အဆိုတော် Rဇာနည်က ဇူလိုင် ၁၃ ရက်နေ့မှာ ပြုလုပ်မယ့်” NUAC ORCHESTRA MUSIC SHOWCASE “ဆိုတဲ့ Show ပွဲမှာ ပါဝင်သီဆိုမှာဖြစ်ပါတယ်။ ဒီပွဲမှာ အော်ဂတ်စတာအဖွဲ့နဲ့ တခါမှ မဆိုခဲ့ဖူးလို့ ရင်ခုန်နေတယ်လို့လည်း R ဇာနည်က ဧရာဝတီကို ပြောပါတယ်။
“အော်ဂတ်စတာနဲ့ ဆိုရမယ့် ခံစားချက်ကတော့ စိတ်လှုပ်ရှားပါတယ်။ ရင်ခုန်ပါတယ်။ ကိုယ့်သီချင်းကို အဲ့ဒီလို ဆိုရမယ်ဆိုတော့၊ ပြန်ကြားရမှာဆိုတော့ နည်းနည်းစိတ်လှုပ်ရှားတာပေါ့နော်။ ကြိုးစားပြီးဆိုကြည့်မယ်”လို့ အဆိုတော် Rဇာနည်က ပြောပါတယ်။ Rဇာနည်က ဒီပွဲကို သီဆိုဖြစ်တာက စီစဉ်သူ ကိုကျော်ဇေယျာဦးရဲ့ ကမ်းလှမ်းမှုကြောင့် ဆိုခဲ့တာဖြစ်ပြီး အော်ဂတ်စတာ သီချင်းတွေ တခါမှ မဆိုခဲ့ဖူးတာကြောင့်လည်း ဒီပွဲကို လက်ခံပြီး သီဆိုဖြစ်တာလို့ ဆိုပါတယ်။။
“ကျနော်က သီချင်းတွေကို ကိုဓိရာမိုရ်နဲ့ တိုင်ပင်ပြီးရွေးတာပါ။ သေချာတဲ့ တပုဒ်လောက်တော့ ပြောပြမယ်။ အဲဒါက ကျနော့်ရဲ့ “ကမ္ဘာသား” သီချင်းပေါ့။ အဲဒီ ကမ္ဘာသားသီချင်းကို အော်ဂတ်စတာနဲ့ ဘယ်လိုဖြစ်မလဲတော့ မသိဘူး။ ဆိုဖြစ်မယ်”လို့ R ဇာနည်က ဆိုပါတယ်။
R ဇာနည်က ဒီပွဲမှာ “ကမ္ဘာသား” သီချင်းအပါအဝင် သူ့သီချင်း ၃ ပုဒ်နဲ့ တင်ဆက်မှာ ဖြစ်ပါတယ်။” NUAC ORCHESTRA MUSIC SHOWCASE “ရဲ့ Music Director အဖြစ် အကယ်ဒမီ ဓိရာမိုရ်က စီစဉ် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဓိရာမိုရ်က ယခုလို အော်ဂတ်စတာနဲ့ သီချင်းအမျိုးအစားအစုံကို တွဲဖက်တင်ဆက်မှုများ နှစ်စဉ်လိုလို ပြုလုပ်လာနေတာဖြစ်ပြီး အဆိုတော် ကျားပေါက်၊ ဖြူဖြူကျော်သိန်းစတဲ့ အနုပညာရှင်များနဲ့လည်း ယခင်နှစ်များက တွဲဖက် တင်ဆက်ခဲ့ဖူးပါတယ်။
ဒီနှစ်မှာ အကယ်ဒမီ ဓိရာမိုရ်ရဲ့စီစဉ်တင်ဆက်မှုနဲ့ အော်ဂတ်စတာအဖွဲ့နဲ့ ပါဝင်သီဆိုမယ့်သူတွေကတော့ အဆိုတော် R ဇာနည်၊ အောင်ထက်၊ DJ Wine၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ နီနီခင်ဇော်တို့ ဖြစ်ပါတယ်။
“NUAC ORCHESTRA MUSIC SHOWCASE “ကိုတော့ လာမယ့် ဇူလိုင် ၁၃ ရက်နေ့၊ ည၇ နာရီ အချိန်မှာ ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပါတယ်။
The post “သီချင်းသီဆိုမှု အတွေ့အကြုံသစ်အတွက် စိတ်လှုပ်ရှားနေတဲ့” R ဇာနည် appeared first on ဧရာဝတီ.