Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အီတလီနိုင်ငံမှာ မတော်တဆမှုကြောင့် ဒဏ်ရာ ရရှိခဲ့တဲ့ မင်းသား George Clooney

$
0
0

ဟောလိဝုဒ်မင်းသား George Clooney ဟာ မတော်တဆမှု တခုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဒေသတွင်း အီတလီ မီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အသက် ၅၇ နှစ်အရွယ်၊ မင်းသားဟာ မီနီစီးရီး ဖြစ်တဲ့ “Catch-22” ကို ရိုက်ကူးနေတဲ့ Sardinia မြို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ကနဦး သတင်းတွေမှာတော့ သူစီးလာတဲ့ စကူတာဆိုင်ကယ်ဟာ ကားတစီးနဲ့ ဝင်တိုက်မိခဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ မင်းသား Clooney ကို John Paul II ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် NBC News သတင်းဌာနရဲ့ အဆိုအရ ဆေးရုံကနေ ဆင်းသွားခဲ့ပြီလို့ သိရပါတယ်။ မင်းသားဟာ သူကိုယ်တိုင် ထုတ်လုပ် ရိုက်ကူးပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် အီတလီနိုင်ငံမှာ အလုပ်များ နေခဲ့တာဖြစ်ပါတယ်။

မင်းသားရဲ့ ကိုယ်စားလှယ်ကတော့ “George ဟာ Olbia ဆေးရုံတခုမှာ ကုသမှု ခံယူခဲ့ပြီး ပြန်ဆင်းလာခဲ့ပါပြီ။ သူဟာ အိမ်မှာ ပြန်လည် သက်သာလာနေပြီး ကောင်းသွားမှာပါ” လို့ ET မီဒီယာကို ပြောကြားခဲ့ပါတယ်။

NBC News ရဲ့ သတင်းထောက် Claudio Lavanga က “Olbia မြို့ဆီသွားတဲ့ State Road 125 မှာ မင်းသား George Clooney ဟာ နံနက် ၁၀ နာရီမှာ သူ့ရဲ့ စကူတာကို စီးနင်းနေခဲ့ပါတယ်။ လမ်းမှန်ကို မောင်းနှင်လာ ခြင်းမရှိခဲ့တဲ့ ကားက သူ့ကို တိုက်ခဲ့ပါတယ်။ သူလဲကျသွားပါတယ်။ ကားမောင်းသမားက လူနာတင်ယာဉ်ကို ခေါ်ခဲ့ပါတယ်။ MRI ရိုက်စရာ မလိုခဲ့ပါဘူး။ သူဟာ ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာ မရရှိခဲ့ပါဘူး” လို့ Twitter မှာ ဒေသစံတော်ချိန် ဇူလိုင်လ ၁၀ ရက်နံနက်ပိုင်းမှာ တင်ခဲ့ပါတယ်။

ဇနီးဖြစ်သူ Amal Clooney ၊ တနှစ်သားအရွယ် အမြွှာတွေဖြစ်ကြတဲ့ Alexander နဲ့ Ella တို့အပါအဝင် Clooney မိသားစုကတော့ ရိုက်ကူးရေးအတွက် အီတလီမှာ ခေတ္တရောက်ရှိ နေကြတာလည်း ဖြစ်ပါတယ်။

အခုလ အစောပိုင်းမှာတော့ George နဲ့ Amal တို့ဟာ Sardinia မြို့မှာရှိတဲ့ La Tavernetta စားသောက်ဆိုင်မှာ ညစာအတူ သုံးဆောင်နေခဲ့ကြတာကို မြင်တွေ့ခဲ့ကြရပါတယ်။

Ref: etcanada

The post အီတလီနိုင်ငံမှာ မတော်တဆမှုကြောင့် ဒဏ်ရာ ရရှိခဲ့တဲ့ မင်းသား George Clooney appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...