Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘဝမှာ အမှတ်တရ တခုဖြစ်အောင် ရုပ်ရှင်ရိုက်မယ့် မိတ်ကပ် လင်းလင်း

$
0
0

နိုင်ငံကျော် မိတ်ကပ် ပညာရှင် မိတ်ကပ် လင်းလင်းကတော့ သူငယ်ချင်းဖြစ်သူ မိတ်ကပ် ညီညီမောင်(စမ်းချောင်း) နဲ့အတူ Transgender (လိင်ပြောင်းလဲထားသူများ) အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် ကမ်းလှမ်းထားတာရှိတယ်လို့ ပြောပါတယ်။

“သရုပ်ဆောင်ကတော့ ဘဝမှာ အမှတ်တရအနေနဲ့လုပ်ဖြစ်တာပါ။ လင်းတို့က သရုပ်ဆောင်လိုင်းက လာတာ မဟုတ်ဘူး။ ပရော်ဖက်ရှင်နယ် မိတ်ကပ် Artist ဆိုတော့ ဒါမျိုးက အမှတ်တရအနေနဲ့ လုပ်ဖြစ်တာပါ။ ငယ်ရွယ်သေးတဲ့အချိန်မှာ လုပ်ဖြစ်တဲ့သဘောပါ” လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။

အဲဒီလို လာရောက် ကမ်းလှမ်းထားတဲ့ ရုပ်ရှင်မှာ ဇာတ်လမ်း မဖတ်ရသေးပေမယ့် Transgender များအတွက် ပညာပေး ဇာတ်လမ်းမျိုးဖြစ်တယ်လို့ ပြောပါတယ်။ မိတ်ကပ် လင်းလင်းကိုတော့ ယခင်က သရုပ်ဆောင်ရန် အတွက် ကမ်းလှမ်းမှုများရှိပေမယ့် အဆင်မပြေတဲ့အတွက် လက်ခံပြီး မရိုက်ကူးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“ရုပ်ရှင်က ရိုက်မယ်ပဲ ပြောထားတာပါ။ ဇာတ်လမ်း မဖတ်ရသေးပါဘူး။ ဇာတ်လမ်းကတော့ Transgender တွေ အတွက် ပညာပေးဇာတ်ကားမျိုးလေးဖြစ်မယ်။ အရင်တုန်းကကျတော့ တခန်းစ၊ နှစ်ခန်းစ သူငယ်ချင်းခန်းမျိုးတွေ ဘာတွေဆိုတော့ ကိုယ်က အနုပညာရှင် တယောက်လည်း မဟုတ်ဘူး။ မိတ်ကပ်ပညာရှင် တယောက်ဆိုတော့ လင်းက ရိုက်ဖို့ ကမ်းလှမ်းတဲ့အခါမှာ နည်းနည်း အဆင်မပြေဘူးပေါ့နော်” လို့ မိတ်ကပ် လင်းလင်းက ပြောပါတယ်။

Ladyboy တယောက်အဖြစ် ရပ်တည်နေတဲ့ မိတ်ကပ် လင်းလင်းကတော့ Transgender တွေအပေါ် အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“Transgender (လိင်ပြောင်းလဲထားသူ) တွေက ရယ်စရာကောင်းတဲ့သူတွေအဖြစ် မမြင်ပါဘူး။ ဘာကြောင့်လဲဆိုရင် လင်းတို့သည် သူများ သားပျို၊ သမီးပျိုကို မစော်ကားဘူး။ သူများပစ္စည်းလည်း မခိုးသလို လိမ်လည်း မစားဘူး။ သမာအာဇီဝနဲ့ အလှပြင်ပြီး စိတ်ချမ်းသာအောင် ဖန်တီးပေးတဲ့သူဖြစ်တဲ့အတွက် လင်းရဲ့အလုပ်ကို အမွန်မြတ်ဆုံးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။

မိတ်ကပ် လင်းလင်းကတော့ မြန်မာနိုင်ငံရဲ့ ထင်ရှားအောင်မြင်တဲ့ မိတ်ကပ်ဖန်တီးရှင်များထဲမှ တဦးဖြစ်ပြီး ပျော်ရွှင်စွာနေတတ်သူ တဦးအဖြစ်လည်း အများက သိထားကြပါတယ်။

The post ဘဝမှာ အမှတ်တရ တခုဖြစ်အောင် ရုပ်ရှင်ရိုက်မယ့် မိတ်ကပ် လင်းလင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...