Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လူသေသွားပေမယ့် နာမည်ရှင်သန်နေဆဲ “ဒွေး” (ခ) ကိုသားကြီး

$
0
0

ယနေ့ ဇူလိုင် ၁၁ ရက်နေ့က သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီး ကွယ်လွန်ခြင်း ၁၁ နှစ်တိတိ ပြည့်တဲ့နေ့ပါ။ လူသေသွားပေမယ့် နာမည်အခုထိ မသေသေးတဲ့ ဒွေးကို ပရိသတ်တွေ အခုတိုင် လွမ်းဆွတ် သတိရနေကြတုန်းပါ။

ဒွေးဟာ အနုပညာလောကမှာ အောင်မြင်မှု အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တဦးဖြစ်ပြီး အခုထက်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ စိုးမိုးထားနိုင်ဆဲ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။

ဒွေးရဲ့ ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇနီးဖြစ်သူ မမိုးနဲ့အတူ သားညီ၊ ဇွဲနိုင်ဝင်း၊ ဝေဠုကျော်၊ မုဏ်း၊ မေကဗျာတို့က အလှူအတန်းတွေ လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ဇနီးသည်နဲ့ အနုပညာရှင်တွေဟာ မှော်ဘီမြို့မှာရှိတဲ့ သာသနာ့ဝံဆောင် ကျောင်းတိုက်မှာ ဒွေးအတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

 

ဒီလို ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်ဇွဲနိုင်ဝင်းဟာ နှစ်တိုင်းလိုလို ဒွေးရုပ်တုရှိရာ ချောင်းဝကျောင်းကို အမြဲတမ်း သွားဖြစ်နေသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဒွေးရုပ်တုရှိရာ ချောင်းဝကျောင်းကို သွားပြီး သန့်ရှင်းရေးတွေလုပ်ခဲ့တာ တွေ့ရပါတယ်။ ဇွဲနိုင်ဝင်းက ဒွေးပုံတူရုပ်ကို အသစ် ထုလုပ်ရာ ရုပ်ပြိုကျသွားတဲ့ အတွက်စီလီကွန်ပညာရှင် ကိုအောင်ကျော်ထွန်းက ပြန်ထုလုပ်နေရတယ်လို့ ပြောပါတယ်။

ဒွေးနဲ့ ပတ်သက်လို့ ဒွေးမကွယ်လွန်မီထိ ဒွေးဘေးနားမှာ ရှိခဲ့တဲ့ ကားရိုက်တွေ တူတူရိုက်ကူးခဲ့တဲ့သရုပ်ဆောင် ဖိုးကျော်ကလည်း ဒွေးနဲ့ ပတ်သက်လို့ ဧရာဝတီကို အခုလို ပြောပါတယ်။

 

 

“ကိုသားကြီးကို ဒီနေ့ဒီချိန်ထိချစ်နေပေးကြတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ ကိုသားကြီးကတော့ ကျနော်စိတ်ထဲမှတော့ သူလိုလူ နောက်တယောက် မရှိနိုပါဘူး။သူ့နေရာကိုလည်း တခြားသူကို မပေးနိုင်ပါဘူး။ ကျနော်ဘာသာ ကျနော်တတ်နိုင်သလောက် သူ့အတွက် ဘယ်နေရာရောက်ရောက် နှစ်တိုင်းအလှူလေးတွေ လုပ်ပေးဖြစ်တယ်” သရုပ်ဆောင် ဖိုးကျော်က ဆိုပါတယ်။

ဇူလိုင်မိုးစက်တွေကြားထဲမှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ဒွေးဟာ သရုပ်ဆောင်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူတဦးပါ။

ညီအရင်းဖြစ်သူ သားညီကလည်း ဒီနေ့မှာ အစ်ကိုဖြစ်သူအတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်းနဲ့ “အစ်ကိုရေ ကျနော် ယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်တွေ အကုန်လုံးကို အစ်ကို့ကို ရည်စူးပြီး အမျှပေးပါတယ်။ သာဓုခေါ်ပါနော်” လို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

 

 

ဒါ့အပြင် ဒွေးရဲ့ တပည့်ရင်းလို့ ဆိုလို့ရမယ့် ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) ကလည်း ဒီနေ့မှာ ဒွေးအတွက် အလှူလုပ်ပေး ဖြစ်ပြီး ဒါနဲ့ပတ်သက်လို့လည်း ဧရာဝတီကို အခုလိုဆိုပါတယ်။

 

 

“ကျနော် နှစ်တိုင်း အစ်ကိုအတွက် အလှူတွေ လုပ်ပေးပါတယ်။ ဒီနှစ်ကတော့ ကျနော်နေပြည်တော်မှာ ကားရိုက်နေတဲ့ အတွက် ဆရာတော် အရှင်ဆန္ဒဓိကတည်နေတဲ့ ထာဝရငြိမ်းချမ်းရေး စေတီအတွက် အလှူငွေကို အစ်ကို့အတွက် ရည်စူးပြီး ထည့်ခဲ့တယ်။ အစ်ကိုအတွက် ကျနော်လုပ်အားခတွေထဲကစုပြီး တနှစ်တကြိမ် အလှူလုပ်ပေးဖြစ်ပါတယ်” လို့ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ဆိုပါတယ်။

ပရိသတ်တွေသာမက အနုပညာမောင်နှမများက ကိုသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒွေးရဲ့ နာမည်အရင်းက ထင်လင်းပါ။ ထင်လင်း(ခ) ဒွေးဟာ Y.I.T ကနေ အင်ဂျီနီယာဘွဲ့ရထားသူ တယောက်ဖြစ်ပါတယ်။ စက်မှုအင်ဂျင်နီယာ တယောက်ဖြစ်တဲ့ ဒွေးဟာ ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲကို စတင် ခြေချခဲ့တာပါ။ ဦးလေးဖြစ်သူ ကျော်ဟိန်းနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။

ဦးကျော်ဟိန်းကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “ဒုက္ခကို အရောင်ဆိုးတယ်” မူးယစ်ဆေးဝါး ပညာပေး ဗီဒီယိုကားနဲ့ စပြီး ပရိသတ် တွေ စသိခဲ့ရာ “ဝေလည်းမွှေး၊ ကြွေလည်းမွှေး” ရုပ်ရှင်ကားမှ စပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ဒွေးဟာ ၁၉၉၇ခုနှစ်မှာ “အမေ့ခြေရာ”ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် ဒွေး (ခ) ကိုသားကြီးဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ယခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ၁၁ နှစ် ပြည့်ခဲ့တာ ဖြစ်ပါတယ်။

The post လူသေသွားပေမယ့် နာမည်ရှင်သန်နေဆဲ “ဒွေး” (ခ) ကိုသားကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...