှင်မင်းသမီး Jessica နဲ့ ရုပ်ရှင်ထုတ်လုပ်သူ ခင်ပွန်း Cash Warren တို့ ဟာ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး နှစ်ယောက်သား မအားလပ်တဲ့အချိန်ဇယားတွေကြောင့် မကြာခဏ ရန်ဖြစ်တတ်ကြပေမယ့် သောကြာနေ့ရောက်တိုင်း မိသားစုနဲ့အတူ အချိန်အတူတူကုန်ဆုံးတယ်လို့ ဆိုပါတယ်။

မင်းသမီး Jessica က “ကျမတို့ ပျော်ကြတဲ့ညဖြစ်ပါတယ်။ Clue ဂိမ်းကို အုပ်စုဖွဲ့ပြီးကစားကြတယ်။ သမီးလေး Honor က တော်တော်လေး တော်ပါတယ်။ သူဟာ ဗျူဟာကျကျ စဉ်းစားတတ်တော့ သူနိုင်တာကို ကျမ သဘောကျပါတယ်” လို့ မိသားစု အားလပ်ချိန်အကြောင်းကို ပြောကြားခဲ့ပါတယ်။

Ref:contactmusic

The post ကလေးမွေးပြီး နောက်ပိုင်း ဝိတ်ကျအောင် ခက်ခဲစွာကြိုးစားနေရတယ်လို့ Jessica Alba ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles