Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

စေ့စပ်လိုက်ပေမယ့် ချစ်သူဟောင်းပုံ တက်တူးကို မဖျက်သေးတဲ့ Justin Bieber

$
0
0

အဆိုတော် Justin Bieber ဟာ မော်ဒယ် Hailey Baldwin နဲ့စေ့စပ်လိုက်ပေမယ့် Selena Gomez ပုံ တက်တူးကိုတော့ မဖျက်ရသေးဘူးလို့ဆိုပါတယ်။

အသက် ၂၁ နှစ်အရွယ် မော်ဒယ် Hailey ကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ဘဟားမားကျွန်း ကနေ ပြန်လာခဲ့ပြီးတဲ့နောက် နယူးယောက်မြို့မှာ တွေ့ခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် Bieber ဟာ သူ့ရဲ့ လက်ကောက်ဝတ်မှာ ထိုးထားတဲ့ ချစ်သူ ဟောင်းရဲ့ တက်တူးကိုတော့ အခုထိ မဖျက်သေးဘဲ ထားနေတုန်းပါ။

Twitter သုံးစွဲသူတဦးက “Justin Bieber ဟာ သူ့ရဲ့ လက်ထပ် လက်စွပ်အပေါ်မှာ ကျန်ရှိနေမယ့် Selena Gomez ရဲ့ တက်တူးကို တကယ်ချန်ထားတုန်းပါ” လို့ပြောဆိုသလို တခြားပုဂ္ဂိုလ်တဦးကတော့ “Hailey Baldwin က Justin Bieber ရဲ့ ဘဝဆိုရင် ဘာလို့ Selena ရဲ့ တက်တူးက သူ့လက်မောင်းမှာရှိနေတာလဲ။ စိတ်ဝင်စားစရာပဲ” လို့ မှတ်ချက်အသီးသီး ပေးထားကြပါတယ်။

Bieber ဟာ အဲဒီတက်တူးကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထိုးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Bieber နဲ့ Selena ကို လမ်းခွဲခဲ့ပြီးတဲ့နောက် အဲဒီ တက်တူးကို ဖုံးပစ်ဖို့ ကြိုးစားပေမယ့် ပရိသတ်တွေက သတိထားမိနေဆဲဖြစ်ပါတယ်။

အဲဒီတုန်းက Bieber က “ဒါဟာ ကျနော့် ရည်းစားဟောင်းဖြစ်ပါတယ်။ ဒါကြောင့် အရိပ်ထိုးတဲ့ပုံစံနဲ့ သူ့မျက်နှာကို ဖျက်ပစ်ဖို့ ကျနော် ကြိုးစားခဲ့ပေမယ့် လူတွေက သိနေဆဲပါ” လို့ GQ မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

ခန္ဓာကိုယ်မှာ အခြားတက်တူးတွေပါ ထိုးထားတဲ့ “Where Are U Now” သီချင်းအဆိုတော် Bieber က အခုလိုမျိုး တက်တူးတွေထိုးတာကို နောင်တမရဘူးလို့ ဆိုထားပါတယ်။ သူက “တကယ်လို့ တက်တူးတွေဟာ လူတွေကို မထိခိုက်ဘူးဆိုရင်။ တခုထက်မက ထိုးမှာပါ” လို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက Instagram မှာ ရေးသားခဲ့ပါတယ်။

သူဟာ မော်ဒယ် Hailey နဲ့ စေ့စပ်လိုက်တဲ့အကြောင်းကို ဇူလိုင်လ ၉ ရက်နေ့မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အခုလိုမျိုး လက်ထပ်ခွင့်မတောင်းခင် Hailey ရဲ့ဖခင် Stephen Baldwin ထံကနေ ခွင့်ပြုချက် တောင်းခံခဲ့တယ်လို့လည်း ဆိုပါတယ်။

Ref: aceshowbiz

The post စေ့စပ်လိုက်ပေမယ့် ချစ်သူဟောင်းပုံ တက်တူးကို မဖျက်သေးတဲ့ Justin Bieber appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...