အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီး သရုပ်ဆောင် ရွှေသမီးက လက်ရှိမှာ ခန္ဓာကိုယ် ဝနေပေမယ့် ဒီခန္ဓာကိုယ်ကို ကြိုက်တယ်လို့ ဆိုပါတယ်။
“များများ ပြည့်လာတယ်။ အစားအသောက်ကြောင့်လည်း မဟုတ်ဘူး။ အားကစားတွေကြောင့်လည်း မဟုတ်ဘူး။ အလုပ်ကြောင့် ဖြစ်မယ်ထင်တယ်။ အလုပ်ကြောင့် အရမ်းပိန်သွားတော့ တချို့က ကြည့်လို့ မကောင်းတော့ဘူး၊ ပိန်နေတယ် ပြောတာနဲ့ စားတယ်။ ကိုယ်ကလည်း အစားအသောက်သမား ဆိုတော့ စားတော့ အခု ပြန်ပြည့်လာတယ်။ ဒီအနေအထား လေးကိုကြိုက်တယ်။ ဝနေတာကိုကြိုက်တယ်။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေသမျှကို ကြိုက်တယ်” လို့ ရွှေသမီးက ပြောပါတယ်။
ဆက်လက်ပြီး “မိန်းကလေးဆိုတော့ ဝလာတဲ့ နဲ့ ဗိုက်မှာ အဆီတွေ စုနေတယ်။ အဲ့တော့ ဗိုက်ကလေးကို နည်းနည်း လေ့ကျင့်ခန်းလေး လုပ်နေပါတယ်”လို့ ရွှေသမီးက ပြောပါတယ်။
ရွှေသမီးအနေနဲ့ လက်ရှိမှာ ဇာတ်ကားတွေရိုက်ကူးဖြစ်နေပြီး ဟာသကားရော ဒရာမာ ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတယ်လို့ ဆိုပါတယ်။ ဟာသနဲ့ ဒရာမာ ရိုက်ကူးရာမှာ တဖက်တည်း အားသန်တာ မရှိဘဲ အကုန် ခက်ခဲတယ်လို့လည်း ရွှေသမီးက ပြောပါတယ်။
“ဟိုဖက် ဒီဖက် အားသန်တာ မရှိဘူး။ ဟာသဆိုလည်း ဟာသအလျောက် သူ့ပညာ ရှိတယ်။ နှစ်ခုလုံးကတော့ သူ့ပညာနဲ့ သူ ခက်ပါတယ်။ ဟာသလုပ်တဲ့နေရာမှာလည်း ပညာတွေရှိတယ်။ အပေးအယူတွေလည်း ရှိတယ်။ ပေါ့ပေါ့ပါးပါးလေးပဲ ထင်ပေမယ့် ဟာသရိုက်ရတာလည်း ခက်တယ်။ ဒရာမာပဲဖြစ်ဖြစ် ဟာသပဲဖြစ်ဖြစ် ကိုယ့်အတွက် စိန်ခေါ်မှုပဲပေါ့”
“ရုပ်ရှင်ခေတ်လို ဖြစ်နေတော့ အခုရုပ်ရှင်တွေပဲ အရိုက်များနေပါတယ်။ တလကို ၂ ကားနှုန်းလောက် ရိုက်နေပါတယ်။ ဇာတ်လေးရော ကာရိုက်တာလေးရော ရွေးပြီတော့ ရိုက်နေပါတယ်။ ကိုယ့်အခန်းကဏ္ဍ နည်းပေမယ့် ကိုယ့်အတွက် လုပ်ကွက်ရမယ့် ကာရိုက်လေးတွေလည်း ရှိရင်ရိုက်ဖြစ်နေပါတယ်။ ပုံမှန်လေးတော့ ရုံတင်ဖြစ်နေမှာပါ”လို့ ရွှေသမီးက ပြောပါတယ်။
လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ရွှေသမီး ပါဝင်သရုပ်ဆောင်ထားတဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်ကားကြီးကို ဇွန်လ ၁၃ ရက်နေ့ကစပြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
The post “ခန္ဓာကိုယ် ဝနေပေမယ့် ကြိုက်တယ်” လို့ဆိုတဲ့ ရွှေသမီး appeared first on ဧရာဝတီ.